၂၀၂၀ ရွေးကောက်ပွဲ အထူးရဲလျှောက်ထားသူတချို့ ကိုဗစ်-၁၉ ရောဂါကြောင့် သင်တန်းတက်ရောကဖို့ကြောက်ရွံ့နေ

၂၀၂၀ ရွေးကောက်ပွဲ အထူးရဲလျှောက်ထားသူတချို့ ကိုဗစ်-၁၉ ရောဂါကြောင့် သင်တန်းတက်ရောကဖို့ကြောက်ရွံ့နေ

မုံရွာ ၊ စက်တင်ဘာ ၁၆ – ၂၀၂၀
ကိုတိုးကြီး (VOM)

ကိုဗစ် – ၁၉ ရောဂါ ပိုးတွေ့လူနာတွေ တနေ့တခြား များပြားလာတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲ မဲရုံလုံခြုံရေးတာဝန်ကို အနီးကပ်တာဝန်ယူဖို့ အထူးရဲ Special Police လျှောက်ထားသူ အများစုဟာလည်း ရောဂါပိုး ကူးဆက်ပြန့်ပွားလာနိုင်တာကြောင့် အထူးရဲသင်တန်းတက်ရောက်ရမှာကို ကြောက်ရွံ့နေတယ်လို့ သိရပါတယ်။

“ အထူးရဲလုပ်ကိုင်ရမှာကို နှစ်သက်တယ် ၊ ၂၀၁၅ မှာလည်း လုပ်ခဲ့ပြီးပြီ ၊ ဝါသနာအရမို့ ဘာမှ အခက်အခဲမရှိပေမယ့် ဒီနှစ် (၂၀၂၀)မှာက ကိုဗစ် ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာတွေက တနေ့ထက် တနေ့ များလာတော့ လူစုလူဝေနဲ့ တက်ရောက်ရမယ့် အထူးရဲသင်တန်း တက်ရမှာကို ကြောက်တော့ ကြောက်တယ် ” လို့ မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက်မှာ အရန်မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးလည်းဖြစ် အထူးရဲလျှောက်ထားတဲ့ ဦးဝင်းက ပြောပါတယ်။

မဲရုံတွေကို အနီးကပ်(အတွင်းစည်း)လုံခြုံရေး တာဝန်ထမ်းဆောင်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က နေရာဒေသအသီးသီးမှာ အထူးရဲ Special Police ခေါ်ယူစုဆောင်းထားတာဖြစ်ပါတယ်။

အဲ့ဒီ အထူးရဲ လျှောက်ထားသူ အားလုံးကို အောက်တို ဘာ ၁ ရက်နေ့ကစလို့ တစ်လတာ သင်တန်းပို့ချသွားမှာ ဖြစ်တဲ့အတွက် ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားနေချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် အထူးရဲလျှောက်ထာားသူတွေက သင်တန်းတက်ရောက်မှာကို ကြောက်ရွံ့နေတာပဲဖြစ်ပါတယ်။

“ ကျွန်တော်တို့ ရဲလုပ်ငန်းတွေဆိုတာ ရပ်ထားလို့ နားထားလို့ မရဘူး ၊ လှည့်ကင်း ဝပ်ကင်း ရပ်ကင်း တွေကို မနားမနေ လုပ်နေတဲ့ကြားက ခိုးဆိုးလုယက် မှုခင်းတွေက နေရာအနှံ့နီးပါး ပေါ်ပေါက်လာသေးတယ် ၊ အဲ့ဒီအပြင် မူးယစ်ဆေးဝါး နဲ့ သယံဇာတ ခိုးထုတ်တဲ့ကိစ္စ မှုခင်းပိုင်းကလည်း နေ့စဉ်ဆိုသလို ဖြစ်နေတယ် ၊ ရဲလုပ်ငန်းဆိုတာ Social Services လူမှုရေးဝန်ဆောင်မှု လုပ်ငန်းဖြစ်တယ် ၊ အဲ့ဒါကြောင့် ကိုဗစ် – ၁၉ ဆိုပြီး ကြောက်နေလို့ နားနေလို့ ရပ်ထားလို့မရဘူး ၊ ပြည်သူကို ဝန်ဆောင်မှုပေးနေရာမှာပဲ ” လို့ မုံရွာခရိုင် ရဲတပ်ဖွဲ့ ၊ မှုခင်းနှိမ်နင်းရေး ဌာနစိပ်တာဝန်ခံ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ မဲရုံအနီးကပ် လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်ဖို့အတွက် မုံရွာမှာ (၁၉၁) ယောက် ၊ အရာတော်မြို့နယ်မှာ (၁၂၃) ယောက် ၊ ဘုတလင်မြို့နယ်မှာ (၁၀၀)ယောက်နဲ့ ချောင်းဦး မြို့နယ်မှာ (၈၆ ) ယောက် စသဖြင့် Special Police အထူးရဲ ၅၀၀ကို လာမယ့် အောက်တိုဘာမှာ သင်တန်းပို့ချမှာဖြစ်တယ်လို့ သိရပါတယ် ။

အဲ့ဒီ အထူးရဲ Special Police အရေအတွက်ဟာ မုံရွာခရိုင်တခုထဲက အရေအတွက်ဖြစ်ပြီး စစ်ကိုင်းတိုင်း တစ်တိုင်းလုံးအနေနဲ့ အထူးရဲ Special Police လေးထောင်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ရက်နေ့က မန္တလေးမြို့၊ ရဲအရာရှိ အတတ်သင်ကျောင်းမှာ စခန်းမှူး သင်တန်းတက်ရောက်တဲ့ စစ်တွေက ရဲအရာရှိတစ်ဦးဟာ ကိုဗစ် ၁၉ ရောဂါ အတည်ပြုပိုးတွေ့လူနာဖြစ်ခဲ့တာကြောင့် အဲ့ဒီ စခန်းမှူးသင်တန်းကို ဆိုင်ငံ့ပြီး သင်တန်းသားနဲ့ နည်းပြ တစ်ရာကျော်ဟာ ရောဂါထိန်းချုပ်ကာကွယ်တဲ့အနေနဲ့ သက်ဆိုင်ရာ နေရာ ဒေသ အသီးသီးက Community Based Facility Quarantine Center မှာ Quarantine ဝင်နေကြရတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၁ရက်ကလည်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက သင်ကြားပို့ချတဲ့ အထူးရဲ နည်းပြ (ဆင့်ပွား) သင်တန်း တက်ရောက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၃၀ ကျော်နဲ့ နည်းပြတွေကိုလည်း Community Based Facility Quarantine Center တွေမှာ Quarantine ဝင်နေရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ကိုဗစ် #အထူးရဲ

Zawgyi

၂၀၂၀ ေရြးေကာက္ပြဲ အထူးရဲေလွ်ာက္ထားသူတခ်ိဳ႕ ကိုဗစ္-၁၉ ေရာဂါေၾကာင္႔ သင္တန္းတက္ေရာကဖို႔ေၾကာက္ရြ႕ံေန

မံုရြာ ၊ စက္တင္ဘာ ၁၆ – ၂၀၂၀
ကိုတိုးၾကီး (VOM)

ကိုဗစ္ – ၁၉ ေရာဂါ ပိုးေတြ႔လူနာေတြ တေန႔တျခား မ်ားျပားလာတဲ့အတြက္ ၂၀၂၀ ေရြးေကာက္ပြဲ မဲရံုလံုျခံဳေရးတာ၀န္ကို အနီးကပ္တာ၀န္ယူဖို႔ အထူးရဲ Special Police ေလွ်ာက္ထားသူ အမ်ားစုဟာလည္း ေရာဂါပိုး ကူးဆက္ျပန္႔ပြားလာနိုင္တာေၾကာင္႔ အထူးရဲသင္တန္းတက္ေရာက္ရမွာကို ေၾကာက္ရြ႔ံေနတယ္လို႔ သိရပါတယ္။

“ အထူးရဲလုပ္ကိုင္ရမွာကို ႏွစ္သက္တယ္ ၊ ၂၀၁၅ မွာလည္း လုပ္ခဲ႔ျပီးျပီ ၊ ၀ါသနာအရမို႔ ဘာမွ အခက္အခဲမရွိေပမယ္႔ ဒီႏွစ္ (၂၀၂၀)မွာက ကိုဗစ္ ၁၉ ေရာဂါပိုးေတြ႔ အတည္ျပဳလူနာေတြက တေန႔ထက္ တေန႔ မ်ားလာေတာ႔ လူစုလူေ၀နဲ႔ တက္ေရာက္ရမယ္႔ အထူးရဲသင္တန္း တက္ရမွာကို ေၾကာက္ေတာ႔ ေၾကာက္တယ္ ” လို႔ မံုရြာျမိဳ႕ ၊ နႏၵ၀န္ရပ္ကြက္မွာ အရန္မီးသတ္တပ္ဖြဲ႔၀င္ တစ္ဦးလည္းျဖစ္ အထူးရဲေလွ်ာက္ထားတဲ့ ဦး၀င္းက ေျပာပါတယ္။

မဲရံုေတြကို အနီးကပ္(အတြင္းစည္း)လံုျခံဳေရး တာ၀န္ထမ္းေဆာင္ဖို႔ ျမန္မာနိုင္ငံရဲတပ္ဖြဲ႔က ေနရာေဒသအသီးသီးမွာ အထူးရဲ Special Police ေခၚယူစုေဆာင္းထားတာျဖစ္ပါတယ္။

အဲ႔ဒီ အထူးရဲ ေလွ်ာက္ထားသူ အားလံုးကို ေအာက္တို ဘာ ၁ ရက္ေန႔ကစလို႔ တစ္လတာ သင္တန္းပို႔ခ်သြားမွာ ျဖစ္တဲ႔အတြက္ ကိုဗစ္ – ၁၉ ေရာဂါျဖစ္ပြားေနခ်ိန္နဲ႔ တိုက္ဆိုင္ေနတာေၾကာင္႔ အထူးရဲေလွ်ာက္ထာားသူေတြက သင္တန္းတက္ေရာက္မွာကို ေၾကာက္ရြ႕ံေနတာပဲျဖစ္ပါတယ္။

