ရန်ကုန်ပြန်အမျိုးသားတစ်ဦး ကွာရန်တင်းမဝင်ဘဲ ဆိုင်ကယ်တစ်စီးကိုခိုးယူထွက်ပြေး

ရန်ကုန်ပြန်အမျိုးသားတစ်ဦး ကွာရန်တင်းမဝင်ဘဲ ဆိုင်ကယ်တစ်စီးကိုခိုးယူထွက်ပြေး

နေပြည်တော်၊ စက်တင်ဘာ ၁၆-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ ကွာရန်တင်းစင်တာတစ်ခုမှာ စောင့်ကြည့်မှုခံယူနေတဲ့ အမျိုးသားတစ်ဦးဟာ ဆိုင်ကယ်တစ်စင်းကို ခိုးယူထွက်ပြေးသွားတဲ့ဖြစ်စဉ် စက်တင်ဘာ ၁၄ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တယ်လို့ ကေတုမတီမြို့သစ်နယ်‌မြေရဲစခန်းကနေ သိရ
ပါတယ်။

ထွက်ပြေးသွားတဲ့ အမျိုးသားကို မနေ့ စက်တင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ ဂျပန်လမ်း၊ စစ်ဆေးရေးဂိတ်မှာပြန်လည်ဖမ်းမိခဲ့တယ်လို့လည်းသိရပါတယ်။

” သူက ညဆိုင်ကယ်တစ်စင်းနဲ့မသင်္ကာလို့ စစ်‌ေ‌ဆးရာက ဆိုင်ကယ်ခိုးယူလာခဲ့တဲ့အပြင် ၊ Q်မဝင်ဘဲ တိမ်းရှောင်လာတာပေါ်ပေါက်ခဲ့တာပါ။ လက်တလော သူ့ကို ကျွဲပွဲစောင့်ကြည့်စခန်းကို ပြန်ပို့ဖို့လုပ်နေတယ်။ အမှုဖွင့်ဖို့ဘာဖို့ လက်‌တလောမလုပ်သေးဘူး” လို့ ကေတုမတီမြို့သစ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် သန်းဝင်းလှိုင်က ပြောပါတယ်။

အဲ့ဒီ အမျိုးသားဟာ အသက် ၄၇နှစ်အရွယ် ကိုသန်းလွင်ဆိုသူဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်နေ့က အုတ်တွင်းမြို့နယ်၊ စပါးကျီကျေးရွာကို ရန်ကုန်ကနေပြန်ရောက်ခဲ့ပြီး အဲ့ဒီနေ့ညဦးပိုင်းမှာ ကျွဲပွဲမြို့ ၊ အ-ထ-က စောင့်ကြည့်စခန်းမှာထားရှိဖို့ပြင်ဆင်နေချိန် ဆိုင်ကယ်တစ်စင်းကို ခိုးယူထွက်ပြေးတိမ်းရှောင်ခဲ့တာဖြစ်တယ်လို့ ကျွဲပွဲနယ်မြေရဲစခန်းကနေ သိရပါတယ်။

ကိုဗစ်-၁၉ ဒုတိယလှိုင်း ကူးစက်ပျံ့နှံ့မှုတွေ များပြားလာတာကြောင့် တောင်ငူခရိုင်အတါင်းက မြို့နယ် ၆ မြို့နယ်အတွင်း ကျန်းမာရေးညွန်ကြားချက်တွေနဲ့အညီ လုံခြုံရေးတိုးမြင့်လုပ်ဆောင်နေပြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း ခပေါင်းဂိတ်၊ အမြန်လမ်းအဝင် ဝါးတားဂိတ်နဲ့ ဂျပန်လမ်းဂိတ်တွေမှာ အဝင်အထွက်စစ်ဆေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် ခိုင်လုံတဲ့အထောက်အထားမပါသူတွေကို ပြန်လွတ်နေတာဖြစ်ပြီး ကူးစက်ရောဂါဖြစ်ပွားမှုများတဲ့ ဒေသကလာတဲ့သူတွေကို စောင့်ကြည့်စခန်းတွေမှာ ကွာရန်တင်း ၂ပတ်ထားရှိနေတယ်လို့ တောင်ငူမြို့နယ် အုပ်ချုပ်ရေးမ‌ှုးရုံးကနေ သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး #ကွာရန်တင်းစင်တာ #ဆိုင်မယ်ခိုးယူထွက်ပြေး

Zawgyi

ရန္ကုန္ျပန္အမ်ိဳးသားတစ္ဦး ကြာရန္တင္းမဝင္ဘဲ ဆိုင္ကယ္တစ္စီးကိုခိုးယူထြက္ေျပး

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၆-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ အုတ္တြင္းၿမိဳ႕နယ္၊ ကြၽဲပြဲၿမိဳ႕ ကြာရန္တင္းစင္တာတစ္ခုမွာ ေစာင့္ၾကည့္မႈခံယူေနတဲ့ အမ်ိဳးသားတစ္ဦးဟာ ဆိုင္ကယ္တစ္စင္းကို ခိုးယူထြက္ေျပးသြားတဲ့့ျဖစ္စဥ္ စက္တင္ဘာ ၁၄ရက္ေန႔ညပိုင္းကျဖစ္ပြားခဲ့တယ္လို႔ ေကတုမတီၿမိဳ႕သစ္နယ္‌ေျမရဲစခန္းကေန သိရ
ပါတယ္။

ထြက္ေျပးသြားတဲ့ အမ်ိဳးသားကို မေန႔ စက္တင္ဘာ ၁၅ ရက္ေန႔ ညေနပိုင္းက ေတာင္ငူၿမိဳ႕နယ္၊ ေကတုမတီၿမိဳ႕သစ္၊ ဂ်ပန္လမ္း၊ စစ္ေဆးေရးဂိတ္မွာျပန္လည္ဖမ္းမိခဲ့တယ္လို႔လည္းသိရပါတယ္။

” သူက ညဆိုင္ကယ္တစ္စင္းနဲ႔မသကၤာလို႔ စစ္‌ေ‌ဆးရာက ဆိုင္ကယ္ခိုးယူလာခဲ့တဲ့အျပင္ ၊ Q္မဝင္ဘဲ တိမ္းေရွာင္လာတာေပၚေပါက္ခဲ့တာပါ။ လက္တေလာ သူ႔ကို ကြၽဲပြဲေစာင့္ၾကည့္စခန္းကို ျပန္ပို႔ဖို႔လုပ္ေနတယ္။ အမႈဖြင့္ဖို႔ဘာဖို႔ လက္‌တေလာမလုပ္ေသးဘူး” လို႔ ေကတုမတီၿမိဳ႕သစ္နယ္ေျမရဲစခန္းမွ စခန္းမွဴး ရဲအုပ္ သန္းဝင္းလႈိင္က ေျပာပါတယ္။

အဲ့ဒီ အမ်ိဳးသားဟာ အသက္ ၄၇ႏွစ္အ႐ြယ္ ကိုသန္းလြင္ဆိုသူျဖစ္ၿပီး စက္တင္ဘာ ၁၄ ရက္ေန႔က အုတ္တြင္းၿမိဳ႕နယ္၊ စပါးက်ီေက်း႐ြာကို ရန္ကုန္ကေနျပန္ေရာက္ခဲ့ၿပီး အဲ့ဒီေန ႔႔ညဦးပိုင္းမွာ ကြၽဲပြဲၿမိဳ႕ ၊ အ-ထ-က ေစာင့္ၾကည့္စခန္းမွာထားရွိဖို႔ျပင္ဆင္ေနခ်ိန္ ဆိုင္ကယ္တစ္စင္းကို ခိုးယူထြက္ေျပးတိမ္းေရွာင္ခဲ့တာျဖစ္တယ္လို႔ ကြၽဲပြဲနယ္ေျမရဲစခန္းကေန သိရပါတယ္။

ကိုဗစ္-၁၉ ဒုတိယလႈိင္း ကူးစက္ပ်ံ႕ႏွံ႔မႈေတြ မ်ားျပားလာတာေၾကာင့္ ေတာင္ငူခ႐ိုင္အတါင္းက ၿမိဳ႔နယ္ ၆ ၿမိဳ႕နယ္အတြင္း က်န္းမာေရးၫြန္ၾကားခ်က္ေတြနဲ႔အညီ လုံၿခဳံေရးတိုးျမင့္လုပ္ေဆာင္ေနၿပီး ေတာင္ငူၿမိဳ႕နယ္ ရန္ကုန္-မႏၲေလး လမ္းေဟာင္း ခေပါင္းဂိတ္၊ အျမန္လမ္းအဝင္ ဝါးတားဂိတ္နဲ႔ ဂ်ပန္လမ္းဂိတ္ေတြမွာ အဝင္အထြက္စစ္ေဆးေနတာျဖစ္ပါတယ္။

ဒါ့အျပင္ ခိုင္လုံတဲ့အေထာက္အထားမပါသူေတြကို ျပန္လြတ္ေနတာျဖစ္ၿပီး ကူးစက္ေရာဂါျဖစ္ပြားမႈမ်ားတဲ့ ေဒသကလာတဲ့သူေတြကို ေစာင့္ၾကည့္စခန္းေတြမွာ ကြာရန္တင္း ၂ပတ္ထားရွိေနတယ္လို႔ ေတာင္ငူၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမ‌ႈး႐ုံးကေန သိရပါတယ္။

#voiceofmyanmar #VOM #ပဲခူး #ကြာရန္တင္းစင္တာ #ဆိုင္မယ္ခိုးယူထြက္ေျပး

Related posts

Leave a Comment

VOM News

FREE
VIEW