ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟီဒီဆူဂါ ဝန်ကြီးချုပ်ရာထူး ရယူနိုင်တော့မယ်

ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟီဒီဆူဂါ ဝန်ကြီးချုပ်ရာထူး ရယူနိုင်တော့မယ်

တိုကျို၊ စက်တင်ဘာ-၁၄-၂၀၂၀
မျိုးဆက်(VOM)

ဂျပန်အာဏာရပါတီဟာ ရှင်ဇိုအာဘေးရဲ့နေရာကို ဆက်ခံမယ့် ခေါင်းဆောင်သစ်အဖြစ် ယိုရှီဟီဒီဆူဂါကို ရွေးချယ်လိုက်ပြီး ဒီလိုရွေးချယ်လိုက်တာကြောင့် ဆူဂါဟာ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာတော့မှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရှင်ဇိုအာဘေးဟာ ကျန်းမာရေးအခြေအနေကြောင့် ရာထူးကနေ နှုတ်ထွက်တော့မယ်လို့ လွန်ခဲ့တဲ့လက ကြေညာခဲ့ပါတယ်။

အသက် ၇၁ နှစ်အရွယ် မစ္စတာဆူဂါဟာ လက်ရှိအစိုးရအဖွဲ့မှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ပါတီခေါင်းဆောင်သစ် အဖြစ် ရွေးချယ်ခံရမယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရသူဖြစ်ပါတယ်။

သူဟာ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့ အနီးကပ်မဟာမိတ်ဖြစ်ပြီး အာဘေးရဲ့ မူဝါဒတွေကို ဆက်လက်အကောင်အထည် ဖော်နိုင်ဖွယ်ရှိတယ်လို့ သတ်မှတ်ထားကြပါတယ်။

အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ အခုလိုပါတီခေါင်းဆောင်သစ်ကို ရွေးချယ်လိုက်တာကြောင့် ပါတီအမတ်တွေကြီးစိုးထားတဲ့ ပါလီမန်မှာ ဝန်ကြီးချုပ်သစ်ခန့်အပ်ဖို့ကို စက်တင် ၁၆ ရက်မှာ မဲခွဲဆုံးဖြတ်ဖို့ရှိနေပါတယ်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဖို့သေချာသလောက်ရှိနေတဲ့ မစ္စတာဆူဂါကတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေအထိ တာဝန်ထမ်းဆောင်သွားဖို့ရှိနေပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #တိုကျို

Zawgyi

ဂ်ပန္အစိုးရအဖြဲ႔အတြင္းေရးမွဴး ယိုရိွီဟီဒီဆူဂါ ၀န္ၾကီးခ်ဳပ္ရာထူး ရယူနုိင္ေတာ႔မယ္

တိုက်ိဳ၊ စက္တင္ဘာ-၁၄-၂၀၂၀
မ်ိဳးဆက္(VOM)

ဂ်ပန္အာဏာရပါတီဟာ ရွင္ဇိုအာေဘးရဲ႕ေနရာကို ဆက္ခံမယ္႔ ေခါင္းေဆာင္သစ္အျဖစ္ ယိုရွီဟီဒီဆူဂါကို ေရြးခ်ယ္လိုက္ျပီး ဒီလိုေရြးခ်ယ္လိုက္တာေၾကာင္႔ ဆူဂါဟာ ဂ်ပန္နိုင္ငံရဲ႕ ၀န္ၾကီးခ်ဳပ္ျဖစ္လာေတာ႔မွာျဖစ္ပါတယ္။

၀န္ၾကီးခ်ဳပ္ရွင္ဇိုအာေဘးဟာ က်န္းမာေရးအေျခအေနေၾကာင္႔ ရာထူးကေန နႈတ္ထြက္ေတာ႔မယ္လို႔ လြန္ခဲ႔တဲ႔လက ေၾကညာခဲ႔ပါတယ္။

အသက္ ၇၁ နွစ္အရြယ္ မစၥတာဆူဂါဟာ လက္ရိွအစိုးရအဖြဲ႔မွာ အတြင္းေရးမွဴးအျဖစ္ တာ၀န္ထမ္းေဆာင္ေနျပီး ပါတီေခါင္းေဆာင္သစ္ အျဖစ္ ေရြးခ်ယ္ခံရမယ္လို႔ က်ယ္က်ယ္ျပန္႔ျပန္႔ ရႈျမင္ခံထားရသူျဖစ္ပါတယ္။

သူဟာ ၀န္ၾကီးခ်ဳပ္ရွင္ဇိုအာေဘးရဲ႕ အနီးကပ္မဟာမိတ္ျဖစ္ျပီး အာေဘးရဲ႕ မူ၀ါဒေတြကို ဆက္လက္အေကာင္အထည္ ေဖာ္နုိင္ဖြယ္ရိွတယ္လို႔ သတ္မွတ္ထားၾကပါတယ္။

အာဏာရ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီဟာ အခုလိုပါတီေခါင္းေဆာင္သစ္ကို ေရြးခ်ယ္လိုက္တာေၾကာင္႔ ပါတီအမတ္ေတြၾကီးစိုးထားတဲ႔ ပါလီမန္မွာ ၀န္ၾကိိီးခ်ဳပ္သစ္ခန္႔အပ္ဖို႔ကို စက္တင္ ၁၆ ရက္မွာ မဲခြဲဆံုးျဖတ္ဖို႔ရိွေနပါတယ္။

၀န္ၾကီးခ်ဳပ္အျဖစ္ တာ၀န္ယူဖို႔ေသခ်ာသေလာက္ရွိေနတဲ႔ မစၥတာဆူဂါကေတာ႔ ၂၀၂၁ ခုနွစ္ စက္တင္ဘာလမွာ က်င္းပမယ္႔ ေရြးေကာက္ပြဲေတြအထိ တာ၀န္ထမ္းေဆာင္သြားဖို႔ရိွေနပါတယ္။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #တိုက်ိဳ

Related posts

Leave a Comment

VOM News

FREE
VIEW