“ ကၽြန္ေတာ္တို႔ ရဲလုပ္ငန္းေတြဆိုတာ ရပ္ထားလို႔ နားထားလို႔ မရဘူး ၊ လွည္႔ကင္း ၀ပ္ကင္း ရပ္ကင္း ေတြကို မနားမေန လုပ္ေနတဲ႔ၾကားက ခိုးဆိုးလုယက္ မႈခင္းေတြက ေနရာအႏွံ႔နီးပါး ေပၚေပါက္လာေသးတယ္ ၊ အဲ႔ဒီအျပင္ မူးယစ္ေဆး၀ါး နဲ႔ သယံဇာတ ခိုးထုတ္တဲ႔ကိစၥ မႈခင္းပိုင္းကလည္း ေန႔စဥ္ဆိုသလို ျဖစ္ေနတယ္ ၊ ရဲလုပ္ငန္းဆိုတာ Social Services လူမႈေရး၀န္ေဆာင္မႈ လုပ္ငန္းျဖစ္တယ္ ၊ အဲ႔ဒါေၾကာင္႔ ကိုဗစ္ – ၁၉ ဆိုျပီး ေၾကာက္ေနလို႔ နားေနလို႔ ရပ္ထားလို႔မရဘူး ၊ ျပည္သူကို ၀န္ေဆာင္မႈေပးေနရာမွာပဲ ” လို႔ မံုရြာခရိုင္ ရဲတပ္ဖြဲ႔ ၊ မႈခင္းႏွိမ္နင္းေရး ဌာနစိပ္တာ၀န္ခံ ရဲအရာရွိတစ္ဦးက ေျပာပါတယ္။

လာမယ္႔ နို၀င္ဘာ ေရြးေကာက္ပြဲမွာ မဲရံုအနီးကပ္ လံုျခံဳေရးတာ၀န္ေတြကို ထမ္းေဆာင္ဖို႔အတြက္ မံုရြာမွာ (၁၉၁) ေယာက္ ၊ အရာေတာ္ျမိဳ႕နယ္မွာ (၁၂၃) ေယာက္ ၊ ဘုတလင္ျမိဳ႕နယ္မွာ (၁၀၀)ေယာက္နဲ႔ ေခ်ာင္းဦး ျမိဳ႕နယ္မွာ (၈၆ ) ေယာက္ စသျဖင္႔ Special Police အထူးရဲ ၅၀၀ကို လာမယ္႔ ေအာက္တိုဘာမွာ သင္တန္းပို႔ခ်မွာျဖစ္တယ္လို႔ သိရပါတယ္ ။

အဲ႔ဒီ အထူးရဲ Special Police အေရအတြက္ဟာ မံုရြာခရိုင္တခုထဲက အေရအတြက္ျဖစ္ၿပီး စစ္ကိုင္းတိုင္း တစ္တိုင္းလံုးအေနနဲ႔ အထူးရဲ Special Police ေလးေထာင္၀န္းက်င္ရွိတယ္လို႔ သိရပါတယ္။

ျပီးခဲ႔တဲ႔ ၾသဂုတ္လ ၂၇ရက္ေန႔က မႏၱေလးၿမိဳ႔၊ ရဲအရာရွိ အတတ္သင္ေက်ာင္းမွာ စခန္းမွဴး သင္တန္းတက္ေရာက္တဲ႔ စစ္ေတြက ရဲအရာရွိတစ္ဦးဟာ ကိုဗစ္ ၁၉ ေရာဂါ အတည္ျပဳပိုးေတြ႕လူနာျဖစ္ခဲ႔တာေၾကာင္႔ အဲ႔ဒီ စခန္းမွဴးသင္တန္းကို ဆိုင္ငံ႔ျပီး သင္တန္းသားနဲ႔ နည္းျပ တစ္ရာေက်ာ္ဟာ ေရာဂါထိန္းခ်ဳပ္ကာကြယ္တဲ႔အေနနဲ႔ သက္ဆိုင္ရာ ေနရာ ေဒသ အသီးသီးက Community Based Facility Quarantine Center မွာ Quarantine ၀င္ေနၾကရတာလည္းျဖစ္ပါတယ္။

ဒါ႔အျပင္ စက္တင္ဘာ ၁၁ရက္ကလည္း မြန္ျပည္နယ္ ရဲတပ္ဖြဲ႔မွဴးရံုးက သင္ၾကားပို႔ခ်တဲ႔ အထူးရဲ နည္းျပ (ဆင္႔ပြား) သင္တန္း တက္ေရာက္ခဲ႔တဲ႔ ရဲတပ္ဖြဲ႔၀င္ ၃၀ ေက်ာ္နဲ႔ နည္းျပေတြကိုလည္း Community Based Facility Quarantine Center ေတြမွာ Quarantine ၀င္ေနရတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #မံုရြာ #ကိုဗစ္ #အထူးရဲ

Related posts

Leave a Comment

VOM News

FREE
VIEW