သပိတ်ကျင်းမြို့နယ်ထဲမှာ ဗုံးသီးဟောင်းပေါက်ကွဲခဲ့လို့ သားအဖနှစ်ယောက်သေဆုံးမှုဖြစ်ပွား

သပိတ်ကျင်းမြို့နယ်ထဲမှာ ဗုံးသီးဟောင်းပေါက်ကွဲခဲ့လို့ သားအဖနှစ်ယောက်သေဆုံးမှုဖြစ်ပွား

သပိတ်ကျင်း ၊ စက်တင်ဘာ ၁၃-၂၀၂၀
ကိုတိုးကြီး ၊ (VOM)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာအုပ်စု ၊ ၇ မိုင် အခြေခံ စစ်ပညာလေ့ကျင့်ရေးတပ်အနီး ရွှေတွင်းကြီး တောင်ယာခင်းအတွင်းမှာ ဗုံးသီးဟောင်း ပေါက်ကွဲမှုတစ်ခုကြောင့် သားအဖနှစ်ယောက် အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ ခြောက်မိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

” မနေ့က (စက်တင်ဘာ ၁၂) နေ့လည် ၁ နာရီခွဲလောက်ကဖြစ်ခဲ့တာပါ၊ မျှစ်ချိုးပြန်လာတဲ့ သားအဖနှစ်ယောက်က ဗုံးသီးဟောင်းတလုံး ကောက်တွေ့လို့ တောတဲကို ယူလာခဲ့ရာကနေ တဲထဲမှာ ပေါက်ကွဲပြီး သားအဖနှစ်ယောက်စလုံး တဲထဲမှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ် “လို့ ခြောက်မိုင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲ့ဒီပေါက်ကွဲတဲ့ ဖြစ်စဉ်ကြောင့် သပိတ်ကျင်းမြို့၊ ကဘဲ့ရပ်ကွက်နေ ဦးကျော်နိုင် အသက် (၅၂) နှစ် ၊ လည်ပင်း ပေါက်ထွက်ဒဏ်ရာ ၊ ခြေလက်အစုံ ပေါက်ပြဲဒဏ်ရာတွေရရှိပြီး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် သေဆုံးသူ ဦးကျော်နိုင်ရဲ့သားဖြစ်သူ မောင်ဇင်ကိုကို အသက်(၁၂) နှစ်ဟာလည်း ဝမ်းဗိုက် ပေါက်ထွက်ဒဏ်ရာ ၊ ခြေလက်ကြိုးပဲ့ ပြတ်တောက်ဒဏ်ရာတွေရရှိခဲ့ပြီး ဖခင်ဖြစ်သူနဲ့အတူ သေဆုံးသွားခဲ့ပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ သေဆုံးသူ ဦးကျော်နိုင်ရဲ့ဇနီးဟာ တောင်ယာပြောင်းခင်းထဲမှာ ပေါင်းရှင်းနေတဲ့အတွက် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကနေ လွတ်မြောက်ခဲ့ပါတယ်။

အလားတူ ပေါက်ကွဲသေဆုံးမှုတွေ မဖြစ်ဖို့အတွက် စစ်သုံးပစ္စည်းတွေကို နောက်နောင်တွေ့ရှိခဲ့တယ်ဆိုရင် နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့ ၊ ရဲစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးက တာဝန်ရှိသူတွေကို လာရောက်အကြောင်းကြားဖို့နဲ့ ပညာပေး လုပ်ဆောင်သွားမယ်လို့ သပိတ်ကျင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

#voiceofmyanmar #VOM #သပိတ်ကျင်း #ဗုံးကွဲ #လူသေဆုံး

Zawgyi

သပိတ္က်င္းၿမိဳ႕နယ္ထဲမွာ ဗုံးသီးေဟာင္းေပါက္ကြဲခဲ့လို႔ သားအဖႏွစ္ေယာက္ေသဆုံးမႈျဖစ္ပြား

သပိတ္က်င္း ၊ စက္တင္ဘာ ၁၃-၂၀၂၀
ကိုတိုးႀကီး ၊ (VOM)

