တပ်မတော်ကိုဆန့်ကျင်ကြောင်းစာသားတွေပါတဲ့ စာရွက်တွေကို ဗကသအဖွဲ့က မန္တလေးမြို့ကနေရာအချို့မှာ လိုက်ကပ်

တပ်မတော်ကိုဆန့်ကျင်ကြောင်းစာသားတွေပါတဲ့ စာရွက်တွေကို ဗကသအဖွဲ့က မန္တလေးမြို့ကနေရာအချို့မှာ လိုက်ကပ်

မန္တလေး၊ စက်တင်ဘာ ၁၄-၂၀၂၀
ဟိန်းကို(VOM)

တပ်မတော်ကိုဆန့်ကျင်ံ့ကြောင်း စာသားတွေပါဝင်တဲ့ စာရွက်တွေကို ဒီကနေ့မနက်ပိုင်းကမန္တလေးမြို့ လူစည်ကားတဲ့နေရာတွေဖြစ်တဲ့ မီးပွိုင့်ဒေါင့်ကနေရာအချို့မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကျောင်းသား ၂ဦးက လိုက်လံကပ်ခဲ့ပါတယ်။

” ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာဖြစ်ပျက်နေတဲ့ ဖက်ဆစ်စစ်တပ်ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို ကျွန်တော်တို့က ပြည်သူလူထုကို ချပြတာဖြစ်တယ်”လို့ အခုလိုစာကပ်တာနဲ့ ပတ်သက်ပြီး ဗကသအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုစိုးလှနိုင်ကပြောပါတယ်။

အဲ့ဒီစာရွက်တွေထဲမှာ ပြည်တွင်းစစ်ချက်ချင်းရပ်၊ ဖက်ဆစ်စစ်တပ်ကျဆုံးပါစေ၊ FAILD LAW၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ တပ်မတော်အလင်းဝင်ပါစတဲ့စာသားတွေပါရှိတာလည်းဖြစ်ပါတယ်။

စာရွက်တွေလိုက်ကပ်တဲ့ ဗကသအဖွဲ့ဝင် ကျောင်းသား ၂ ဦးဟာ မနေ့စက်တင်ဘာ ၁၃ရက်မနက်ပိုင်းက ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးတာကိုခံခဲ့ရပြီး ရဲတပ်ဖွဲ့ကစစ်ဆေးမေးမြန်းတာတွေပြုလုပ်အပြီးမှာ ပြန်လည်လွှတ်မြောက်လာသူတွေလည်းဖြစ်ပါတယ်။

ဗကသကျောင်းသားတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ရက်နေ့က မန္တလေးမြို့၊ ဈေးချိုနာရီစင်ရှေ့မှာ ရခိုင်ပြည်နယ်မှာဖြစ်ပျက်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြည်သူလူထုသိဖို့အတွက် လမ်းလျှောက်ဆန္ဒပြခဲ့တာလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ဗကသ #စာကပ်

Zawgyi

တပ္မေတာ္ကိုဆန္႔က်င္ေၾကာင္းစာသားေတြပါတဲ့ စာရြက္ေတြကို ဗကသအဖြဲ႔က မႏၲေလးၿမိဳ႔ကေနရာအခ်ိဳ႔မွာ လိုက္ကပ္

မႏၲေလး၊ စက္တင္ဘာ ၁၄-၂၀၂၀
ဟိန္းကို(VOM)

တပ္မေတာ္ကိုဆန္႔က်င္ံ့ေၾကာင္း စာသားေတြပါဝင္တဲ့ စာရြက္ေတြကို ဒီကေန႔မနက္ပိုင္းကမႏၲေလးၿမိဳ႔ လူစည္ကားတဲ့ေနရာေတြျဖစ္တဲ့ မီးပြိဳင့္ေဒါင့္ကေနရာအခ်ိဳ႔မွာ ဗမာႏိုင္ငံလံုးဆိုင္ရာေက်ာင္းသားသမဂၢမ်ားအဖြဲဲ႔ခ်ဳပ္ ေက်ာင္းသား ၂ဦးက လိုက္လံကပ္ခဲ့ပါတယ္။

” ရခိုင္ျပည္နယ္နဲ႔ခ်င္းျပည္နယ္မွာျဖစ္ပ်က္ေနတဲ့ ဖက္ဆစ္စစ္တပ္ရဲ႔ လူမဆန္တဲ့လုပ္ရပ္ေတြကို ကၽြန္ေတာ္တို႔က ျပည္သူလူထုကို ခ်ျပတာျဖစ္တယ္”လို႔ အခုလိုစာကပ္တာနဲ႔ ပတ္သက္ၿပီး ဗကသအဖြဲ႔ခ်ဳပ္ ဒု-ဥကၠ႒ ကိုစိုးလွႏိုင္ကေျပာပါတယ္။

အဲ့ဒီစာရြက္ေတြထဲမွာ ျပည္တြင္းစစ္ခ်က္ခ်င္းရပ္၊ ဖက္ဆစ္စစ္တပ္က်ဆုံးပါေစ၊ FAILD LAW၊ ဖက္ဆစ္လူသတ္ဝါဒ ဆန႔္က်င္ၾက၊ ဖက္ဆစ္စစ္တပ္အလိုမရွိ၊ တပ္မေတာ္အလင္း၀င္ပါစတဲ့စာသားေတြပါရွိတာလည္းျဖစ္ပါတယ္။

စာရြက္ေတြလိုက္ကပ္တဲ့ ဗကသအဖြဲ႔ဝင္ ေက်ာင္းသား ၂ ဦးဟာ မေန႔စက္တင္ဘာ ၁၃ရက္မနက္ပိုင္းက ရဲတပ္ဖြဲ႔ရဲ႔ဖမ္းဆီးတာကိုခံခဲ့ရၿပီး ရဲတပ္ဖြဲ႔ကစစ္ေဆးေမးျမန္းတာေတြျပဳလုပ္အၿပီးမွာ ျပန္လည္လႊတ္ေျမာက္လာသူေတြလည္းျဖစ္ပါတယ္။

ဗကသေက်ာင္းသားေတြဟာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၀ရက္ေန႔က မႏၲေလးၿမိဳ႔၊ ေစ်းခ်ိဳနာရီစင္ေရွ႕မွာ ရခိုင္ျပည္နယ္မွာျဖစ္ပ်က္ေနတဲ့ အၾကမ္းဖက္လုပ္ရပ္ေတြကို ျပည္သူလူထုသိဖို႔အတြက္ လမ္းေလွ်ာက္ဆႏၵျပခဲ့တာလည္းျဖစ္ပါတယ္။

#voiceofmyanmar #VOM #မႏၲေလး #ဗကသ #စာကပ္

Related posts

Leave a Comment

VOM News

FREE
VIEW