ကိုဗစ်-၁၉ စိုးရိမ်မှုတွေကြောင့် တရုတ်-မြန်မာနယ်စပ်က ရွှေလီမြို့ကို လော့ခ်ဒေါင်းချ

ကိုဗစ်-၁၉ စိုးရိမ်မှုတွေကြောင့် တရုတ်-မြန်မာနယ်စပ်က ရွှေလီမြို့ကို လော့ခ်ဒေါင်းချ

ရွှေလီ၊ စက်တင်ဘာ-၁၅-၂၀၂၀
မျိုးဆက် (VOM)

တရုတ်-မြန်မာနယ်စပ်ရှိ ရွှေလီမြို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်သူအနည်းငယ်ကို တွေ့ရှိပြီးနောက် မြို့ကို တရုတ်အာဏာပိုင်တွေက အဝင်အထွက်ပိတ် လော့ခ်ဒေါင်းချလိုက်ပြီး အစုလိုက်အပြုံလိုက် ဗိုင်းရပ်စ်စစ်ဆေးမယ့် အစီအစဉ်ကို လုပ်ဆောင်မယ်လို့ တာဝန်ရှိသူတွေက စက်တင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။

အိမ်နီးချင်းမြန်မာနိုင်ငံနဲ့ အဓိကနယ်စပ်ဖြတ်ကူးတဲ့ဂိတ်ရှိရာ ယူနန်ပြည်နယ်အနောက်ပိုင်း ရွှေလီမြို့မှာ ကိုဗစ်-၁၉ ကူးစက်သူ သုံးဦးကို တွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ဒေသခံတွေအနေနဲ့ မိမိတို့နေအိမ်မှာပဲနေထိုင်ကြဖို့နဲ့ စက်တင်ဘာ ၁၄ ရက်ညနေပိုင်းကစပြီး မြို့အဝင်အထွက်ကို ပိတ်သွားမယ်လို့ ရွှေလီအာဏာပိုင်တွေက စက်တင်ဘာ ၁၅ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မြို့မှာရှိတဲ့ လူနှစ်သိန်းတစ်သောင်းကျော်ကိုလည်း ဗိုင်းရပ်စ်ကူးစက်မှုရှိမရှိ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ စူပါမားကက်၊ ဆေးဆိုင်တွေနဲ့ အစားအသောက်ရောင်းချတဲ့ဆိုင်တွေကလွဲပြီး ကျန်တဲ့လုပ်ငန်းတွေကို ပိတ်သိမ်းထားရမှာဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုဟာ မြန်မာဘက်ကဝင်လာသူတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မြန်မာဘက်က တရားမဝင်လုပ်သားတွေ မဝင်ရောက်ရေး လုပ်ဆောင်သင့်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ ရွှေလီမြို့ဟာ မြန်မာနယ်စပ်မြို့မူဆယ်နဲ့ မြစ်တစ်စင်းသားခြားထားပြီး ပြည့်တန်ဆာလုပ်ငန်း၊ လက်နက်၊ လောင်းကစားနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေလုပ်ဆောင်တဲ့ မြို့အဖြစ်လူသိများပါတယ်။

Ref: CNA
Photo:AFP
#voiceofmyanmar #VOM #ရွှေလီ #ကိုဗစ်စိုးရိမ်မှု #လော့ခ်ဒေါင်းချ

Zawgyi

ကိုဗစ္-၁၉ စိုးရိမ္မႈေတြေၾကာင္႔ တရုတ္-ျမန္မာနယ္စပ္က ေရႊလီျမိဳ႕ကို ေလာ႔ခ္ေဒါင္းခ်

ေရႊလီ၊ စက္တင္ဘာ-၁၅-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္-ျမန္မာနယ္စပ္ရိွ ေရႊလီျမိဳ႕မွာ ကိုဗစ္-၁၉ ေရာဂါကူးစက္သူအနည္းငယ္ကို ေတြ႔ရိွျပီးေနာက္ ျမိဳ႕ကို တရုတ္အာဏာပိုင္ေတြက အ၀င္အထြက္ပိတ္ ေလာ႔ခ္ေဒါင္းခ်လိုက္ျပီး အစုလိုက္အျပံဳလိုက္ ဗိုင္းရပ္စ္စစ္ေဆးမယ္႔ အစီအစဥ္ကို လုပ္ေဆာင္မယ္လို႔ တာ၀န္ရိွသူေတြက စက္တင္ဘာ ၁၅ ရက္မွာ ေျပာပါတယ္။

အိမ္နီးခ်င္းျမန္မာနိုင္ငံနဲ႔ အဓိကနယ္စပ္ျဖတ္ကူးတဲ႔ဂိတ္ရိွရာ ယူနန္ျပည္နယ္အေနာက္ပိုင္း ေရႊလီျမိဳ႕မွာ ကိုဗစ္-၁၉ ကူးစက္သူ သံုးဦးကို ေတြ႔ရိွခဲ႔တယ္လို႔ အာဏာပိုင္ေတြက ဆိုပါတယ္။

ေဒသခံေတြအေနနဲ႔ မိမိတို႔ေနအိမ္မွာပဲေနထိုင္ၾကဖို႔နဲ႔ စက္တင္ဘာ ၁၄ ရက္ညေနပိုင္းကစျပီး ျမိဳ႕အ၀င္အထြက္ကို ပိတ္သြားမယ္လို႔ ေရႊလီအာဏာပိုင္ေတြက စက္တင္ဘာ ၁၅ ရက္မွာ ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

ျမိဳ႕မွာရိွတဲ႔ လူနွစ္သိန္းတစ္ေသာင္းေက်ာ္ကိုလည္း ဗိုင္းရပ္စ္ကူးစက္မႈရိွမရိွ စစ္ေဆးသြားမယ္လို႔ ဆိုပါတယ္။ စူပါမားကက္၊ ေဆးဆိုင္ေတြနဲ႔ အစားအေသာက္ေရာင္းခ်တဲ႔ဆိုင္ေတြကလြဲျပီး က်န္တဲ႔လုပ္ငန္းေတြကို ပိတ္သိမ္းထားရမွာျဖစ္ပါတယ္။

ဗိုင္းရပ္စ္ကူးစက္မႈဟာ ျမန္မာဘက္က၀င္လာသူေတြမွာ ျဖစ္ပြားခဲ႔တာျဖစ္ျပီး ျမန္မာဘက္က တရားမ၀င္လုပ္သားေတြ မ၀င္ေရာက္ေရး လုပ္ေဆာင္သင္႔တယ္လို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္။

တရုတ္နိုင္ငံအတြင္းမွာရိွတဲ႔ ေရႊလီျမိဳ႕ဟာ ျမန္မာနယ္စပ္ျမိဳ႕မူဆယ္နဲ႔ ျမစ္တစ္စင္းသားျခားထားျပီး ျပည္႔တန္ဆာလုပ္ငန္း၊ လက္နက္၊ ေလာင္းကစားနဲ႔ မူးယစ္ေဆး၀ါးေရာင္း၀ယ္ေဖာက္ကားမႈေတြလုပ္ေဆာင္တဲ႔ ျမိဳ႕အျဖစ္လူသိမ်ားပါတယ္။

Ref: CNA
Photo:AFP
#voiceofmyanmar #VOM #ေရႊလီ #ကိုဗစ္စိုးရိမ္မႈ #ေလာ့ခ္ေဒါင္းခ်

Related posts

Leave a Comment

VOM News

FREE
VIEW