လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးရေးပြုလုပ်တာတွေ အရဲမကိုးသင့်

လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးရေးပြုလုပ်တာတွေ အရဲမကိုးသင့်

မန္တလေး၊ စက်တင်ဘာ ၁၅- ၂၀၂၀
ရှိုင်းအောင်(VOM)

Positive Case ကို ဆေးကုသရင်း Positive ဖြစ်သွားတဲ့ဆရာဝန်တွေတောင် လူနာလိုမနေရတော့ဘဲ Positive လူနာတွေကို ဆေးကုပေးနေရတဲ့ အခြေအနေမျိုးကို ကြုံတွေ့နေရတဲ့အတွက် လူစုလူဝေးနဲ့မဲဆွယ်စည်းရုံးရေး မပြုလုပ်သင့်ဘူးလို့ ကျန်းမာရေးနဲ့ အားက စားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOM ကိုပြောပါတယ်။

WHO ရဲ့ report မှာ မြန်မာနိုင်ငံရဲ့ ရောဂါကူးစက်မှုနှုန်းဟာ ပြီးခဲ့တဲ့အပတ်ကထက် ၈၇ ရာခိုင်နှုန်းပိုများလာတယ်လို့ မှတ်ချက်ပြုထားတာရှိတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

” အများစု ကျွန်မမြင်နေရသလောက်က လူငယ်ပိုင်းတွေ သက်လတ်ပိုင်းတွေ ပိုပြီးများတာပေါ့၊ သူတို့အနေနဲ့ ကျန်းမာပြီး ဘာမှမဖြစ်ဘူးထင်ရပေမယ့်လို့ သူတို့အိမ်က မိဘတွေဖြစ်လာနိုင်တယ်၊ ဒါကြောင့် မိမိနှစ်သက်တဲ့ပါတီ မိမိနှစ်သက်တဲ့ လူပုဂ္ဂိုလ်တွေကို သဘောကျလို့ရပါတယ်၊ မဲပေးလို့ရပါတယ်၊ မဲပေးတာကလည်း နိုဝင်ဘာလ ၈ ရက်မှ ဖြစ်ပါတယ်၊ အခုလိုရောဂါဖြစ်ပွားမှုများနေတဲ့အချိန်လေးကို ခဏလောက်သည်းခံပြီး ၂ပတ်လောက်စောင့်ကြည့်လိုက်ရင် ရောဂါကောင်းကောင်းထိန်းချုပ်နိုင်ပါလိမ့်မယ်၊ အဲ့ဒီအပိုင်းမှာ အရဲမကိုးပါနဲ့၊ အန္တရာယ်ကို ဘာလို့ယူမှာလဲ၊ ဖွံ့ဖြိုးဆဲဖြစ်တဲ့ တခြားနိုင်ငံတွေလို အရင်းအမြစ် အများကြီးမရှိပါဘူး၊ ရှိတဲ့အရင်းအမြစ်နဲ့အကောင်းဆုံး ဆောင်ရွက်နေတာဖြစ်ပါတယ်၊ လောလောဆယ် လူနာတွေကို ကုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း စာနာပါအုံး၊ နားလည်ပါအုံး၊ ကျန်းမာရေးဝန်ထမ်းတွေ ဘယ်လောက်ပင်ပန်းနေလဲဆိုတာရော ကိုယ်တိုင်သိသင့်တယ်၊ ကျန်းမာရေးဝန်ထမ်းတွေမှာလည်း ပိုးတွေ့လူနာတွေများတယ်၊ များတဲ့အတွက်ကြောင့်မို့ သူတို့တွေအနေနဲ့ လူနာတွေကုသပြီးရင် အိမ်ကိုတောင်မပြန်ရဲကြတော့ဘဲနဲ့ သူတို့မိဘတွေကူးမှာကြောက်လို့ လုပ်ငန်းခွင်က သူတို့အတွက်ပေးထားတဲ့နေရာမှာပဲ လူနာတွေကို နေ့မအားညမအားပြုစုနေတယ်၊ အဲ့မှာပဲ Positive ဖြစ်သွားတဲ့ဆရာဝန်ဟာ Positive ဖြစ်တဲ့လူနာကို ဆက်ပြီးကုသပေးနေရတယ်၊ ပြောချင်တာက လူနာဖြစ်တာတောင် လူနာလိုမနေရပါဘူး၊ ဆရာဝန်တွေက လူနာတွေအတွက် အဆင်သင့်ဖြစ်နေသလိုပဲ ပြည်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုလူနာမဖြစ်ဖို့ ဆင်ခြင်သင့်တာကို ဆင်ခြင်ပြီးတော့တက်နိုင်သလောက် စည်းကမ်းချက်တွေကိုလိုက်နာပြီးတော့ အိမ်ထဲမှာနေတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်” လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

COVID-19 ရောဂါဖြစ်ပွားမှုနှုန်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ရန်ကုန်မြို့ကဖြစ်ပြီး၊ လက်ရှိအခြေအနေမှာတော့ ရခိုင်ဒေသမှာ ပိုးတွေ့လူနာ ၅ ယောက်ပဲကျန်တော့တဲ့အတွက် ရခိုင်ဒေသကို Control လုပ်နိုင်ပြီလို့ ဒေါက်တာခင်ခင်ကြီးက ထည့်သွင်းပြောကြားပါတယ်။

“ကမ္ဘာပေါ်မှာလည်း ရောဂါဖြစ်ပွားမှုက တက်နေတုန်းပါပဲ၊ အခုဆို ဖြစ်ပွားမှုက ၂၉ သန်းရှိနေပြီ၊ သေဆုံးမှုက ၉ သိန်းနှစ်သောင်းကျော်ရှိနေပြီ တစ်သန်းပြည့်တော့မယ်၊ နည်းနည်းနောနော ပမာဏမဟုတ်ဘူး၊ ကိုယ့်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယ၊ ဖိလစ်ပိုင် တို့မှာ တနေ့ကို ၃၀၀၀ ဝန်းကျင်မှာတက်နေတာ၊ ဟိုတနေ့က အိန္ဒိယဆို ပိုးတွေ့လူနာ ၉ သောင်းကျော်နဲ့စံချိန်တင်တယ်၊ လက်ရှိအခြေအနေမှာ ကမ္ဘာပေါ်မှာလည်း Control မရသေးဘူး၊ ကိုယ့်နိုင်ငံရဲ့ဖြစ်ပွားမှုဟာလဲ Control မရသေးဘူး ပြောချင်တာက ဘယ်နေရာမှပေါ့ဆလို့မရပါဘူး ကျန်းမာရေးထက်ပိုပြီး အရေးကြီးတာမရှိပါဘူး” လို့ ဒေါက်တာခင်ခင်ကြီး က ပြောပါတယ်။

မဲဆွယ်စည်းရုံးရေး ကိစ္စနဲ့ပတ်သက်ပြီး မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးရှိန်ဝင်း ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ “စည်းရုံးရေး ၄ မျိုးရှိတယ်ဗျ ယာဉ်တန်းနဲ့လှည့်လည်စည်းရုံးတာရှိတယ်၊ တစ်အိမ်တက်ဆင်း စည်းရုံးတာရှိတယ်၊ မီဒီယာကနေ စည်းရုံးတာရှိတယ်၊ အဲ့ဒီဟာတွေလိုက်နာဖို့ စံလမ်းညွှန် SOP တွေပေးထားတာရှိတယ်၊ အသေးစိတ်ပြောမယ်ဆိုရင်တော့ ယာဉ်တန်းနဲ့ လှည့်လည်မယ့်ကားက လေးယောက်ဆန့်ရင် ၂ ယောက်ပဲ စီးရမှာပါ၊ ၁၀ယောက်ဆန့်ရင် ၅ ယောက်ပဲစီးရမှာပါခင်ဗျ၊ စည်းရုံးတဲ့ ကိုယ်စားလှယ်ရော လိုက်ပါအားပေးတဲ့ ပရိတ်သတ်ရော Mask တပ်မယ်၊ လက်ဆေးမယ်၊ Face Shield တပ်မယ် ဒီနည်းနဲ့ပဲ လမ်းညွှန်ပေးထားပါတယ်၊ တိုင်ကြားလို့ရှိရင် သက်ဆိုင်ရာက ဘေးစီလို့ခေါ်တာပေါ့ဗျာ ဘေးဥပ္ပါတ်အန္တရာယ်ကာကွယ်ရေးစည်းမျဉ်းဆိုတာရှိတယ်၊ ဒီအတိုင်းပဲ တိုင်သူရှိရင် သူတို့ဖြေရှင်းပေါ့ဗျာ၊ ကော်မရှင်ကတော့ SOP ပေးလိုက်တာပါဗျ” လို့ ပြောပါတယ်။

၂၀၂၀ ခုနှစ်မှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ၅၄ ရက်သာလိုတော့တာဖြစ်ပေမယ့် COVID-19 ရောဂါကူးဆက်ပြန့်ပွားနှုန်းနဲ့ သေဆုံးမှုတွေဟာ အရှိန်မြင့်တက်နေတာဖြစ်ပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့အထိ သက်ဆိုင်ရာ မြို့နယ်တွေမှာ Qurantine ဝင်နေသူစာရင်းအရေအတွက်အရ ရန်ကုန်တိုင်း ၆၂၃၁ ဦး၊ ဧရာဝတီတိုင်း ၃၈၈၇ ဦး၊ မန္တလေးတိုင်း ၃၂၄၄ ဦး၊ မွန်ပြည်နယ် ၂၈၄၅ ဦး၊ ပဲခူးတိုင်း ၂၇၈၉ ဦး၊ စစ်ကိုင်းတိုင်း ၂၇၁၂ ဦး၊ မကွေးတိုင်း ၂၇၀၆ ဦး၊ ရခိုင်ပြည်နယ် ၂၄၇၄ ဦး၊ ကရင်ပြည်နယ် ၂၂၂၀ ဦး၊ တနင်္သာရီတိုင်း ၁၈၅၀ ဦး၊ ကချင်ပြည်နယ် ၁၄၅၁ ဦး၊နေပြည်တော် ၁၄၅၀ ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်း ၁၁၃၈ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း ၂၉၉ ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ၁၃၆ ဦး၊ ချင်းပြည်နယ် ၂၄၅ ဦး၊ ကရင်ပြည်နယ် ၈၅ ဦး စုစုပေါင်း မြန်မာနိုင်ငံအတွင်းမှာ Qurantine ဝင်နေရသူ ၃၅၇၆၂ ဦးရှိနေပြီဖြစ်ပါတယ်။

ကိုဗစ် ၁၉ ရောဂါဟာ ရောဂါအခံရှိသူတွေမှာဖြစ်ပွားခဲ့ရင် ပုံမှန်လူတွေထက် အခြေအနေပိုဆိုးပြီး ပြင်းထန်းနိုင်တဲ့အပြင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ဒေါက်တာခင်ခင်ကြီးကလည်း အသိပေး ပြောဆိုထားပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ-၃၂၉၉ ဦး၊ ရောဂါပျောက်ဆုံးပြီး ဆေးရုံဆင်းခွင့်ရသူ ၇၉၀ ဦး၊ သေဆုံးလူနာ ၃၂ ဦး အထိ ရှိလာနေပြီဖြစ်ပါတယ်။

#VOM #VoiceofMyanmar #ရွေးကောက်ပွဲ #Qurantine #COVID-19 #Positive

Zawgyi

လူစုလူေဝးနဲ႔ မဲဆြယ္စည္း႐ုံးေရးျပဳလုပ္တာေတြ အရဲမကိုးသင့္

မႏၲေလး၊ စက္တင္ဘာ ၁၅- ၂၀၂၀
ရႈိင္းေအာင္(VOM)

Positive Case ကို ေဆးကုသရင္း Positive ျဖစ္သြားတဲ့ဆရာဝန္ေတြေတာင္ လူနာလိုမေနရေတာ့ဘဲ Positive လူနာေတြကို ေဆးကုေပးေနရတဲ့ အေျခအေနမ်ိဳးကို ႀကဳံေတြ႕ေနရတဲ့အတြက္ လူစုလူေဝးနဲ႔မဲဆြယ္စည္း႐ုံးေရး မျပဳလုပ္သင့္ဘူးလို႔ က်န္းမာေရးနဲ႔ အားက စားဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက VOM ကိုေျပာပါတယ္။

WHO ရဲ႕ report မွာ ျမန္မာႏိုင္ငံရဲ႕ ေရာဂါကူးစက္မႈႏႈန္းဟာ ၿပီးခဲ့တဲ့အပတ္ကထက္ ၈၇ ရာခိုင္ႏႈန္းပိုမ်ားလာတယ္လို႔ မွတ္ခ်က္ျပဳထားတာ​ရွိတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

” အမ်ားစု ကၽြန္မျမင္ေနရသေလာက္က လူငယ္ပိုင္းေတြ သက္လတ္ပိုင္းေတြ ပိုၿပီးမ်ားတာေပါ့၊ သူတို႔အေနနဲ႔ က်န္းမာၿပီး ဘာမွမျဖစ္ဘူးထင္ရေပမယ့္လို႔ သူတို႔အိမ္က မိဘေတြျဖစ္လာႏိုင္တယ္၊ ဒါေၾကာင့္ မိမိႏွစ္သက္တဲ့ပါတီ မိမိႏွစ္သက္တဲ့ လူပုဂၢိဳလ္ေတြကို သေဘာက်လို႔ရပါတယ္၊ မဲေပးလို႔ရပါတယ္၊ မဲေပးတာကလည္း ႏိုဝင္ဘာလ ၈ ရက္မွ ျဖစ္ပါတယ္၊ အခုလိုေရာဂါျဖစ္ပြားမႈမ်ားေနတဲ့အခ်ိန္ေလးကို ခဏေလာက္သည္းခံၿပီး ၂ပတ္ေလာက္ေစာင့္ၾကည့္လိုက္ရင္ ေရာဂါေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ပါလိမ့္မယ္၊ အဲ့ဒီအပိုင္းမွာ အရဲမကိုးပါနဲ႔၊ အႏၲရာယ္ကို ဘာလို႔ယူမွာလဲ၊ ဖြံ႕ၿဖိဳးဆဲျဖစ္တဲ့ တျခားႏိုင္ငံေတြလို အရင္းအျမစ္ အမ်ားႀကီးမရွိပါဘူး၊ ရွိတဲ့အရင္းအျမစ္နဲ႔အေကာင္းဆုံး ေဆာင္႐ြက္ေနတာျဖစ္ပါတယ္၊ ေလာေလာဆယ္ လူနာေတြကို ကုေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြကိုလည္း စာနာပါအုံး၊ နားလည္ပါအုံး၊ က်န္းမာေရးဝန္ထမ္းေတြ ဘယ္ေလာက္ပင္ပန္းေနလဲဆိုတာေရာ ကိုယ္တိုင္သိသင့္တယ္၊ က်န္းမာေရးဝန္ထမ္းေတြမွာလည္း ပိုးေတြ႕လူနာေတြမ်ားတယ္၊ မ်ားတဲ့အတြက္ေၾကာင့္မို႔ သူတို႔ေတြအေနနဲ႔ လူနာေတြကုသၿပီးရင္ အိမ္ကိုေတာင္မျပန္ရဲၾကေတာ့ဘဲနဲ႔ သူတို႔မိဘေတြကူးမွာေၾကာက္လို႔ လုပ္ငန္းခြင္က သူတို႔အတြက္ေပးထားတဲ့ေနရာမွာပဲ လူနာေတြကို ေန႔မအားညမအားျပဳစုေနတယ္၊ အဲ့မွာပဲ Positive ျဖစ္သြားတဲ့ဆရာဝန္ဟာ Positive ျဖစ္တဲ့လူနာကို ဆက္ၿပီးကုသေပးေနရတယ္၊ ေျပာခ်င္တာက လူနာျဖစ္တာေတာင္ လူနာလိုမေနရပါဘူး၊ ဆရာဝန္ေတြက လူနာေတြအတြက္ အဆင္သင့္ျဖစ္ေနသလိုပဲ ျပည္သူေတြအေနနဲ႔ ကိုယ့္ကိုယ္ကိုလူနာမျဖစ္ဖို႔ ဆင္ျခင္သင့္တာကို ဆင္ျခင္ၿပီးေတာ့တက္ႏိုင္သေလာက္ စည္းကမ္းခ်က္ေတြကိုလိုက္နာၿပီးေတာ့ အိမ္ထဲမွာေနတာ အေကာင္းဆုံးျဖစ္ပါလိမ့္မယ္” လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

COVID-19 ေရာဂါျဖစ္ပြားမႈႏႈန္းရဲ႕ ၈၀ ရာခိုင္ႏႈန္းေလာက္ဟာ ရန္ကုန္ၿမိဳ႔ကျဖစ္ၿပီး၊ လက္ရွိအေျခအေနမွာေတာ့ ရခိုင္ေဒသမွာ ပိုးေတြ႕လူနာ ၅ ေယာက္ပဲက်န္ေတာ့တဲ့အတြက္ ရခိုင္ေဒသကို Control လုပ္ႏိုင္ၿပီလို႔ ​ေဒါက္တာခင္ခင္ႀကီးက ထည့္သြင္းေျပာၾကားပါတယ္။

“ကမာၻေပၚမွာလည္း ေရာဂါျဖစ္ပြားမႈက တက္ေနတုန္းပါပဲ၊ အခုဆို ျဖစ္ပြားမႈက ၂၉ သန္းရွိေနၿပီ၊ ေသဆုံးမႈက ၉ သိန္းႏွစ္ေသာင္းေက်ာ္ရွိေနၿပီ တစ္သန္းျပည့္ေတာ့မယ္၊ နည္းနည္းေနာေနာ ပမာဏမဟုတ္ဘူး၊ ကိုယ့္ရဲ႕အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ အိႏၵိယ၊ ဖိလစ္ပိုင္ တို႔မွာ တေန႔ကို ၃၀၀၀ ဝန္းက်င္မွာတက္ေနတာ၊ ဟိုတေန႔က အိႏၵိယဆို ပိုးေတြ႕လူနာ ၉ ေသာင္းေက်ာ္နဲ႔စံခ်ိန္တင္တယ္၊ လက္ရွိအေျခအေနမွာ ကမာၻေပၚမွာလည္း Control မရေသးဘူး၊ ကိုယ့္ႏိုင္ငံရဲ႕ျဖစ္ပြားမႈဟာလဲ Control မရေသးဘူး ေျပာခ်င္တာက ဘယ္ေနရာမွေပါ့ဆလို႔မရပါဘူး က်န္းမာေရးထက္ပိုၿပီး အေရးႀကီးတာမရွိပါဘူး” လို႔ ေဒါက္တာခင္ခင္ႀကီး က ေျပာပါတယ္။

မဲဆြယ္စည္း႐ုံးေရး ကိစၥနဲ႔ပတ္သက္ျပီး မႏၲေလးတိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးရွိန္ဝင္း ကို ဆက္သြယ္ေမးျမန္းတဲ့အခါမွာေတာ့ “စည္း႐ုံးေရး ၄ မ်ိဳးရွိတယ္ဗ် ယာဥ္တန္းနဲ႔လွည့္လည္စည္း႐ုံးတာရွိတယ္၊ တစ္အိမ္တက္ဆင္း စည္း႐ုံးတာရွိတယ္၊ မီဒီယာကေန စည္း႐ုံးတာရွိတယ္၊ အဲ့ဒီဟာေတြလိုက္နာဖို႔ စံလမ္းၫႊန္ SOP ေတြေပးထားတာရွိတယ္၊ အေသးစိတ္ေျပာမယ္ဆိုရင္ေတာ့ ယာဥ္တန္းနဲ႔ လွည့္လည္မယ့္ကားက ေလးေယာက္ဆန႔္ရင္ ၂ ေယာက္ပဲ စီးရမွာပါ၊ ၁၀ေယာက္ဆန႔္ရင္ ၅ ေယာက္ပဲစီးရမွာပါခင္ဗ်၊ စည္း႐ုံးတဲ့ ကိုယ္စားလွယ္ေရာ လိုက္ပါအားေပးတဲ့ ပရိတ္သတ္ေရာ Mask တပ္မယ္၊ လက္ေဆးမယ္၊ Face Shield တပ္မယ္ ဒီနည္းနဲ႔ပဲ လမ္းၫႊန္ေပးထားပါတယ္၊ တိုင္ၾကားလို႔ရွိရင္ သက္ဆိုင္ရာက ေဘးစီလို႔ေခၚတာေပါ့ဗ်ာ ေဘးဥပၸါတ္အႏၲရာယ္ကာကြယ္ေရးစည္းမ်ဥ္းဆိုတာရွိတယ္၊ ဒီအတိုင္းပဲ တိုင္သူရွိရင္ သူတို႔ေျဖရွင္းေပါ့ဗ်ာ၊ ေကာ္မရွင္ကေတာ့ SOP ေပးလိုက္တာပါဗ်” လို႔ ေျပာပါတယ္။

၂၀၂၀ ခုႏွစ္မွာက်င္းပမယ့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲက်င္းပဖို႔ ၅၄ ရက္သာလိုေတာ့တာျဖစ္ေပမယ့္ COVID-19 ေရာဂါကူးဆက္ျပန႔္ပြားႏႈန္းနဲ႔ ေသဆုံးမႈေတြဟာ အရွိန္ျမင့္တက္ေနတာျဖစ္ပါတယ္။

စက္တင္ဘာလ ၁၂ ရက္ေန႔အထိ သက္ဆိုင္ရာ ၿမိဳ႕နယ္ေတြမွာ Qurantine ဝင္ေနသူစာရင္းအေရအတြက္အရ ရန္ကုန္တိုင္း ၆၂၃၁ ဦး၊ ဧရာဝတီတိုင္း ၃၈၈၇ ဦး၊ မႏၲေလးတိုင္း ၃၂၄၄ ဦး၊ မြန္ျပည္နယ္ ၂၈၄၅ ဦး၊ ပဲခူးတိုင္း ၂၇၈၉ ဦး၊ စစ္ကိုင္းတိုင္း ၂၇၁၂ ဦး၊ မေကြးတိုင္း ၂၇၀၆ ဦး၊ ရခိုင္ျပည္နယ္ ၂၄၇၄ ဦး၊ ကရင္ျပည္နယ္ ၂၂၂၀ ဦး၊ တနသၤာရီတိုင္း ၁၈၅၀ ဦး၊ ကခ်င္ျပည္နယ္ ၁၄၅၁ ဦး၊ေနျပည္ေတာ္ ၁၄၅၀ ဦး၊ ရွမ္းျပည္နယ္ေတာင္ပိုင္း ၁၁၃၈ ဦး၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း ၂၉၉ ဦး၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း ၁၃၆ ဦး၊ ခ်င္းျပည္နယ္ ၂၄၅ ဦး၊ ကရင္ျပည္နယ္ ၈၅ ဦး စုစုေပါင္း ျမန္မာႏိုင္ငံအတြင္းမွာ Qurantine ဝင္ေနရသူ ၃၅၇၆၂ ဦးရွိေနၿပီျဖစ္ပါတယ္။

ကိုဗစ္ ၁၉ ေရာဂါဟာ ေရာဂါအခံရွိသူေတြမွာျဖစ္ပြားခဲ့ရင္ ပုံမွန္လူေတြထက္ အေျခအေနပိုဆိုးၿပီး ျပင္းထန္းႏိုင္တဲ့အျပင္ အသက္ေသဆုံးတဲ့အထိ ျဖစ္ႏိုင္တယ္လို႔ ေဒါက္တာခင္ခင္ႀကီးကလည္း အသိေပး ေျပာဆိုထားပါတယ္။

အခုလက္ရွိ ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ-၃၂၉၉ ဦး၊ ေရာဂါေပ်ာက္ဆုံးၿပီး ေဆး႐ုံဆင္းခြင့္ရသူ ၇၉၀ ဦး၊ ေသဆုံးလူနာ ၃၂ ဦး အထိ ရွိလာေနၿပီျဖစ္ပါတယ္။

#VOM #VoiceofMyanmar #ေ႐ြးေကာက္ပြဲ #Qurantine #COVID-19
#Positive

Related posts

Leave a Comment

VOM News

FREE
VIEW