ရန်ကုန်မြို့ရှိ မြို့နယ်အများစုကဈေးတွေကို နေ့လယ် ၁၂ နာရီထိသာ ရောင်းချခွင့်ပြထား

ရန်ကုန်မြို့ရှိ မြို့နယ်အများစုကဈေးတွေကို နေ့လယ် ၁၂ နာရီထိသာ ရောင်းချခွင့်ပြထား

ရန်ကုန်၊ စက်တင်ဘာ ၁၃-၂၀၂၀
ယဉ်ပပထွန်း ( VOM)

ရန်ကုန်တိုင်းအတွင်း Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ပျံကျဈေးတွေကို ဒီကနေ့စက်တင်ဘာ ၁၃ရက်က စတင်ပြီး နေ့လယ် ၁၂ နာရီထိသာ ရောင်းချခွင့်ပေးထားတယ်လို့ စမ်းချောင်းမြို့နယ် အမှတ်( ၂) တိုင်းကိုယ်စားလှယ် ဦးသော်တာအောင်က VOM ကိုပြောပါတယ်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံြ့ပန်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့တာဝန်ရှိသူတွေ အစည်းအဝေးဆုံဖြတ်နဲ့ စီစဉ်တာဖြစ်တယ်လို့သိရပါတယ်။

” စမ်းချောင်းမြို့နယ်မှာက ပျံကျဈေး ၄ ဈေးလောက်ရှိတယ်။ ပျံကျဈေးက လူသွားလူလာများတော့ လူနည်းအောင်လုပ်ဆောင်တာပါ ။ အားလုံးအစည်းအဝေးထိုင်ပြီးတော့ ၁၂ နာရီထိရောင်း ၁၂ နာရီကျော်ရင်လမ်းဘေးမှာ မရောင်းနဲ့ဆိုပြီလုပ်ထားတာပါ ။အချိန်အနည်းငယ်ကန့်သတ်လိုက်တော့ ထိတွေ့မူလျော့သွားတာပေါ့ဗျာ ။ ဒါကတော့ Stay Home ပျက်ပယ်တဲ့အထိ လုပ်ဆောင်သွားမှာပါ ” လို့ ဦးသော်တာအောင်ကပြောပါတယ်။

ဒါ့အပြင် သင်္ဃန်းကျွန်းမြို နယ်မှာရှိတဲ့ သင်္ဃန်းကျွန်းဈေးနဲ့စံပြဈေးကိုလည်း နေ့လယ် ၁၂ နာရီထိသာ ရောင်းချခွင့် ပြုထားတာဖြစ်ပါတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် အမှတ်( ၂) တိုင်းကိုယ်စားလှယ် ဦးမောင်မောင်ဦးကပြောပါတယ်။

အခုလက်ရှိ ပန်းဘဲတန်းမြို့နယ်မှာ ပိုးတွေ့လူနာတွေ များလာတဲ့အတွက် မြို့နယ်အတွင်း ဒေသန္တရအမိန့်ထုတ်ပြန်ထားတယ်လို့ ပန်းဘဲတန်းမြို့နယ် အမှတ်( ၁) တိုင်းကိုယ်စားလှယ် ဦးသန်းနိုင်ဦးကလည်း ပြောပါတယ်။

” မြို နယ်ထဲကို အပြင်ကားတွေဝင်တာထွက်တာတွေကို စီစစ်တယ် ။ လော့ခ်ဒေါင်းချထားတဲ့နေရာတွေကို အပြင်မထွက်ခွာဖို့ကိုလည်း စီစဉ်ဆောင်ရွက်မူတွေ လုပ်ဆောင်ထားပါတယ်” လို့ ဦးသန်းနိုင်ဦးက ပြောပါတယ်။

Stay at Home ထဲမှာပါဝင်တဲ့ သာကေတမြို့နယ်က နံပါတ်-၁၀ ဈေးကို နေ့လယ် ၁၁ နာရီထိသာရောင်းချခွင့်ပေးပြီးတော့ နံပါတ်-၁ ဈေးကိုတော့ မနက် ၉ နရီအထိသာ ရောင်းချခွင့်ပြုထားတယ်လို့ သာကေတမြို့နယ် အမှတ်( ၂ ) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္ျမိဳ႔ရွိ ျမိဳ ့နယ္အမ်ားစုကေစ်းေတြကို ေန႔လယ္ ၁၂ နာရီထိသာ ေရာင္းခ်ခြင့္ျပထား

ရန္ကုန္၊ စက္တင္ဘာ ၁၃-၂၀၂၀
ယဥ္ပပထြန္း ( VOM)

