ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးပျံစမ်းသပ်ဖို့ မြောက်ကိုရီးယားပြင်ဆင်နေ

ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးပျံစမ်းသပ်ဖို့ မြောက်ကိုရီးယားပြင်ဆင်နေ

ဆိုးလ်၊ စက်တင်ဘာ-၁၇-၂၀၂၀
မျိုးဆက် (VOM)

မြောက်ကိုရီးယားဟာ အောက်တိုဘာလအတွင်းပြုလုပ်မယ့် အဓိကအထိမ်းအမှတ်အခမ်းအနားတစ်ခုမှာ ရေငုပ်သင်္ဘောကနေပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးပျံကို စမ်းသပ်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ မှာ ဥက္ကဋ္ဌအဖြစ် အမည်စာရင်းတင်သွင်းခံထားရသူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေ ပဲ့ထိန်းဒုံးပျံဖြစ်လွှတ်နိုင်ဖွယ်ရှိနေတဲ့အတွက် တောင်ကိုရီးယားစစ်ဘက်က စောင့်ကြည့်နေတယ်လို့ တောင်ကိုရီးယားလေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝန်အင်ချူက စက်တင်ဘာ ၁၆ ရက်မှာ ပြောဆိုခဲ့တယ်လို့ ယွန်ဟတ်သတင်းဌာနက ပြောပါတယ်။

မြောက်ကိုရီးယားဟာ အာဏာရအလုပ်သမားပါတီတည်ထောင်ခြင်း ၇၅ နှစ်ပြည့်အခမ်းအနားကို အောက်တိုဘာ ၁၀ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

မကြာသေးမီကတိုက်ခတ်ခဲ့တဲ့ တိုက်ဖွန်းမုန်တိုင်းအပြီး ဆင်ပိုသင်္ဘောကျင်းမှာ ပြင်ဆင်မှုတွေလုပ်ဆောင်နေတဲ့ အထောက်အထားတွေတွေ့ရှိရကြောင်း ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြီးဆုံးသွားတာနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ပြန်လည်လုပ်ဆောင်နိုင်တယ်လို့ ဝန်အင်ချူက ထုတ်ဖော်ပြောဆိုပါတယ်။

မြောက်ကိုရီးယားသင်္ဘောကျင်းမှာ ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ ဂြိုဟ်တုဓါတ်ပုံတွေကို အမေရိကန်သုတေသနအဖွဲ့ဖြစ်သော 38 North ကထုတ်ပြန်ပြီးနောက် ပဲ့ထိန်းဒုံးပျံ စမ်းသပ်နိုင်ခြေနဲ့ပတ်သက်ပြီး ဝန်အင်ချူက တောင်ကိုရီးယားလွှတ်တော်အမတ်တွေကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

Ref: UPI
Photo:AP
#voiceofmyanmar #VOM #ဆိုးလ်

Zawgyi

ေရငုပ္သေဘၤာကေန ပစ္ခတ္နိုင္တဲ႔ ပဲ႔ထိန္းဒံုးပ်ံစမ္းသပ္ဖို႔ ေျမာက္ကိုရီးယားျပင္ဆင္ေန

ဆိုးလ္၊ စက္တင္ဘာ-၁၇-၂၀၂၀
မ်ိဳးဆက္ (VOM)

ေျမာက္ကိုရီးယားဟာ ေအာက္တိုဘာလအတြင္းျပဳလုပ္မယ္႔ အဓိကအထိမ္းအမွတ္အခမ္းအနားတစ္ခုမွာ ေရငုပ္သေဘၤာကေနပစ္ခတ္နိုင္တဲ႔ ပဲ့ထိန္းဒံုးပ်ံကို စမ္းသပ္ဖြယ္ရိွတယ္လို႔ ေတာင္ကိုရီးယားပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႔ မွာ ဥကၠ႒အျဖစ္ အမည္စာရင္းတင္သြင္းခံထားရသူက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ေျမာက္ကိုရီးယားဟာ ေရငုပ္သေဘၤာကေန ပဲ႔ထိန္းဒံုးပ်ံျဖစ္လႊတ္နိုင္ဖြယ္ရိွေနတဲ႔အတြက္ ေတာင္ကိုရီးယားစစ္ဘက္က ေစာင္႔ၾကည္႔ေနတယ္လို႔ ေတာင္ကိုရီးယားေလတပ္စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ၾကီး ၀န္အင္ခ်ဴက စက္တင္ဘာ ၁၆ ရက္မွာ ေျပာဆိုခဲ႔တယ္လို႔ ယြန္ဟတ္သတင္းဌာနက ေျပာပါတယ္။

ေျမာက္ကိုရီးယားဟာ အာဏာရအလုပ္သမားပါတီတည္ေထာင္ျခင္း ၇၅ နွစ္ျပည္႔အခမ္းအနားကို ေအာက္တိုဘာ ၁၀ ရက္ေန႔မွာ က်င္းပသြားဖို႔ ရိွေနပါတယ္။

မၾကာေသးမီကတိုက္ခတ္ခဲ႔တဲ႔ တိုက္ဖြန္းမုန္တိုင္းအျပီး ဆင္ပိုသေဘၤာက်င္းမွာ ျပင္ဆင္မႈေတြလုပ္ေဆာင္ေနတဲ႔ အေထာက္အထားေတြေတြ႔ရိွရေၾကာင္း ၊ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြ ျပီးဆံုးသြားတာနဲ႔ စစ္ေရးလႈပ္ရွားမႈေတြကို ျပန္လည္လုပ္ေဆာင္နုိင္တယ္လို႔ ၀န္အင္ခ်ဴက ထုတ္ေဖာ္ေျပာဆိုပါတယ္။

ေျမာက္ကိုရီးယားသေဘၤာက်င္းမွာ ျပန္လည္ျပင္ဆင္မႈေတြ ျပဳလုပ္ေနတဲ႔ ျဂိဳဟ္တုဓါတ္ပံုေတြကို အေမရိကန္သုေတသနအဖြဲ႔ျဖစ္ေသာ 38 North ကထုတ္ျပန္ျပီးေနာက္ ပဲ့ထိန္းဒံုးပ်ံ စမ္းသပ္နုိင္ေျခနဲ႔ပတ္သက္ျပီး ၀န္အင္ခ်ဴက ေတာင္ကိုရီးယားလႊတ္ေတာ္အမတ္ေတြကို ထုတ္ေဖာ္ေျပာၾကားခဲ႔တာျဖစ္ပါတယ္။

Ref: UPI
Photo:AP
#voiceofmyanmar #VOM #ဆိုးလ္

Related posts

Leave a Comment

VOM News

FREE
VIEW