ပါတီမိတ်ဆက် (အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ-NPA)

ပါတီမိတ်ဆက် (အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ-NPA)

မန္တလေး၊ စက်တင်ဘာ ၁၅-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဥက္ကဋ္ဌ ဦးသိမ်းကြည်ကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။

VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ
ဦးသိမ်းကြည်- ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း၄ယောက်ရှိပါတယ်။ ရန်ကုန်ကို အဓိကထားပြိုင်မယ်။ မှော်ဘီမှာ ၃ နေရာပြိုင်မယ်၊ ပြည်တောင်စုလွှတ်တော် ၁ ယောက်၊တိုင်းဒေသကြီး လွှတ်တော် ၂ယောက်၊ မြောက်ဥက္ကလာဒေသကြီးမှာပါပြိုင်ပါမယ်၊ စုစုပေါင်း၄နေရာ ယှဉ်ပြိုင်ပါမယ်။

VOM – ပါတီရဲ့ ကတိကဝတ်ကဘာတွေဖြစ်မလဲ
ဦးသိမ်းကြည်-အရေးကြီးတာက ပြည်သူလူထုရဲ့ ဘဝဖွံ့ဖြိုးတိုးတက်မှုရှိဖို့အတွက် ဒီမိုကရေစီရှိရမယ်၊ တဆက်ထဲမှာ လူအခွင့်အရေးရှိရမှာ။ ဒါဆိုရင် ဖွံ့ဖြိုးတိုးတက်ရမယ်။ အခြားအသေးစိတ်ကတော့ ပါတီရဲ့ထုတ်ပြန်ချက်တွေမှာ ပါပါတယ်။

VOM- အာဏာရပါတီ၊ ပြည်ခိုင်ဖြိုး စတဲ့ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ။
ဦးသိမ်းကြည်- ဖွဲ့စည်းပုံအခြေခံဥပဒေက မြန်မာနိုင်ငံမှာသွားရမယ်၊ ဒါနိုင်ငံရေးဖြစ်စဉ်ကနေ ကြည့်မယ်ဆိုရင်တော့ ပါတီတို့စနစ်ကိုသွားမှာပဲ။ အဲ့တော့ ပါတီစနစ်ကိုသွားတဲ့အခါ ကျွန်တော်တို့ လူ့အစိတ်ပိုင်းတစ်ခုရှိတယ် passကျွန်တော်တို့ ယုံကြည်ချက်နဲ့ရှိနေတဲ့ ပါတီတစ်ခုပေါ့။ ယုံကြည်ချက်ကလည်း ထူးထူးထွေထွေမဟုတ်ပါဘူး ကျွန်တော်တို့တိုင်းပြည်နဲ့လူမျိုး အချုပ်အချာအာဏာတည်တံ့ရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ အဲ့သုံးပါးကို ကာကွယ်စောင့်ရှောက်မယ့်အဖွဲ့ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် အဲ့အဖွဲ့ထဲက တစ်ဖွဲ့ ကျွန်တော်တို့ပါတယ်၊ ရင်ဆိုင်ဖို့ကိစ္စ ဘယ်လိုဖြေရှင်းမလဲဆိုတော့ ဒီမိုကရေစီအရ ကျွန်တော်တို့ဝင်ရောက်ယှဉ်ပြိုင်မယ်၊ မဲပေးတာကတော့ ပြည်သူလူထုကဆုံးဖြတ်မှာပဲ အဲ့ဒီအဆုံးဖြတ်ကို ကျွန်တော်တို့ခံမှာပဲ။

VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရော ဘယ်နှနေရာ နိုင်ခဲ့ဖူးပါသလဲ။
ဦးသိမ်းကြည်-၂၀၁၀မှာ ဧရာဝတီ၊ ရန်ကုန်၊မန္တလေး တိုင်းတွေမှာပြိုင်တယ်၊ဒါပေမယ့် အနိုင်ရခဲ့တာမရှိခဲ့ပါ။၂၀၁၅ မှာလဲမရှိခဲ့ပါ။

VOM-ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးချယ်လည်း။
ဦး သိမ်းကြည်-ကျွန်တော်တို့ကိုယ်စားလှယ်လောင်းဆိုတာက ကိုယ်စားလှယ်လောင်းရွေးတဲနေရာမှာ တကယ်တော့ အရည်ချင်းရှိတယ်၊နောက်ပြီးတော့ ပါတီမှာတောက်လျှောက်ပါလာတဲ့လူရှိတယ်။နောက်ပြီးတော့ ပါတီပေါ်လည်း သက်ဝင်ယုံကြည်တယ်၊ အများအကျိုးဆောင်ရွက်ချင်တယ် ပြိုင်ပွဲလဲဝင်မယ်၊ ဝင်နိုင်တဲ့အရည်အချင်းရှိတဲ့သူကိုရွေးချယ်တယ်။

VOM- ပါတီဝင်အင်အား ဘယ်လောက်ရှိပါသလဲ
ဦးသိမ်းကြည်- အစက သောင်းကျော်တယ် တဖြေးဖြေးနဲ့လူလျော့လာတယ်။ အခုတော့ ၁သောင်းပတ်ဝန်းကျင်လောက်ရှိတယ်။

VOM -ပါတီရဲ့ဆောင်ပုဒ်တွေကဘာတွေလဲ။
ဦးသိမ်းကြည်-အဓိကတော့အမျိုးသားရေး၊ ပြည်တောင်စုမပြိုကွဲရေး၊ အချုပ်အချာတည်တံခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွန်ရေးကတော့ ပါတီရဲ့ အကောင်အထည်ဖော်ဆောင်ရန်၃ချက်ရှိပါတယ်။ ဒီမိုကရေစီ၊ လူအခွင့်အရေး၊ပြည်သူ့ဘဝဖွံ့ဖြိုးရေး။

#voiceofmyanmar #VOM #ပါတီမိတ်ဆက်

Zawgyi

ပါတီမိတ္ဆက္ (အမ်ိဳးသားႏိုင္ငံေရးမဟာမိတ္မ်ားအဖြဲ႕ခ်ဳပ္ပါတီ-NPA)

မႏၲေလး၊ စက္တင္ဘာ ၁၅-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

လာမယ့္၂၀၂၀ႏိုဝင္ဘာလ၈ရက္ေန႔ေ႐ြးေကာက္ပြဲမွာဝင္ၿပိဳင္မယ့္ အမ်ိဳးသားႏိုင္ငံေရးမဟာမိတ္မ်ားအဖြဲ႕ခ်ဳပ္ပါတီရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဥကၠ႒ ဦးသိမ္းၾကည္ကို VOMသတင္းေထာက္ လဲ့လဲ့ဝင္းက ေမးျမန္းထားတာျဖစ္ပါတယ္။

VOM – ပါတီအေနနဲ႔ ဝင္ၿပိဳင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္အေရအတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုတင္ထားလဲ
ဦးသိမ္းၾကည္- ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္စုစုေပါင္း၄ေယာက္ရွိပါတယ္။ ရန္ကုန္ကို အဓိကထားၿပိဳင္မယ္။ ေမွာ္ဘီမွာ ၃ ေနရာၿပိဳင္မယ္၊ ျပည္ေတာင္စုလႊတ္ေတာ္ ၁ ေယာက္၊တိုင္းေဒသႀကီး လႊတ္ေတာ္ ၂ေယာက္၊ ေျမာက္ဥကၠလာေဒသႀကီးမွာပါၿပိဳင္ပါမယ္၊ စုစုေပါင္း၄ေနရာ ယွဥ္ၿပိဳင္ပါမယ္။

VOM – ပါတီရဲ႕ ကတိကဝတ္ကဘာေတြျဖစ္မလဲ
ဦးသိမ္းၾကည္-အေရးႀကီးတာက ျပည္သူလူထုရဲ႕ ဘဝဖြံ႕ၿဖိဳးတိုးတက္မႈရွိဖို႔အတြက္ ဒီမိုကေရစီရွိရမယ္၊ တဆက္ထဲမွာ လူအခြင့္အေရးရွိရမွာ။ ဒါဆိုရင္ ဖြံ႕ၿဖိဳးတိုးတက္ရမယ္။ အျခားအေသးစိတ္ကေတာ့ ပါတီရဲ႕ထုတ္ျပန္ခ်က္ေတြမွာ ပါပါတယ္။

