ကိုဗစ်လူနာ ၉ဦးတွေ့တဲ့ ဘီလင်း အမှတ်-၂၂ တာယာစက်ရုံကို ယာယီပိတ်၊ ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်

ကိုဗစ်လူနာ ၉ဦးတွေ့တဲ့ ဘီလင်း အမှတ်-၂၂ တာယာစက်ရုံကို ယာယီပိတ်၊ ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်

ရန်ကုန်၊ စက်တင်ဘာ၁၈-၂၀၂၀
အေးချမ်းသူ(VOM)

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်ရှိ အမှတ်-၂၂ တာယာစက်ရုံမှာ ကိုဗစ်လူနာ ၉ဦးတွေ့ရှိခဲ့တာကြောင့် စက်ရုံကိုယာယီပိတ်ထားပြီး စက်ရုံရှိအလုပ်သမားအားလုံး ကွာရန်တင်းထားရှိသွားမှာဖြစ်တဲ့အပြင် စက်ရုံကို ကန့်သတ်နယ်မြေအဖြစ်ကန့်သတ်ခဲ့တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးကပြောပါတယ်။

ဝန်ထမ်းအင်အား ၆၀၀ခန့်ရှိတဲ့ အဲ့ဒီတာယာစက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ဦးဟာ စက်တင်ဘာ ၁၄ရက်က အနံ့မရရှိတဲ့အတွက် အသွားအလာကန့်သတ်ပြီး ဓာတ်ခွဲနမူရယူစစ်ဆေးခဲ့ရာ စက်တင်ဘာ ၁၆ရက်နေ့မှာ ကိုဗစ်ရောဂါးပိုးတွေ့ရှိတယ်လို့ အဖြေထွက်ခဲ့ပါတယ်။

အဲ့ဒီ ကိုဗစ်ရောဂါပိုးတွေ့တဲ့အလုပ်သမားနဲ့ ထိတွေ့ဆက်စပ်ခဲ့တဲ့ ဝန်ထမ်း ၁၈ဦးကို အသွားအလာကန့်သတ်ပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာမှာတော အလုပ်သမား ၈ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒေါက်တာခင်နိုင်ဦးကပြောပါတယ်။

” ဒီနေ့မနက်မှာ Positive ၉ဦး( စက်ရုံဝန်ထမ်း ၈ဦးပါ) ထပ်တွေ့တော့ လက်ရှိအခြေအနေအရ တာယာစက်ရုံကို အသွားအလာ အဝင်အထွက် ကန့်သတ်လိုက်ပြီးတော့ စက်ရုံထဲမှာပဲ CBFQ တစ်ခု ဖွင့်လိုက်တယ်။ ဖွင့်ပြီးတော့ အတည်ပြုလူနာတွေနဲ့ ထိတွေ့ဆက်စပ်သူတွေကို ထားလိုက်တယ်”လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်နိုင်ဦးကပြောပါတယ်။

အဲ့ဒီတာယာစက်ရုံမှာ ရိုးရိုးအရပ်သားဝန်ထမ်း ၄၄၅ ဦးနဲ့ နိုင်ငံ့ဝန်ထမ်း ၁၂၇ဦးရှိပြီး ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ဆက်စပ်သူတွေကို ကွာရန်တင်စင်တာ ၂ခုမှာ အသွားအလာကန့်သတ်ထားပြီး ကျန်ဝန်ထမ်းတွေကိုတော့ သူတို့နေထိုင်ရာကျေးရွာတွေရဲ့ စာသင်ကျောင်းတွေမှာ အသွားအလာကန့်သတ်နေထိုင်သွားဖို့အတွက် ဒီကနေ့( စက်တင်ဘာ ၁၈ရက်)မှာပဲ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အမှတ်(၂၂)တာယာစက်ရုံမှာ ကိုဗစ်ရောဂါပိုးတွေ့တဲ့လူနာများလာတဲ့အတွက် ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်လိုက်ပြီး လိုက်နာဆောင်ရွက်ဖို့ပျက်ကွက်ပါက ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်တယ်လို့လည်း ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဘီလင်း #ကိုဗစ်လူနာ #တာယာစက်ရုံ

Zawgyi

ကုိဗစ္လူနာ ၉ဦးေတြ႔တဲ့ ဘီလင္း အမွတ္-၂၂ တာယာစက္႐ုံကုိ ယာယီပိတ္၊ ကန္႔သတ္နယ္ေျမအျဖစ္သတ္မွတ္

ရန္ကုန္၊ စက္တင္ဘာ၁၈-၂၀၂၀
ေအးခ်မ္းသူ(VOM)

