Quaratineစင်တာကနေထွက်ပြေးတဲ့ အမျိုးသား ၈ ဦးကို ဘေးစီမံအက်ဥပဒေနဲ့ အမှုဖွင့်

Quaratineစင်တာကနေထွက်ပြေးတဲ့ အမျိုးသား ၈ ဦးကို ဘေးစီမံအက်ဥပဒေနဲ့ အမှုဖွင့်

နေပြည်တော်၊စက်တင်ဘာ ၁၇-၂၀၂၀
ကောင်းလက်ျာ(VOM)

ထိုင်းနိုင်ငံ မဲဆောက်ကတစ်ဆင့်ပြန်ဝင်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကုန်သွယ်ရေးဇုန် Quarantineစခန်းမှာ စက်တင်ဘာ ၁၆ ရက်နေ့လယ်ပိုင်းက ထွက်ပြေးတိမ်းရှောင်သွားတဲ့ အမျိုးသား ၈ ဦးကို ဘေးစီမံဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သင်္ကန်းညီနောင်နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းသန်းက ပြောပါတယ်။

” မနေ့က ထွက်ပြေးတိမ်းရှောင်သွားကြတာ ကနေ့အထိတော့ ပြန်မတွေ့သေးဘူး။ သင်္ကန်းညီနောင်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်’လို့ ရဲအုပ်ဝင်းသန်းကပြောပါတယ်။

မြဝတီမြို့၊ ကုန်သွယ်ရေးဇုန်Community Based Facilityကွာရန်တင်းစင်တာမှာနေထိုင်‌စောင့်ကြည့်ခံထားရတဲ့ ကာဆင် ၊ ဟာဆင်၊ ဖိုးလုံး၊ ကျော်မင်းဦး၊ မြင့်နိုင် ၊ ပိုင်မျိုးသူ၊ကျော်မင်းဦးနှင့်ဝင်းနိုင်တို့ ၈ ဦးဖြစ်ပြီး သူတို့ကို အခုမနက် ၁၁ နာရီအချိန်ထိ လိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။

မြဝတီခရိုင်မီးသတ်တပ်ဖွဲ့ဦးစီးဌာနက တရားလိုပြုလုပ်ပြီး အမှုဖွင့်လှစ်ခဲ့တယ်လို့ မြဝတီခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်စခန်းမှူး ဖြိုးမင်းဇော်က ပြောပါတယ်။

” ၃ ဦးက ၁၄ ရက်နေ့ကရောက်တာ။ ကျန် ၅ဦးက ၁၅ ရက်နေ့ကပြန်ဝင်တာပါ။ တရားလိုကတော့ကျွန်တော်ပါ” လို့ မီးသတ်စခန်းမှူး ဖြိုးမင်းဇော်က ပြောပါတယ်။

အဲ့ဒီအမျိုးသား ၈ ဦးကို သင်္ကန်းညီနောင်နယ်မြေရဲစခန်းမှာ (ပ)၆၄/၂၀၂၀၊ ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး ၂ဝ၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅နဲ့ အမှုဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Photo -သက်ဦးနိုင်
#voiceofmyanmar #VOM #မြဝတီ #ကွာရန်တင်းစင်တာ #ထွက်ပြေး

Zawgyi


ကောင်းလက်ျာ(VOM)







Photo -သက်ဦးနိုင်

Related posts

Leave a Comment

VOM News

FREE
VIEW