ရန္ကုန္တိုင္းအတြင္း Stay at Home သတ္မွတ္ထားတဲ့ ျမိဳ ့နယ္ေတြက ပ်ံက်ေစ်းေတြကို ဒီကေန ့စက္တင္ဘာ ၁၃ရက္က စတင္ျပိီး ေန႔လယ္ ၁၂ နာရီထိသာ ေရာင္းခ်ခြင့္ေပးထားတယ္လို ့ စမ္းေခ်ာင္းျမိဳ ့နယ္ အမွတ္( ၂) တိုင္းကိုယ္စားလွယ္ ဦးေသာ္တာေအာင္က VOM ကိုေျပာပါတယ္။

ကိုဗစ္-၁၉ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတံုျ႔ပန္ေရးေကာ္မတီ၊ ျမိဳ႔နယ္စည္ပင္သာယာေရး ၊ ျမိဳ႔နယ္အုပ္ခ်ဳပ္ေရးမွဴးနဲ ့တာဝန္႐ွိသူေတြ အစည္းအေဝးဆံုျဖတ္နဲ့ စီစဥ္တာျဖစ္တယ္လို ့သိရပါတယ္။

” စမ္းေခ်ာင္းျမိဳ ့နယ္မွာက ပ်ံက်ေစ်း ၄ ေစ်းေလာက္႐ွိတယ္။ ပ်ံက်ေစ်းက လူသြားလူလာမ်ားေတာ့ လူနည္းေအာင္လုပ္ေဆာင္တာပါ ။ အားလံုးအစည္းအေဝးထိုင္ျပီးေတာ့ ၁၂ နာရီထိေရာင္း ၁၂ နာရီေက်ာ္ရင္လမ္းေဘးမွာ မေရာင္းနဲ႔ဆိုျပီလုပ္ထားတာပါ ။အခ်ိန္အနည္းငယ္ကန္ ့သတ္လိုက္ေတာ့ ထိေတြ ့မူေလ်ာ့သြားတာေပါ့ဗ်ာ ။ ဒါကေတာ့ Stay Home ပ်က္ပယ္တဲ့အထိ လုပ္ေဆာင္သြားမွာပါ ” လို့ ဦးေသာ္တာေအာင္ကေျပာပါတယ္။

ဒါ့အျပင္ သဃၤန္းကြ်န္းျမိဳ နယ္မွာ႐ွိတဲ့ သဃၤန္းကြ်န္းေစ်းနဲ ့စံျပေစ်းကိုလည္း ေန႔လယ္ ၁၂ နာရီထိသာ ေရာင္းခ်ခြင့္ ျပဳထားတာျဖစ္ပါတယ္လို႔ သဃၤန္းကြ်န္းျမိဳ ့နယ္ အမွတ္( ၂) တိုင္းကုိယ္စားလွယ္ ဦးေမာင္ေမာင္ဦးကေျပာပါတယ္။

အခုလက္႐ွိ ပန္းဘဲတန္းျမိဳ့နယ္မွာ ပိုးေတြ႔လူနာေတြ မ်ားလာတဲ့အတြက္ ျမိဳ့နယ္အတြင္း ေဒသနၱရအမိန္ ့ထုတ္ျပန္ထားတယ္လို႔ ပန္းဘဲတန္းျမိဳ ့နယ္ အမွတ္( ၁) တိုင္းကုိယ္စားလွယ္ ဦးသန္းနိုင္ဦးကလည္း ေျပာပါတယ္။

” ျမိဳ နယ္ထဲကို အျပင္ကားေတြဝင္တာထြက္တာေတြကို စီစစ္တယ္ ။ ေလာ့ခ္ေဒါင္းခ်ထားတဲ့ေနရာေတြကို အျပင္မထြက္ခြာဖို့ကိုလည္း စီစဥ္ေဆာင္ရြက္မူေတြ လုပ္ေဆာင္ထားပါတယ္” လို႔ ဦးသန္းနိုင္ဦးက ေျပာပါတယ္။

Stay at Home ထဲမွာပါဝင္တဲ့ သာေကတျမိဳ ့နယ္က နံပါတ္-၁၀ ေစ်းကုိ ေန႔လယ္ ၁၁ နာရီထိသာေရာင္းခ်ခြင့္ေပးျပီးေတာ့ နံပါတ္-၁ ေစ်းကိုေတာ့ မနက္ ၉ နရီအထိသာ ေရာင္းခ်ခြင့္ျပဳထားတယ္လို႔ သာေကတျမိဳ ့နယ္ အမွတ္( ၂ ) တိုင္းလႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚသက္ထားႏြယ္ဝင္းရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW