ရန်ကုန်တိုင်းမှာ ကိုဗစ်လူနာတွေထားဖို့နေရာအခက်အခဲရှိနေတဲ့အတွက် ရွက်ဖျင်တဲတွေနဲ့ထားဖို့စီစဉ်နေ

ရန်ကုန်တိုင်းမှာ ကိုဗစ်လူနာတွေထားဖို့နေရာအခက်အခဲရှိနေတဲ့အတွက် ရွက်ဖျင်တဲတွေနဲ့ထားဖို့စီစဉ်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၄-၂၀၂၀
ယဉ်ပပထွန်း (VOM)

ရန်ကုန်တိုင်းမှာ ကိုဗစ် Positive လူနာတွေများလာတဲ့အတွက် နေရာအသစ်ရှာဖွေနေရတဲ့ အခက်အခဲတွေဖြစ်ပေါ်နေတာကြောင့် ရွက်ဖျင်တဲတွေနဲ့ထားဖို့စီစဉ်နေတယ်လို့ရန်ကုန်ပြည်သူ့ဆေးရုံ| အရေးပေါ်ဌာန ပါမေက္ခဌာနမှူး ဒေါက်တာမော်မော်ဦးက VOM ကိုပြောပါတယ် ။

” အခက်အခဲကတော့ လူနာတွေများလာတယ် ။ positive ဖြစ်တဲ့လူတွေများလာတယ် ။ positive လူနာတွေထားတဲ့ ဆေးရုံတွေကို သယ်ရ၊ပို့ရတာ နည်းနည်းခက်ခဲလာတယ်။ positive လူနာတွေကိုထားဖို့အတွက် နေရာသစ်တွေရှာနေရတယ်။ အခုဆိုရင် ဒဂုံဆိပ်ကမ်း မြို့နယ်က ရိုးမအိမ်ရာမှာ သွားထားနေရတယ် ။ အားကစားသိပ္ပံရှိတဲ့ ကွင်းထဲမှာဆိုရင် ရွက်ဖျင်တဲတွနဲ့ထားဖို့စီစဉ်နေပါတယ်။ နေရာထားဖို့ခက်ခဲလာနေပါပြီ” လို့ ဒေါက်တာမော်မော်ဦးကပြောပါတယ် ။

Covid-19 ဒုတိယလှိုင်းမှာ Positive လူနာတွေ များလာတဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ဆွေးနွေးတိုင်ပင်ပြီး ယာယီ Quarantine Center တစ်ခုကို သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းမှာ (၅)ရက်အတွင်း အပြီးတည်ဆောက်နေတယ်လို့လည်း သိရပါတယ်။

အဲ့ဒီနေရာမှာ ပထမအဆင့် အနေနဲ့ လူ(၂၀၀)ထားရှိနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပြီး လူဦးရေ (၄၀၀)အထိ တိုးချဲ့ထားရှိနိုင်ဖို့ကိုလည်း အစီအစဉ် ရေးဆွဲနေတယ်လို့ သိရပါတယ်။

“ကွာရန်တင်းစင်တာတွေက အခက်အခဲတော့ရှိပါတယ် ။ သင်္ဃန်းကျွန်းကွာရန်တင်းစင်တာမှာ လူပြည့်သွားရင် ဒဂုံဆိပ်ကမ်းဘက်တို့ တိုင်းကျန်းမာရေးနဲ့ချိတ်ဆက်ပြီး လိုအပ်တဲ့နေရာတွေကို သွားနေရပါတယ် ။ ကျွန်တော်တို့မြို့နယ်တင်မဟုတ်ပါဘူး မြို့နယ်တိုင်းလှည့်ပြီးသွားနေရပါတယ် ” လို့သင်္ဃန်းကျွန်းမြို့နယ် covid -19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီဝင် ဒေါက်တာကျော်စွာဦးက VOM ကိုပြောပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကုသရေးကိစ္စအားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်သွားမှာဖြစ်ပြီး တည်ဆောက်ရေး၊ နေရေးထိုင်ရေးနဲ့ နေ့စဉ် အစားအသောက် ကုန်ကျစရိတ်အားလုံးကိုတော့ ဖောင်ဒေးရှင်းတစ်ခုက ကုန်ကျခံပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

ဒါ့အပြင် လာရောက်တာဝန်ထမ်းဆောင်ကြမယ့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေအားလုံးရဲ့ နေထိုင်စားသောက်ရေး ကိစ္စတွေကိုလည်း အဲ့ဒီဖောင်ဒေးရှင်းကပဲ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ် ။

လက်ရှိမြန်မာနိုင်ငံမှာ covid -19 ရောဂါဖြစ်နေသူ ၃၀၁၅ ဦးရှိနေပြီး သေဆုံးသူ ၂၄ ဦးရှိတယ်လို့ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္တိုင္းမွာ ကိုဗစ္လူနာေတြထားဖို႔ေနရာအခက္အခဲရွိေနတဲ့အတြက္ ႐ြက္ဖ်င္တဲေတြနဲ႔ထားဖို႔စီစဥ္ေန