မႏၲေလးတိုင္း၊ ျပင္ဦးလြင္ခ႐ိုင္၊ သပိတ္က်င္းၿမိဳ႕နယ္ ၇ မိုင္ေက်း႐ြာအုပ္စု ၊ ၇ မိုင္ အေျခခံ စစ္ပညာေလ့က်င့္ေရးတပ္အနီး ေ႐ႊတြင္းႀကီး ေတာင္ယာခင္းအတြင္းမွာ ဗုံးသီးေဟာင္း ေပါက္ကြဲမႈတစ္ခုေၾကာင့္ သားအဖႏွစ္ေယာက္ အခင္းျဖစ္ေနရာမွာ ေသဆုံးသြားတယ္လို႔ ေျခာက္မိုင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမွဴးရံုးကေန သိရပါတယ္။

” မေန႔က (စက္တင္ဘာ ၁၂) ေန႔လည္ ၁ နာရီခြဲေလာက္ကျဖစ္ခဲ့တာပါ၊ မွ်စ္ခ်ိဳးျပန္လာတဲ့ သားအဖႏွစ္ေယာက္က ဗုံးသီးေဟာင္းတလုံး ေကာက္ေတြ႕လို႔ ေတာတဲကို ယူလာခဲ့ရာကေန တဲထဲမွာ ေပါက္ကြဲၿပီး သားအဖႏွစ္ေယာက္စလုံး တဲထဲမွာပဲ ေသဆုံးခဲ့တာျဖစ္ပါတယ္ “လို႔ ေျခာက္မိုင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

အဲ့ဒီေပါက္ကြဲတဲ့ ျဖစ္စဥ္ေၾကာင့္ သပိတ္က်င္းၿမိဳ႕၊ ကဘဲ့ရပ္ကြက္ေန ဦးေက်ာ္ႏိုင္ အသက္ (၅၂) ႏွစ္ ၊ လည္ပင္း ေပါက္ထြက္ဒဏ္ရာ ၊ ေျခလက္အစုံ ေပါက္ၿပဲဒဏ္ရာေတြရရွိၿပီး ေသဆုံးခဲ့ပါတယ္။

ဒါ့အျပင္ ေသဆုံးသူ ဦးေက်ာ္ႏိုင္ရဲ႕သားျဖစ္သူ ေမာင္ဇင္ကိုကို အသက္(၁၂) ႏွစ္ဟာလည္း ဝမ္းဗိုက္ ေပါက္ထြက္ဒဏ္ရာ ၊ ေျခလက္ႀကိဳးပဲ့ ျပတ္ေတာက္ဒဏ္ရာေတြရရွိခဲ့ၿပီး ဖခင္ျဖစ္သူနဲ႔အတူ ေသဆုံးသြားခဲ့ပါတယ္။

အဲ့ဒီ ေပါက္ကြဲမႈျဖစ္တဲ့အခ်ိန္မွာ ေသဆုံးသူ ဦးေက်ာ္ႏိုင္ရဲ႕ဇနီးဟာ ေတာင္ယာေျပာင္းခင္းထဲမွာ ေပါင္းရွင္းေနတဲ့အတြက္ ဗံုးေပါက္ကြဲမႈျဖစ္စဥ္ကေန လြတ္ေျမာက္ခဲ့ပါတယ္။

အလားတူ ေပါက္ကြဲေသဆုံးမႈေတြ မျဖစ္ဖို႔အတြက္ စစ္သုံးပစၥည္းေတြကို ေနာက္ေနာင္ေတြ႕ရွိခဲ့တယ္ဆိုရင္ နီးစပ္ရာ တပ္ရင္းတပ္ဖြဲ႕ ၊ ရဲစခန္းနဲ႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးက တာဝန္ရွိသူေတြကို လာေရာက္အေၾကာင္းၾကားဖို႔နဲ႔ ပညာေပး လုပ္ေဆာင္သြားမယ္လို႔ သပိတ္က်င္း ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကေန သိရပါတယ္။

#voiceofmyanmar #VOM #သပိတ္က်င္း #ဗံုးကြဲ #လူေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW