ကိုဗစ်ကာလ လူမှုဖူလုံရေး အကျိုးခံစားခွင့် လာမထုတ်တဲ့ အလုပ်သမား ၂၀၀၀ နီးပါးရှိ

ကိုဗစ်ကာလ လူမှုဖူလုံရေး အကျိုးခံစားခွင့် လာမထုတ်တဲ့ အလုပ်သမား ၂၀၀၀ နီးပါးရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၆-၂၀၂၀
သိင်္ဂီ(VOM)

ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ Quarantine ရက်ပြည့်ပေမယ့် လူမှုဖူလုံရေးအာမခံ အကျိုး ခံစားခွင့် လာရောက်ထုတ်ယူမှုမရှိတဲ့ အလုပ်သမားပေါင်း ၂၀၀၀ နီးပါးရှိနေတယ်လို့ လူမှုဖူလုံရေးအဖွဲ့ကနေ သိရပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 Second Wave စတင်ဖြစ်ပွားတဲ့ ဩဂုတ်လ ကနေ အခုစက်တင်ဘာ ၁၄ ရက်နေ့အထိ ကိုဗစ်ရောဂါပိုးကူးစက်ခံရတဲ့ လုပ်သားဦးရေ ၉၃ ဦးအထိရှိပြီး၊ ကွာရန်တင်းဝင်ရတဲ့ လုပ်သားဦးရေ (၂၃၇၃)ဦးအထိ ရှိ‌ခဲ့တယ်လို့ လူမှုဖူလုံရေးအဖွဲ့စာရင်းတွေအရ သိရပါတယ်။

“Q ဝင်‌ထားတဲ့ လုပ်သားတွေထဲမှာ အကျိုးခံစားခွင့်မတောင်းတဲ့သူတွေ ရှိနေတယ်။ အဲဒါတွေ လာတောင်းစေချင်တယ်။ ဒီ Q ဝင်တဲ့လုပ်သား ၂၃၇၃ ဦးထဲမှာမှ Q ဝင်ရလို့ ဖူလုံရေး‌ဆေးခန်းဆရာဝန်နဲ့ ဆက်သွယ်တဲ့လုပ်သား ၈၇၂ ယောက်ရှိတယ်။ အဲ့ထဲမှာမှ ပိုက်ဆံ လာထုတ်တဲ့သူ ၄၉၄ ယောက်ပဲရှိသေးတယ်။ ကျန်တဲ့သူတွေက ပိုက်ဆံကို လာမထုတ်သေးဘူး”လို့ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးကပြောပါတယ်။

ကွာရန်တင်းဝင်နေတဲ့ အလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းကနေထုတ်ပေးတဲ့ Quarantine ရက်ပြည့်ပြီးကြောင်း ထောက်ခံချက်၊ လူမှုဖူလုံရေးဆေးခန်းကနေ ထုတ်ပေးတဲ့ ဆေးသက်သေခံလက်မှတ်နဲ့အတူ သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးကို ဆက်သွယ်ပြီး ငွေကြေးအကျိုးခံစားခွင့်တွေ ထုတ်ယူကြဖို့ကိုလည်း ဦးမောင်မောင်အေးက ပြောပါတယ် ။

” ဖူလုံရေးကြေးပေးနေတာသိပါတယ်။ လျှောက်လို့ရတယ် အလုပ်သမားအဖွဲ့တွေက ကြေငြာထားပါတယ်။ ကျွန်မကတော့ လောလောဆယ် ကွာရန်တင်းဝင်နေတာပေါ့။ ခုဆို ၆ ရက်တော့ရှိပြီ။ အနံ့လဲရတယ်၊ အရသာလည်း သိပါတယ်။ လောလောဆယ် လျှောက်ဖို့ထက် ရောဂါမဖြစ်ဖို့ပဲ စိတ်ကရောက်နေတယ်။ “လို့ လက်ရှိ ကွာရန်တင်းဝင်နေရတဲ့ လှိုင်သာယာမြို့နယ်က ဝန်ထမ်းတစ်ဦးကပြောပါတယ်။

သတ်မှတ်ချက်ပြည့်စုံတဲ့ ကိုဗစ်ကူးစက်ခံရသူ လူမှုဖူလုံရေးအာမခံအကျုံးဝင် လုပ်သားတွေနဲ့ Quarantine ဝင်နေရတဲ့ လုပ်သားတွေကိုတော့ မကျန်းမာမှု အာမခံစနစ်အရ လစာရဲ့ ၆၀ ရာခိုင်နှုန်းကို ထောက်ပံ့မှုပေးမှာ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ စက်တင် ဘာ ၁၆ ရက် မနက်ပိုင်းအထိ ထုတ်ပြန်ချက်တွေအရ COVID-19 ရောဂါပိုးကူးစက်ခံရသူ (၃၆၃၆) ဦးနဲ့ သေဆုံးသူ(၃၉)ဦးထိရှိနေပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ် #လူမှုဖူလုံရေး

Zawgyi

ကိုဗစ္ကာလ လူမႈဖူလုံေရး အက်ိဳးခံစားခြင့္ လာမထုတ္တဲ့ အလုပ္သမား ၂၀၀၀ နီးပါး႐ွိ

ရန္ကုန္၊ စက္တင္ဘာ ၁၆-၂၀၂၀
သိဂႌ(VOM)

ကိုဗစ္-၁၉ ဒုတိယလိႈင္းမွာ Quarantine ရက္ျပည့္ေပမယ့္ လူမႈဖူလုံေရးအာမခံ အက်ိဳး ခံစားခြင့္ လာေရာက္ထုတ္ယူမွုမရွိတဲ့ အလုပ္သမားေပါင္း ၂၀၀၀ နီးပါး႐ွိေနတယ္လို႔ လူမွုဖူလုံေရးအဖြဲ႕ကေန သိရပါတယ္။

ျမန္မာနိုင္ငံမွာ COVID-19 Second Wave စတင္ျဖစ္ပြားတဲ့ ဩဂုတ္လ က​ေန အခုစက္တင္ဘာ ၁၄ ရက္ေန့အထိ ကိုဗစ္ေရာဂါပိုးကူးစက္ခံရတဲ့ လုပ္သားဦးေရ ၉၃ ဦးအထိရွိၿပီး၊ ကြာရန္တင္း၀င္ရတဲ့ လုပ္သားဦးေရ (၂၃၇၃)ဦးအထိ ရွိ‌ခဲ့တယ္လို႔ လူမွုဖူလုံေရးအဖြဲ႕စာရင္း​ေတြအရ သိရပါတယ္။

“Q ၀င္‌ထားတဲ့ လုပ္သားေတြထဲမွာ အက်ိဳးခံစားခြင့္မေတာင္းတဲ့သူေတြ ရွိေနတယ္။ အဲဒါေတြ လာေတာင္းေစခ်င္တယ္။ ဒီ Q ၀င္တဲ့လုပ္သား ၂၃၇၃ ဦးထဲမွာမွ Q ၀င္ရလို့ ဖူလုံေရး‌ေဆးခန္းဆရာ၀န္နဲ႔ ဆက္သြယ္တဲ့လုပ္သား ၈၇၂ ေယာက္ရွိတယ္။ အဲ့ထဲမွာမွ ပိုက္ဆံ လာထုတ္တဲ့သူ ၄၉၄ ေယာက္ပဲရွိေသးတယ္။ က်န္တဲ့သူေတြက ပိုက္ဆံကို လာမထုတ္ေသးဘူး”လို႔ လူမွုဖူလုံေရးအဖြဲ႕ ညႊန္ၾကားေရးမွူးခ်ဳပ္ ဦးေမာင္ေမာင္ေအးကေျပာပါတယ္။

ကြာရန္တင္းဝင္ေနတဲ့ အလုပ္သမားေတြအေနနဲ႔ သက္ဆိုင္ရာအဖြဲ့အစည္းကေနထုတ္ေပးတဲ့ Quarantine ရက္ျပည့္ၿပီးေၾကာင္း ေထာက္ခံခ်က္၊ လူမွုဖူလုံေရးေဆးခန္းကေန ထုတ္ေပးတဲ့ ေဆးသက္ေသခံလက္မွတ္နဲ႕အတူ သက္ဆိုင္ရာ ၿမိဳ့နယ္လူမွုဖူလုံေရး႐ုံးကို ဆက္သြယ္ၿပီး ေငြေၾကးအက်ိဳးခံစားခြင့္ေတြ ထုတ္ယူၾကဖို႔ကိုလည္း ဦးေမာင္ေမာင္ေအးက ေျပာပါတယ္ ။

” ဖူလုံေရးေၾကးေပးေနတာသိပါတယ္။ ေလ်ွာက္လို႔ရတယ္ အလုပ္သမားအဖြဲ႔ေတြက ေၾကျငာထားပါတယ္။ ကၽြန္မကေတာ့ ေလာေလာဆယ္ ကြာရန္တင္းဝင္ေနတာေပါ့။ ခုဆို ၆ ရက္ေတာ့႐ွိၿပီ။ အနံ႔လဲရတယ္၊ အရသာလည္း သိပါတယ္။ ေလာေလာဆယ္ ေလ်ွာက္ဖို႔ထက္ ေရာဂါမျဖစ္ဖို႔ပဲ စိတ္ကေရာက္ေနတယ္။ “လို႔ လက္႐ွိ ကြာရန္တင္းဝင္ေနရတဲ့ လိႈင္သာယာၿမိဳ႕နယ္က ဝန္ထမ္းတစ္ဦးကေျပာပါတယ္။

သတ္မွတ္ခ်က္ျပည့္စုံတဲ့ ကိုဗစ္ကူးစက္ခံရသူ လူမွုဖူလုံေရးအာမခံအက်ဳံး၀င္ လုပ္သားေတြနဲ႔ Quarantine ၀င္ေနရတဲ့ လုပ္သားေတြကိုေတာ့ မက်န္းမာမွု အာမခံစနစ္အရ လစာရဲ႕ ၆၀ ရာခိုင္ႏွုန္းကို ေထာက္ပံ့မွုေပးမွာ ျဖစ္ပါတယ္။

က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနရဲ႕ ဒီကေန႔ စက္တင္ ဘာ ၁၆ ရက္ မနက္ပိုင္းအထိ ထုတ္ျပန္ခ်က္ေတြအရ COVID-19 ေရာဂါပိုးကူးစက္ခံရသူ (၃၆၃၆) ဦးနဲ႔ ေသဆံုးသူ(၃၉)ဦးထိ႐ွိေနၿပီျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #ကိုဗစ္ #လူမႈဖူလံုေရး

Related posts

Leave a Comment

VOM News

FREE
VIEW