မြန္ျပည္နယ္၊ ဘီလင္းၿမိဳ႕နယ္႐ွိ အမွတ္-၂၂ တာယာစက္႐ုံမွာ ကုိဗစ္လူနာ ၉ဦးေတြ႔႐ွိခဲ့တာေၾကာင့္ စက္႐ုံကိုယာယီပိတ္ထားၿပီး စက္႐ုံ႐ွိအလုပ္သမားအားလုံး ကြာရန္တင္းထား႐ွိသြားမွာျဖစ္တဲ့အျပင္ စက္႐ုံကုိ ကန္႔သတ္နယ္ေျမအျဖစ္ကန္႔သတ္ခဲ့တယ္လို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာခင္ႏိုင္ဦးကေျပာပါတယ္။

၀န္ထမ္းအင္အား ၆၀၀ခန္႔ရွိတဲ့ အဲ့ဒီတာယာစက္႐ုံမွာ အလုပ္လုပ္ေနတဲ့ အလုပ္သမားတစ္ဦးဟာ စက္တင္ဘာ ၁၄ရက္က အနံ႔မရရွိတဲ့အတြက္ အသြားအလာကန္႔သတ္ၿပီး ဓာတ္ခြဲနမူရယူစစ္ေဆးခဲ့ရာ စက္တင္ဘာ ၁၆ရက္ေန႔မွာ ကိုဗစ္ေရာဂါးပိုးေတြ႔ရွိတယ္လို႔ အေျဖထြက္ခဲ့ပါတယ္။

အဲ့ဒီ ကိုဗစ္ေရာဂါပိုးေတြ႕တဲ့အလုပ္သမားနဲ႔ ထိေတြ႔ဆက္စပ္ခဲ့တဲ့ ၀န္ထမ္း ၁၈ဦးကို အသြားအလာကန္႔သတ္ၿပီး ဓာတ္ခြဲနမူနာရယူစစ္ေဆးခဲ့ရာမွာေတာ အလုပ္သမား ၈ဦးမွာ ေရာဂါပိုးေတြ႔ရွိခဲ့တာျဖစ္တယ္လို႔ ေဒါက္တာခင္ႏိုင္ဦးကေျပာပါတယ္။

” ဒီေန႔မနက္မွာ Positive ၉ဦး( စက္ရုံ၀န္ထမ္း ၈ဦးပါ) ထပ္ေတြ႔ေတာ့ လက္ရွိအေျခအေနအရ တာယာစက္ရုံကို အသြားအလာ အ၀င္အထြက္ ကန္႔သတ္လိုက္ၿပီးေတာ့ စက္ရုံထဲမွာပဲ CBFQ တစ္ခု ဖြင့္လိုက္တယ္။ ဖြင့္ၿပီးေတာ့ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႔ဆက္စပ္သူေတြကို ထားလိုက္တယ္”လို႔ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ေဒါက္တာခင္ႏိုင္ဦးကေျပာပါတယ္။

အဲ့ဒီတာယာစက္႐ုံမွာ ရိုးရိုးအရပ္သား၀န္ထမ္း ၄၄၅ ဦးနဲ႔ ႏိုင္ငံ့၀န္ထမ္း ၁၂၇ဦးရွိၿပီး ပိုးေတြ႔လူနာေတြနဲ႔ ထိေတြ႔ဆက္စပ္သူေတြကို ကြာရန္တင္စင္တာ ၂ခုမွာ အသြားအလာကန္႔သတ္ထားၿပီး က်န္၀န္ထမ္းေတြကိုေတာ့ သူတို႔ေနထိုင္ရာေက်းရြာေတြရဲ႔ စာသင္ေက်ာင္းေတြမွာ အသြားအလာကန္႔သတ္ေနထိုင္သြားဖို႔အတြက္ ဒီကေန႔( စက္တင္ဘာ ၁၈ရက္)မွာပဲ သက္ဆိုင္ရာ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အမွတ္(၂၂)တာယာစက္႐ုံမွာ ကုိဗစ္ေရာဂါပိုးေတြ႕တဲ့လူနာမ်ားလာတဲ့အတြက္ ကန္႔သတ္နယ္ေျမအျဖစ္သတ္မွတ္လုိက္ၿပီး လုိက္နာေဆာင္ရြက္ဖို႔ပ်က္ကြက္ပါက ကူးစက္ေရာဂါမ်ားကာကြယ္ႏွိမ္နင္းေရးဥပေဒအရ အေရးယူေဆာင္ရြက္သြားမည္ျဖစ္တယ္လို႔လည္း ထုတ္ျပန္ေၾကညာထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ဘီလင္း #ကိုဗစ္လူနာ #တာယာစက္ရံု

Related posts

Leave a Comment

VOM News

FREE
VIEW