ပဲခူးတိုင်းအဆင့်ဆေးရုံကြီးမှာ ကိုဗစ်ပိုးတွေ့လူနာတွေ တိုးချဲ့ကုသနိုင်ဖို့ နေရာသုံးခုထပ်တိုးပြင်ဆင်

ပဲခူးတိုင်းအဆင့်ဆေးရုံကြီးမှာ ကိုဗစ်ပိုးတွေ့လူနာတွေ တိုးချဲ့ကုသနိုင်ဖို့ နေရာသုံးခုထပ်တိုးပြင်ဆင်

နေပြည်တော်၊ စက်တင်ဘာ ၁၆-၂၀၂၀
ကောင်းလက်‌ျာ(VOM)

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ကလိကျေးရွာအနီး တိုင်းအဆင့်ဆေးရုံကြီးမှာ အခုရက်ပိုင်း ကုသပေးနေရတဲ့ ကိုဗစ်လူနာဦးရေ များပြားလာတာကြောင့် တိုးချဲ့ကုသပေးနိုင်တဲ့ နေရာ ၃ ခုပြင်ဆင်ထားတယ်လို့ ပဲခူးတိုင်း‌အစိုးရအဖွဲ့သစ်တော၊ သံယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်‌းရေးနဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောပါတယ်။

” လက်တစ်လော ဆေးရုံအဆင်းအတက်ရှိပေမယ့် ထပ်တိုးလာရင် မလောက်ငမယ့် အနေထားကြောင့် နေရာ ၃ ခုထပ်ပြင်နေတယ်။ ပဲခူးတက္ကသိုလ်ထဲက ခန်းမတစ်ခု၊ တိုင်းရင်းဆေးရုံနဲ့ တိုင်းဆေးရုံထဲမှာ နေရာပြင်ဆင်ထားပါတယ်”လို့ ဒေါက်တာစောညိုဝင်းကပြောပါတယ်။

အခုလက်ရှိ ပဲခူးခရိုင်ထဲက Covid-19 လူနာကို ကြပ်မတ်ကုသပေးနေရတဲ့ ပဲခူးတိုင်းအဆင့် ကလိဆေးရုံကြီးကို ကိုဗစ်ပထမလှိုင်း မြှင့်တက်ချိန်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့တာဖြစ်ပြီး ICU အဆောင်မှာ လူနာ ၆၀ နီးပါး တစ်ပြိုင်နက်ကုသပေးနိုင်တယ်လို့လည်း သိရပါတယ်။

လက်တစ်လော ပဲခူးခရိုင်အတွင်း ဝေါ၊ သနပ်ပင်၊ ဒိုက်ဦး၊ ကျောက်တံခါး၊ ကဝ စတဲ့ မြို့တွေမှာ စက်တင်ဘာလ ပထမအပတ်ကတည်းက Covid-19 ရောဂါပိုးတွေ့သူဦးရေမြှင့်တက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ၅၃ ဦးကျော်ကို ကြပ်မတ်ကုသပေးနေရတယ်လို့ တိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။

” ကိုဗစ်ပိုးတွေ့လူနာက ဆင်းတာတွေလည်းရှိတယ်။ တိုးတာလည်းရှိတယ်။ ထပ်တိုးပြင်ဆင်တဲ့အထဲက ပဲခူးတက္ကသိုလ်ကုသရေးဆောင်ကို ကျောင်းထဲမှာ Quarantine ဝင်သူထဲက ပိုးတွေ့သူကို ကုသဖို့ပြင်နေတယ်”လို့ ပဲခူးဆေးရုံကြီး အကျိုးတော်‌ေ‌ဆာင်အဖွဲ့မှဦး‌ခင်မောင်ရည်ကပြောပါတယ်။

ပဲခူးတိုင်းအတွင်းရှိ ခရိုင်လေးခုက Facility Quarantine စခန်း ၃၁၅ ခုမှာ လူဦးရေ ၄၄၈၉ ‌ဦးကို စောင့်ကြည့်‌နေရပြီး ဆေးရုံ‌တွေမှာတော့ ရောဂါပိုးတွေ့ ရှိသူ ၆၂ ဦးနဲ့သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ ၇၉ ဦးရှိ‌နေတယ်လို့ စက်တင်ဘာလ ၁၅ ရက်နေ့ တိုင်းအစိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Photo -ပဲခူးဆေးရုံကြီး
#voiceofmyanmar #VOM #ပဲခူး #ကိုဗစ် #ဆေးရုံတိုးချဲ့ပြင်ဆင်

Zawgyi

ပဲခူးတိုင္းအဆင့္ေဆး႐ုံႀကီးမွာ ကိုဗစ္ပိုးေတြ႕လူနာေတြ တိုးခ်ဲ႔ကုသႏိုင္ဖို႔ ေနရာသုံးခုထပ္တိုးျပင္ဆင္

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၆-၂၀၂၀
ေကာင္းလက္‌်ာ(VOM)

ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕နယ္၊ ကလိေက်း႐ြာအနီး တိုင္းအဆင့္ေဆး႐ုံႀကီးမွာ အခုရက္ပိုင္း ကုသေပးေနရတဲ့ ကိုဗစ္လူနာဦးေရ မ်ားျပားလာတာေၾကာင့္ တိုးခ်ဲ႕ကုသေပးႏိုင္တဲ့ ေနရာ ၃ ခုျပင္ဆင္ထားတယ္လို႔ ပဲခူးတိုင္း‌အစိုးရအဖြဲ႕သစ္ေတာ၊ သံယံဇာတ၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္‌းေရးနဲ႔ စည္ပင္သာယာေရးဝန္ႀကီး ေဒါက္တာေစာညိဳဝင္းက ေျပာပါတယ္။

” လက္တစ္ေလာ ေဆး႐ုံအဆင္းအတက္ရွိေပမယ့္ ထပ္တိုးလာရင္ မေလာက္ငမယ့္ အေနထားေၾကာင့္ ေနရာ ၃ ခုထပ္ျပင္ေနတယ္။ ပဲခူးတကၠသိုလ္ထဲက ခန္းမတစ္ခု၊ တိုင္းရင္းေဆး႐ုံနဲ႔ တိုင္းေဆး႐ုံထဲမွာ ေနရာျပင္ဆင္ထားပါတယ္”လို႔ ေဒါက္တာေစာညိဳဝင္းကေျပာပါတယ္။

အခုလက္ရွိ ပဲခူးခ႐ိုင္ထဲက Covid-19 လူနာကို ၾကပ္မတ္ကုသေပးေနရတဲ့ ပဲခူးတိုင္းအဆင့္ ကလိေဆး႐ုံႀကီးကို ကိုဗစ္ပထမလႈိင္း ျမွင့္တက္ခ်ိန္ကတည္းက ႀကိဳတင္ျပင္ဆင္ခဲ့တာျဖစ္ၿပီး ICU အေဆာင္မွာ လူနာ ၆၀ နီးပါး တစ္ၿပိဳင္နက္ကုသေပးႏိုင္တယ္လို႔လည္း သိရပါတယ္။

လက္တစ္ေလာ ပဲခူးခ႐ိုင္အတြင္း ေဝါ၊ သနပ္ပင္၊ ဒိုက္ဦး၊ ေက်ာက္တံခါး၊ ကဝ စတဲ့ ၿမိဳ႕ေတြမွာ စက္တင္ဘာလ ပထမအပတ္ကတည္းက Covid-19 ေရာဂါပိုးေတြ႕သူဦးေရျမွင့္တက္ခဲ့တာျဖစ္ၿပီး လက္ရွိမွာ ၅၃ ဦးေက်ာ္ကို ၾကပ္မတ္ကုသေပးေနရတယ္လို႔ တိုင္းအစိုးရအဖြဲ႕ကေန သိရပါတယ္။

” ကိုဗစ္ပိုးေတြ႕လူနာက ဆင္းတာေတြလည္းရွိတယ္။ တိုးတာလည္းရွိတယ္။ ထပ္တိုးျပင္ဆင္တဲ့အထဲက ပဲခူးတကၠသိုလ္ကုသေရးေဆာင္ကို ေက်ာင္းထဲမွာ Quarantine ဝင္သူထဲက ပိုးေတြ႕သူကို ကုသဖို႔ျပင္ေနတယ္”လို႔ ပဲခူးေဆး႐ုံႀကီး အက်ိဳးေတာ္‌ေ‌ဆာင္အဖြဲ႕မွဦး‌ခင္ေမာင္ရည္ကေျပာပါတယ္။

ပဲခူးတိုင္းအတြင္းရွိ ခ႐ိုင္ေလးခုက Facility Quarantine စခန္း ၃၁၅ ခုမွာ လူဦးေရ ၄၄၈၉ ‌ဦးကို ေစာင့္ၾကည့္‌ေနရၿပီး ေဆး႐ုံ‌ေတြမွာေတာ့ ေရာဂါပိုးေတြ႕ ရွိသူ ၆၂ ဦးနဲ႔သံသယလူနာအျဖစ္ ေဆးကုသမႈခံယူေနသူ ၇၉ ဦးရွိ‌ေနတယ္လို႔ စက္တင္ဘာလ ၁၅ ရက္ေန႔ တိုင္းအစိုးရအဖြဲ႔ရဲ႔ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

Photo -ပဲခူးေဆး႐ုံႀကီး
#voiceofmyanmar #VOM #ပဲခူး #ကိုဗစ္ #ေဆးရံုတိုးခ်ဲ႔ျပင္ဆင္

Related posts

Leave a Comment

VOM News

FREE
VIEW