VOM- အာဏာရပါတီ၊ ျပည္ခိုင္ၿဖိဳး စတဲ့ပါတီႀကီးေတြကို ဘယ္လိုအင္အားေတြနဲ႔ ယွဥ္ၿပိဳင္သြားမလဲ။
ဦးသိမ္းၾကည္- ဖြဲ႕စည္းပုံအေျခခံဥပေဒက ျမန္မာႏိုင္ငံမွာသြားရမယ္၊ ဒါႏိုင္ငံေရးျဖစ္စဥ္ကေန ၾကည့္မယ္ဆိုရင္ေတာ့ ပါတီတို႔စနစ္ကိုသြားမွာပဲ။ အဲ့ေတာ့ ပါတီစနစ္ကိုသြားတဲ့အခါ ကြၽန္ေတာ္တို႔ လူ႔အစိတ္ပိုင္းတစ္ခုရွိတယ္ passကြၽန္ေတာ္တို႔ ယုံၾကည္ခ်က္နဲ႔ရွိေနတဲ့ ပါတီတစ္ခုေပါ့။ ယုံၾကည္ခ်က္ကလည္း ထူးထူးေထြေထြမဟုတ္ပါဘူး ကြၽန္ေတာ္တို႔တိုင္းျပည္နဲ႔လူမ်ိဳး အခ်ဳပ္အခ်ာအာဏာတည္တံ့ေရး၊တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးနဲ႔ ျပည္ေထာင္စုမၿပိဳကြဲေရး၊ အဲ့သုံးပါးကို ကာကြယ္ေစာင့္ေရွာက္မယ့္အဖြဲ႕ ဘယ္အဖြဲ႕ပဲျဖစ္ျဖစ္ အဲ့အဖြဲ႕ထဲက တစ္ဖြဲ႕ ကြၽန္ေတာ္တို႔ပါတယ္၊ ရင္ဆိုင္ဖို႔ကိစၥ ဘယ္လိုေျဖရွင္းမလဲဆိုေတာ့ ဒီမိုကေရစီအရ ကြၽန္ေတာ္တို႔ဝင္ေရာက္ယွဥ္ၿပိဳင္မယ္၊ မဲေပးတာကေတာ့ ျပည္သူလူထုကဆုံးျဖတ္မွာပဲ အဲ့ဒီအဆုံးျဖတ္ကို ကြၽန္ေတာ္တို႔ခံမွာပဲ။

VOM- ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြမွာေရာ ဘယ္ႏွေနရာ ႏိုင္ခဲ့ဖူးပါသလဲ။
ဦးသိမ္းၾကည္-၂၀၁၀မွာ ဧရာဝတီ၊ ရန္ကုန္၊မႏၲေလး တိုင္းေတြမွာၿပိဳင္တယ္၊ဒါေပမယ့္ အႏိုင္ရခဲ့တာမရွိခဲ့ပါ။၂၀၁၅ မွာလဲမရွိခဲ့ပါ။

VOM-ကိုယ္စားလွယ္ေလာင္းကိုဘယ္လိုေ႐ြးခ်ယ္လည္း။
ဦး သိမ္းၾကည္-ကြၽန္ေတာ္တို႔ကိုယ္စားလွယ္ေလာင္းဆိုတာက ကိုယ္စားလွယ္ေလာင္းေ႐ြးတဲေနရာမွာ တကယ္ေတာ့ အရည္ခ်င္းရွိတယ္၊ေနာက္ၿပီးေတာ့ ပါတီမွာေတာက္ေလွ်ာက္ပါလာတဲ့လူရွိတယ္။ေနာက္ၿပီးေတာ့ ပါတီေပၚလည္း သက္ဝင္ယုံၾကည္တယ္၊ အမ်ားအက်ိဳးေဆာင္႐ြက္ခ်င္တယ္ ၿပိဳင္ပြဲလဲဝင္မယ္၊ ဝင္ႏိုင္တဲ့အရည္အခ်င္းရွိတဲ့သူကိုေ႐ြးခ်ယ္တယ္။

VOM- ပါတီဝင္အင္အား ဘယ္ေလာက္ရွိပါသလဲ
ဦးသိမ္းၾကည္- အစက ေသာင္းေက်ာ္တယ္ တေျဖးေျဖးနဲ႔လူေလ်ာ့လာတယ္။ အခုေတာ့ ၁ေသာင္းပတ္ဝန္းက်င္ေလာက္ရွိတယ္။

VOM -ပါတီရဲ႕ေဆာင္ပုဒ္ေတြကဘာေတြလဲ။
ဦးသိမ္းၾကည္-အဓိကေတာ့အမ်ိဳးသားေရး၊ ျပည္ေတာင္စုမၿပိဳကြဲေရး၊ အခ်ဳပ္အခ်ာတည္တံခိုင္ၿမဲေရး၊ တိုင္းရင္းသားစည္းလုံးညီၫြန္ေရးကေတာ့ ပါတီရဲ႕ အေကာင္အထည္ေဖာ္ေဆာင္ရန္၃ခ်က္ရွိပါတယ္။ ဒီမိုကေရစီ၊ လူအခြင့္အေရး၊ျပည္သူ႔ဘဝဖြံ႕ၿဖိဳးေရး။

#voiceofmyanmar #VOM #ပါတီမိတ္ဆက္

Related posts

Leave a Comment

VOM News

FREE
VIEW