ရန္ကုန္၊ စက္တင္ဘာ ၁၄-၂၀၂၀
ယဥ္ပပထြန္း (VOM)

ရန္ကုန္တိုင္းမွာ ကိုဗစ္ Positive လူနာေတြမ်ားလာတဲ့အတြက္ ေနရာအသစ္ရွာေဖြေနရတဲ့ အခက္အခဲေတြျဖစ္ေပၚေနတာေၾကာင့္ ႐ြက္ဖ်င္တဲေတြနဲ႔ထားဖို႔စီစဥ္ေနတယ္လို႔ရန္ကုန္ျပည္သူ႔ေဆး႐ုံ| အေရးေပၚဌာန ပါေမကၡဌာနမႉး ေဒါက္တာေမာ္ေမာ္ဦးက VOM ကိုေျပာပါတယ္ ။

” အခက္အခဲကေတာ့ လူနာေတြမ်ားလာတယ္ ။ positive ျဖစ္တဲ့လူေတြမ်ားလာတယ္ ။ positive လူနာေတြထားတဲ့ ေဆး႐ုံေတြကို သယ္ရ၊ပို႔ရတာ နည္းနည္းခက္ခဲလာတယ္။ positive လူနာေတြကိုထားဖို႔အတြက္ ေနရာသစ္ေတြရွာေနရတယ္။ အခုဆိုရင္ ဒဂုံဆိပ္ကမ္း ၿမိဳ႕နယ္က ႐ိုးမအိမ္ရာမွာ သြားထားေနရတယ္ ။ အားကစားသိပၸံရွိတဲ့ ကြင္းထဲမွာဆိုရင္ ႐ြက္ဖ်င္တဲတြနဲ႔ထားဖို႔စီစဥ္ေနပါတယ္။ ေနရာထားဖို႔ခက္ခဲလာေနပါၿပီ” လို႔ ေဒါက္တာေမာ္ေမာ္ဦးကေျပာပါတယ္ ။

Covid-19 ဒုတိယလႈိင္းမွာ Positive လူနာေတြ မ်ားလာတဲ့အတြက္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနနဲ႔ ေဆြးေႏြးတိုင္ပင္ၿပီး ယာယီ Quarantine Center တစ္ခုကို သုဝဏၰ ျမက္ခင္းတု အားကစားကြင္းမွာ (၅)ရက္အတြင္း အၿပီးတည္ေဆာက္ေနတယ္လို႔လည္း သိရပါတယ္။

အဲ့ဒီေနရာမွာ ပထမအဆင့္ အေနနဲ႔ လူ(၂၀၀)ထားရွိႏိုင္ဖို႔ ေဆာင္႐ြက္ေနတာျဖစ္ၿပီး လူဦးေရ (၄၀၀)အထိ တိုးခ်ဲ႕ထားရွိႏိုင္ဖို႔ကိုလည္း အစီအစဥ္ ေရးဆြဲေနတယ္လို႔ သိရပါတယ္။

“ကြာရန္တင္းစင္တာေတြက အခက္အခဲေတာ့ရွိပါတယ္ ။ သဃၤန္းကြၽန္းကြာရန္တင္းစင္တာမွာ လူျပည့္သြားရင္ ဒဂုံဆိပ္ကမ္းဘက္တို႔ တိုင္းက်န္းမာေရးနဲ႔ခ်ိတ္ဆက္ၿပီး လိုအပ္တဲ့ေနရာေတြကို သြားေနရပါတယ္ ။ ကြၽန္ေတာ္တို႔ၿမိဳ႕နယ္တင္မဟုတ္ပါဘူး ၿမိဳ႕နယ္တိုင္းလွည့္ၿပီးသြားေနရပါတယ္ ” လို႔သဃၤန္းကြၽန္းၿမိဳ႕နယ္ covid -19 ကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံျပန္ေရးေကာ္မတီဝင္ ေဒါက္တာေက်ာ္စြာဦးက VOM ကိုေျပာပါတယ္။

က်န္းမာေရး ေစာင့္ေရွာက္မႈနဲ႔ ကုသေရးကိစၥအားလုံးကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ေဆာင္႐ြက္သြားမွာျဖစ္ၿပီး တည္ေဆာက္ေရး၊ ေနေရးထိုင္ေရးနဲ႔ ေန႔စဥ္ အစားအေသာက္ ကုန္က်စရိတ္အားလုံးကိုေတာ့ ေဖာင္ေဒးရွင္းတစ္ခုက ကုန္က်ခံေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္ ။

ဒါ့အျပင္ လာေရာက္တာဝန္ထမ္းေဆာင္ၾကမယ့္ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြအားလုံးရဲ႕ ေနထိုင္စားေသာက္ေရး ကိစၥေတြကိုလည္း အဲ့ဒီေဖာင္ေဒးရွင္းကပဲ ေဆာင္႐ြက္ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္ ။

လက္ရွိျမန္မာႏိုင္ငံမွာ covid -19 ေရာဂါျဖစ္ေနသူ ၃၀၁၅ ဦးရွိေနၿပီး ေသဆုံးသူ ၂၄ ဦးရွိတယ္လို႔က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရသိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW