မိုးကုတ်မှာ မိုးရွာသွန်းမှုများပြီး လူနေအိမ်ပေါ် မြေပိလို့ လူ ၃ဦး သေဆုံး

မိုးကုတ်မှာ မိုးရွာသွန်းမှုများပြီး လူနေအိမ်ပေါ် မြေပိလို့ လူ ၃ဦး သေဆုံး

မိုးကုတ် ၊ စက်တင်ဘာ ၁၆-၂၀၂၀
ကိုတိုးကြီး (VOM)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့မှာ ဒီကနေ့မနက်ပိုင်းက မိုးရွာသွန်းမှုများပြားပြီး ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်ခဲ့တဲ့အပြင် တောင်ပြိုမှုတွေဖြစ်ခဲ့တာကြောင့် လူနေအိမ်တချို့ မြေပိပြီး လူ ၃ ဦးသေဆုံးမှုရှိခဲ့တယ်လို့ မိုးကုတ် လူမှုကယ်ဆယ်ရေးအဖွဲ့ကပြောပါတယ်။

“ ကိုးလံဘက်မှာ တောင်ပြိုတယ် ၊ လူနေအိမ်တလုံး မြေပိလို့ အဲ့အိမ်ထဲရှိနေတဲ့ မိသားစု သုံးယောက် သေဆုံးသွားတယ် ၊ အဲ့ဒီ Dead Bodies (သေဆုံးသူ ရုပ်အလောင်းများ) တွေကို ကယ်ဆယ်နိုင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ် ” လို့ မိုးကုတ် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ ကိုဟိန်းထက်မောင် က ပြောပါတယ်။

တောင်ပြိုပြီး နေအိမ်မြေပိလို့ သေဆုံးသွားတဲ့ မိသားစုသုံးယောက်ကတော့ အသက်(၃၀) နှစ်အရွယ် အမျိုးသား ၁ဦး ၊ အသက် ( ၃၂ ) နှစ်အရွယ် အမျိုးသမီး ၁ ဦး နဲ့ အသက် (၄) နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့ရဲ့ နေရာအနှံ့အပြားမှာ မိုးရွာသွန်းမှုကြောင့် ရေကြီး ရေလျှံတာတွေဖြစ်ပြီး လမ်းတံတား ပျက်စီးမှုတွေရှိနေပြီး ကိုလံ ၊ ရွှေတိုင် ၊ မင်းတံတား နဲ့ ဘုရားသုံးဆူ စတဲ့ ရပ်ကွက်တွေမှာ ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ သိရပါတယ်။

ဒီကနေ့မနက် (စက်တင်ဘာ ၁၆ ) ၁၀ နာရီအချိန်ထိ ပျက်စီးဆုံးရှုံးမှု ဖြစ်စဉ်တွေကို စာရင်းမချုပ်နိုင်သေးဘူးလို့လည်း သိရပါတယ်။

Photo – မိုးကုတ် လူမှုကယ်ဆယ်ရေးအဖွဲ့
#voiceofmyanmar #VOM #မိုးကုတ် #မိုးရွာ #မြေပိလူသေဆုံး

Zawgyi

မိုးကုတ္မွာ မိုးရြာသြန္းမႈမ်ားၿပီး လူေနအိမ္ေပၚ ေျမပိလို႔ လူ ၃ဦး ေသဆံုး

မိုးကုတ္ ၊ စက္တင္ဘာ ၁၆-၂၀၂၀
ကိုတိုးၾကီး (VOM)

မႏၱေလးတိုင္း၊ ျပင္ဦးလြင္ခရိုင္၊ မိုးကုတ္ျမိဳ႕မွာ ဒီကေန႔မနက္ပိုင္းက မိုးရြာသြန္းမႈမ်ားျပားျပီး ေရၾကီးေရလွ်ံတာေတြ ျဖစ္ေပၚခဲ့တဲ႔အျပင္ ေတာင္ျပိဳမႈေတြျဖစ္ခဲ႔တာေၾကာင္႔ လူေနအိမ္တခ်ိဳ႔ ေျမပိျပီး လူ ၃ ဦးေသဆံုးမႈရွိခဲ့တယ္လို႔ မိုးကုတ္ လူမႈကယ္ဆယ္ေရးအဖြဲ႔ကေျပာပါတယ္။

“ ကိုးလံဘက္မွာ ေတာင္ျပိဳတယ္ ၊ လူေနအိမ္တလံုး ေျမပိလို႔ အဲ႔အိမ္ထဲရွိေနတဲ႔ မိသားစု သံုးေယာက္ ေသဆံုးသြားတယ္ ၊ အဲ႔ဒီ Dead Bodies (ေသဆံုးသူ ရုပ္အေလာင္းမ်ား) ေတြကို ကယ္ဆယ္နို္င္ဖို႔ ကၽြန္ေတာ္တို႔ လုပ္ေဆာင္ေနပါတယ္ ” လို႔ မိုးကုတ္ လူမႈကယ္ဆယ္ေရးအဖြဲ႔ တာ၀န္ခံ ကိုဟိန္းထက္ေမာင္ က ေျပာပါတယ္။

ေတာင္ျပိဳျပီး ေနအိမ္ေျမပိလို႔ ေသဆံုးသြားတဲ႔ မိသားစုသံုးေယာက္ကေတာ႔ အသက္(၃၀) ႏွစ္အရြယ္ အမ်ိဳးသား ၁ဦး ၊ အသက္ ( ၃၂ ) ႏွစ္အရြယ္ အမ်ိဳးသမီး ၁ ဦး နဲ႔ အသက္ (၄) ႏွစ္အရြယ္ အမ်ိဳးသမီး ၁ ဦးတို႔ပဲ ျဖစ္ပါတယ္။

ဒါ႔အျပင္ မိုးကုတ္ျမိဳ႕ရဲ႕ ေနရာအႏွံ႔အျပားမွာ မိုးရြာသြန္းမႈေၾကာင္႔ ေရၾကီး ေရလွ်ံတာေတြျဖစ္ျပီး လမ္းတံတား ပ်က္စီးမႈေတြရွိေနၿပီး ကိုလံ ၊ ေရႊတိုင္ ၊ မင္းတံတား နဲ႔ ဘုရားသံုးဆူ စတဲ႔ ရပ္ကြက္ေတြမွာ ထိခိုက္ပ်က္စီးမႈေတြရွိတယ္လို႔ သိရပါတယ္။

ဒီကေန႔မနက္ (စက္တင္ဘာ ၁၆ ) ၁၀ နာရီအခ်ိန္ထိ ပ်က္စီးဆံုးရံႈးမႈ ျဖစ္စဥ္ေတြကို စာရင္းမခ်ဳပ္နိုင္ေသးဘူးလို႔လည္း သိရပါတယ္။

Photo – မိုးကုတ္ လူမႈကယ္ဆယ္ေရးအဖြဲ႔
#voiceofmyanmar #VOM #မိုးကုတ္ #မိုးရြာ #ေျမပိလူေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW