တူရကီနဲ့ တင်းမာမှုတွေမြင့်တက်နေချိန် ဂရိနိုင်ငံ စစ်ရေးတိုးမြှင့်

တူရကီနဲ့ တင်းမာမှုတွေမြင့်တက်နေချိန် ဂရိနိုင်ငံ စစ်ရေးတိုးမြှင့်

အေသင်၊ စက်တင်ဘာ-၁၃-၂၀၂၀
မျိုးဆက် (VOM)

ဂရိနိုင်ငံဟာ အိမ်နီးချင်းတူရကီနဲ့ တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ စစ်ရေးတိုးမြှင့်မှု အရိပ်လက္ခဏာတစ်ရပ်အဖြစ် လက်နက်တွေဝယ်ယူမှုကို ကြေညာလိုက်ပါတယ်။

ဝယ်ယူလိုက်တဲ့ လက်နက်သစ်တွေထဲမှာ ပြင်သစ်တိုက်ခိုက်ရေးဂျက်လေယာဉ် ၁၈ စင်း၊ စစ်သင်္ဘော ၄ စင်း၊ ရေတပ်သုံးရဟတ်ယာဉ် ၄ စင်းတို့ပါဝင်တယ်လို့ ဝန်ကြီးချုပ် ကီရီရာကို့စ်မစ်ဆိုတာကစ် ကပြောပါတယ်။

ဂရိနိုင်ငံအနေနဲ့ လာမယ့် ငါးနှစ်ကျော်ကာလအတွင်းမှာ စစ်သား၁၅၀၀၀နဲ့ လက်နက်ကိုင်တပ်ဖွဲ့အင်အားကို တိုးမြှင့်ဖို့လည်း စီစဉ်ထားတယ်လို့ဆိုပါတယ်။ မြေထဲပင်လယ်အရှေ့ပိုင်းမှာ အရန်ထားရှိတဲ့ ဓာတ်ငွေ့သိုက်တွေနဲ့ ပတ်သက်ပြီး ဂရိနှင့်တူရကီအကြား တင်းမာမှုများ မြင့်တက်နေပါတယ်။

တူရကီဟာ ဂရိနဲ့အငြင်းပွားနေတဲ့ အဲ့ဒီဒေသကို မကြာသေးမီက ငလျင်ဆိုင်ရာ သုတေသနပြုလုပ်မယ့်ရေယာဉ်တွေကို စေလွှတ်ခဲ့တာကြောင့် တင်းမာမှုတွေ နောက်ထပ်ဆိုးရွားနေပါတယ်။

နေတိုးမဟာမိတ်နှစ်နိုင်ငံအကြား ရေကြောင်းအခွင့်အရေးတွေနဲ့ပတ်သက်ပြီး အပြန်အလှန်စွပ်စွဲမှုတွေရှိနေပြီး တင်းမာမှုတွေထပ်မံအရှိန်မြင့်လာမှာကို စိုးရိမ်နေကြပါတယ်။

ဂရိနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်နေတဲ့ ဥရောပသမဂ္ဂက ဒီကိစ္စအပေါ် ဆွေးနွေးမှုများပြုလုပ်ဖို့ အရင်ကတည်းက တိုက်တွန်းနေခဲ့တာဖြစ်ပါတယ်။

Ref : BBC
Photo:AP
#voiceofmyanmar #VOM #အေသင်

Zawgyi

တူရကီနဲ႔ တင္းမာမႈေတြျမင့္တက္ေနခ်ိန္ ဂရိနိုင္ငံ စစ္ေရးတိုးျမွင္႔

ေအသင္၊ စက္တင္ဘာ-၁၃-၂၀၂၀
မ်ိဳးဆက္ (VOM)

ဂရိႏုိင္ငံဟာ အိမ္နီးခ်င္းတူရကီနဲ႔ တင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာပဲ စစ္ေရးတိုးျမွင္႔မႈ အရိပ္လကၡဏာတစ္ရပ္အျဖစ္ လက္နက္ေတြဝယ္ယူမႈကုိ ေၾကညာလုိက္ပါတယ္။

ဝယ္ယူလုိက္တဲ့ လက္နက္သစ္ေတြထဲမွာ ျပင္သစ္တုိက္ခုိက္ေရးဂ်က္ေလယာဥ္ ၁၈ စင္း၊ စစ္သေဘၤာ ၄ စင္း၊ ေရတပ္သံုးရဟတ္ယာဥ္ ၄ စင္းတုိ႔ပါဝင္တယ္လို႔ ဝန္ၾကီးခ်ဳပ္ ကီရီရာကုိ႔စ္မစ္ဆုိတာကစ္ ကေျပာပါတယ္။

ဂရိႏိုင္ငံအေနနဲ႔ လာမယ္႔ ငါးႏွစ္ေက်ာ္ကာလအတြင္းမွာ စစ္သား၁၅၀၀၀နဲ႔ လက္နက္ကုိင္တပ္ဖဲြ႔အင္အားကုိ တုိးျမွင့္ဖို႔လည္း စီစဥ္ထားတယ္လို႔ဆိုပါတယ္။ ေျမထဲပင္လယ္အေရွ႕ပိုင္းမွာ အရန္ထားရွိတဲ႔ ဓာတ္ေငြ႔သိုက္ေတြနဲ႔ ပတ္သက္ျပီး ဂရိႏွင့္တူရကီအၾကား တင္းမာမႈမ်ား ျမင့္တက္ေနပါတယ္။

တူရကီဟာ ဂရိနဲ႔အျငင္းပြားေနတဲ႔ အဲ့ဒီေဒသကို မၾကာေသးမီက ငလ်င္ဆိုင္ရာ သုေတသနျပဳလုပ္မယ္႔ေရယာဥ္ေတြကုိ ေစလႊတ္ခဲ႔တာေၾကာင္႔ တင္းမာမႈေတြ ေနာက္ထပ္ဆိုးရြားေနပါတယ္။

ေနတုိးမဟာမိတ္ႏွစ္ႏုိင္ငံအၾကား ေရေၾကာင္းအခြင့္အေရးေတြနဲ႔ပတ္သက္ျပီး အျပန္အလွန္စြပ္စြဲမႈေတြရွိေနျပီး တင္းမာမႈေတြထပ္မံအရွိန္ျမင့္လာမွာကို စိုးရိမ္ေနၾကပါတယ္။

ဂရိႏုိင္ငံက အဖဲြ႔ဝင္အျဖစ္ပါဝင္ေနတဲ႔ ဥေရာပသမဂၢက ဒီကိစၥအေပၚ ေဆြးေႏြးမႈမ်ားျပဳလုပ္ဖို႔ အရင္ကတည္းက တုိက္တြန္းေနခဲ႔တာျဖစ္ပါတယ္။

Ref : BBC
Photo:AP
#voiceofmyanmar #VOM #ေအသင္

Related posts

Leave a Comment

VOM News

FREE
VIEW