ကိုဗစ် ၁၉နဲ့ပတ်သက်ပြီး တပ်မတော်ကလုပ်ဆောင်နေတာတွေဟာ တပ်မတော်သားတွေရဲ့အလှူငွေ ၊ ဦးပိုင် (MEC) အမြတ်ငွေနဲ့ တရုတ်ရဲ့ အကူအညီတွေကိုသာ သုံးစွဲတာသာဖြစ်
General Zaw Min Tun
ကိုဗစ် ၁၉နဲ့ပတ်သက်ပြီး တပ်မတော်ကလုပ်ဆောင်နေတာတွေဟာ တပ်မတော်သားတွေရဲ့အလှူငွေ ၊ ဦးပိုင် (MEC)အမြတ်ငွေနဲ့ တရုတ်ရဲ့ အကူအညီတွေကိုသာ သုံးစွဲတာသာဖြစ်
နေပြည်တော် စက်တင်ဘာ ၁၈-၂၀၂၀
တာတီး (VOM)
မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ရောဂါ ဒုတိယလှိုင်းဖြစ်လို့ ၆၁ယောက် သေဆုံးပြီး လူပေါင်း  ၄၂၉၉ဦး ကိုဗစ်ပိုးတွေ့ကာ သူတို့နဲ့ထိတွေ့မိလို့ သောင်းချီတဲ့ဒေသအသီးသီးကသူတွေဟာ စောင့်ကြည့်ကြပ်မတ် စစ်ဆေးမှုခံနေရပါတယ်။
ဒီအခြေအနေတွေကြောင့် အရပ်ဘက်ကျမ္မာရေးဝန်ထမ်းတွေနဲ့ လူမှုရေးအဖွဲ့တွေ နေ့မအားညမနား မနိုင်ဝန်ထမ်းနေချိန် တပ်မတော်ကရော ဘာတွေလုပ်ပေးနေသလဲ ? ဘယ်လိုတွေထောက်ပံ့ပေးတာတွေရှိသလဲ ? ဆိုတာ သိနိုင်ဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဗီအိုအမ်သတင်းထောက် တာတီးက သီးသန့်မေးမြန်းထားပါတယ်။
VOM- ဗိုလ်ချုပ်ခင်မျာ့ ပထမဆုံးအနေနဲ့ ကိုဗစ်ပိုးတွေ့ရှိထားတဲ့ တပ်မတော်သားအရေအတွက်တနိုင်ငံလုံးမှာဘယ်လောက်ရှိလဲသိပါရစေ။
ZMT-တစ်​နိုင်​ငံလုံးမ​နေ့ကအထိ.၁၆.၉.၂၀၂၀အထိ(၄၆)​ယေက်​ရှိပါတယ်​၊အဲဒီအထဲက၁၇​ယောက်​သည်​ပထမအသုတ်​ကပါ၊ ဒုတိယအသုတ်မှာ​တော့၂၉​ယောက်​ပါ၊ဒုတိယအသုတ် ၂၉​ယောက်​မှာတပ်​မ​တော်​သား​တွေ​ရောအငြိမ်းစား​တွေ​ရောတပ်​မ​တော်​သားမိသားစု​ဝင်တွေရော ပါပါတယ်။ အဲဒီထဲကမှ၁၇.၉.၂၀၂၀.ရက်​နေ့မှာ တစ်​ယောက်​ဆုံးပါးပါတယ်။ ဆရာမကြီး​ဒေါ်ခင်​အေးမြင့်​ဒုတိယဗိုလ်​မှူးကြီး(ငြိမ်း)ပါ။ အသက်​၆၅နှစ်​ပါ၊စမ်း​ချောင်းမှာ ​နေပါတယ်​။ အပြင်​မှာ​နေတာ​ပေါ့​နော်​။ တပ်​မ​တော်​သားအငြိမ်းစား​တွေကတပ်​မ​တော်​မှ​ဆေးကုသခွင့်​ရှိပါတယ်​။ သူကcovid 19​ရောဂါသံသယရှိလို့တပ်​မ​တော်​ဆေးကုသမှုခံယူရင်း​သေဆုံးတာ​ပေါ့
VOM-ကွာရန်တိုင်း ဝင်နေဆဲ၊ ဝင်ပြီး တပ်မတော်သားအရေအတွက်ဘယ်လောက်ရှိပါသလဲ?
ZMT-အဲဒါ​တော့​အတိအကျမသိ​သေးပါဘူး။ ဘာ​ကြောင့်​လဲ ဆိုတော့ ဆက်​စပ်​ပတ်​သက်​သူသံသယရှိသူအကုန်​ဝင်​ခိုင်းတာကြောင့်ပါ။
VOM- တပ်မတော်ကွာရန်တိုင်းစင်တာဘယ်လောက်အရေအတွက်ရှိလဲ?
ZMT- တပ်​မ​တော်​မှQ စင်​တာအ​ရေအတွက်​က​တော့တစ်​နိုင်​ငံလုံးမှာ(၁၆) ခုရှိပါတယ်​။
VOM-ဒီစင်တာတွေထဲမှာဘယ်လောက်ကျူဝင်သူရှိသွားလဲ? အရပ်သားတွေရောပါလား?တပ်မတော်မိသားစုတွေလား?
ZMT- ရန်​ကုန်​တိုင်းမှာဆိုလှိုင်​မှာ တပ်​မ​တော်​သား​တွေဝင်​နိုင်​တဲ့ အ​ရေအတွက်​တော့မ​ပြော​တော့ဘူး။ အရပ်​သားအ​ရေအတွက်​က ရန်​ကုန်​တိုင်းမှာ၁၀၈၀ဦး၊ မန္တ​လေးတိုင်းမှာ၈၆ဦး၊​ နေပြည်​တော်​မှာ၇၀၂၀၊​ ရွှေ​ညောင်​မှာ၉၀ဦး၊ ကျိုင်းတုံမှာ၁၄၄ဦး၊ ရမခဘက်​ လားရှိုးမှာ၈၀၀ဦး၊​ မော်​လမြိုင်​မှာ၇၀၀ဦး၊ မြိတ်​မှာ၁၂၀ဦး၊​ ကော့​သောင်းမှာ၄၀ဦး၊ မုံရွာမှာ၃၀၊​တောင်​ငူမှာ၈၀ဦး၊ ခိုလန်​မှာ၈၀ဦး  အားလုံး-၁၆​နေရာမှာအရပ်​သား၉၅၅၀ဦးစာအတွက်​ပြင်​ဆင်​ပေးထားပါတယ်​၊ အရပ်​သား​တွေအတွက်​ပြင်​ဆင်​ပေးထားတာ​ပေါ့​နော်​၊ အရပ်​သား​တွေဝင်​ပြီးတာက ရန်​ကုန်​လှိုင်​မှာလူဦး​ရေ၃၀၀၀​ကျော်​လောက်​ဝင်​ပြီးသွားပါပြီ၊​ နေပြည်​တော်​မှာဆိုရင်​လည်း လူဦး​ရေအဲဒီ​လောက်​ဝင်​ပြီးသွားပါပြီ။
VOM- ဒီကိုဗစ်ကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်ကတပ်မတော်ဘက်ဂျက်ထဲကကုန်ရလား? ပြည်ထောင်စုကထပ်ပေးလား?
ZMT- ဒီအသုံးစားရိတ်​တွေကတပ်​မ​တော်​ဘတ်​ဂျက်​ထဲကသုံး​နေတာမဟုတ်​ပါဘူးခင်​ဗျာ။ တပ်​မ​တော်​သားအားလုံးရဲ့ တစ်​ရက်​စာအလှူ​ငွေ၊ တစ်​လစာအလှူ​ငွေ​တွေက​နေပြီးသုံး​နေတာပါ၊ တစ်​ချို့ကိစ္စ​တွေမှာဦးပိုင်​နဲ့ MEC ရဲ့အမြတ်​ငွေ​တွေရှိပါတယ်​၊အမြတ်​ငွေအချို့ကို တပ်​မ​တော်​သက်​သာ​ချောင်​ချိ​ရေးရံပုံ​ငွေအဖြစ်​သုံးလို့ရတယ်​။ အဲဒီအထဲကသုံးပါတယ်​။
VOM-နိုင်ငံတကာအကူအညီရော တပ်မတော်ကရလား?
ZMT- နိုင်​ငံတကာအကူအညီက​တော့ တပ်​မ​တော်​ကိုတရုတ်​ကလာကူညီ​နေတာကို ကျွန်တော်​တို့သတင်းထုတ်​ပြန်​ပြီးဖြစ်​ပါတယ်​၊တရုတ်​ကွန်​မြူနစ်​ပါတီကကူညီတာရှိတယ်​၊တရုတ်​တပ်​မ​တော်​ကကူညီတာ​တွေရှိပါတယ်​။
VOM- စုစုပေါင်းဘယ်လောက်ကုန်ကျသွားပြီလဲ?
ZMT- ကုန်​ကျစားရိတ်​က​တော့​လော​လောဆယ်​ပြောလို့မရ​သေးပါဘူး ဒီအတွက်​စနစ်​တကျစာရင်းလုပ်​ထားပါတယ်​။
VOM-တခြားအခက်အခဲတို့ စိန်ခေါ်မှုတို့က ဘာတွေရှိမလဲ?
အခက်​အခဲစိန်​ခေါ်မှုက​တော့​ပြောရရင်​တပ်​မ​တော်​က Qစင်​တာ​တွေဖွင့်​ထားတယ်၊ ​ဒါ​ပေမယ့်​ရန်​ကုန်​မှာဖွင့်​ထားတဲ့ Q စင်​တာလှိုင်​မှာ ဝင်​သူကတစ်​ရာ​ကျော်​နှစ်​ရာနီးပါးဘဲရှိတယ်​၊​ နေပြည်​တော်​မှာလည်းလူဦး​ရေ ၂၀၀ နီးပါး ဘဲရှိတယ်​၊ကျန်​တဲ့ Q စင်​တာ​တွေမှာလည်း.​ရွှေ​ညောင်​မှာဝင်​တာရှိတယ်​၊ လူဦး​ရေ ၇၀​လောက်​ဘဲရှိတယ်​ဆို​တော့ ဘာ​ကြောင့်​တပ်​မ​တော်​ကဖွင့်​ထားတဲ့ Q စင်​တာ​တွေကိုအရပ်​သား​တွေဘာ​ကြောင့်​ရောက်​မလာတာလဲဆိုတဲ့ ကိစ္စ ပြည်​သူ​တွေကလည်းသိချင်​နေကြပါတယ်​။ တပ်​မ​တော်​ကာကွယ်​ရေးဦးစီးချူပ်​က covid 19 ညှိနှိုင်းအစည်းအ​ဝေးမှာ​ပြောခဲ့ပြီးဖြစ်​ပါတယ်။​၊အမျိုးသား​ရေးတာဝန်​တစ်​ရပ်​အ​နေနဲ့ မိမိတို့လုပ်စရာရှိတာကို တက်​တက်​ကြွကြွပူး​ပေါင်း​ဆောင်​ရွက်​သွားမယ်​လို့​ပြောပြီးဖြစ်​ပါတယ်​ဒါပါဘဲ။
#voiceofmyanmar #VOM #တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ #ဗိုလ်ချုပ်ဇော်မင်းထွန်း
zawgyi
တာတီး (VOM)
Related posts
Leave a Comment
VOM News
FREE
VIEW