ချင်းပြည်နယ်တောင်ပိုင်း တိုက်ပွဲရှောင်စခန်းက လူတစ်သောင်းကျော် နောက်၂ရက်နေရင် စားနပ်ရိက္ခာပြတ်ပြီ

ချင်းပြည်နယ်တောင်ပိုင်း တိုက်ပွဲရှောင်စခန်းက လူတစ်သောင်းကျော် နောက်၂ရက်နေရင် စားနပ်ရိက္ခာပြတ်ပြီ

ပက်လက်၀ ၊ စက်တင်ဘာ ၁၈ ၊ ၂၀၂၀
ကိုတိုးကြီး (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်းပိုင်းမှာ တပ်မတော်နဲ့ အေအေ တို့အကြား မကြာခဏ စစ်ရေးထိတွေ့မှုတွေဖြစ်ပွားပြီး ဒေသခံ ပြည်သူတစ်သောင်းကျော် နေရပ်စွန့်ခွာခဲ့တဲ့အတွက် ပက်လက်ဝမြို့နယ်ထဲက တိုက်ပွဲရှောင် (IDPs Camp ) စခန်း လေးနေရာမှာ အသီးသီး ခိုးလှုံနေထိုင်ကြတာဖြစ်ပါတယ်။

အဲ့ဒီ တိုက်ပွဲရှောင်စခန်းတွေဆီကို စားနပ်ရိက္ခာနဲ့ ကူညီထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ပေးတဲ့ လမ်းကြောင်းတွေဟာ စက်တင်ဘာ ၁၁ရက်ကစပြီး ကိုဗစ် ၁၉ ရောဂါနဲ့ လုံခြုံရေး အခြေအနေတွေရ ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်ဘက်မှာ လမ်းပိတ်ထားတဲ့အတွက် တိုက်ပွဲရှောင်စခန်းတွေဆီကို ထောက်ပံ့ရေးပစ္စည်းတွေ အချိန်မှီမရောက်နိုင်တာဖြစ်တယ်လို့လည်း သိရပါတယ် ။

“ ဒီလ စက်တင်ဘာ ၂၀ ရက်ဆိုရင် WRP က ထောက်ပံ့ပေးထားတဲ့ ဆန်က ကုန်ပြီ ၊ အစိုးရအဖွဲ့ ကပေးတဲ့ ဆန်လည်း လောလောဆယ်တော့ မရှိသေးဘူး ၊ အလှူရှင်တွေ လှူထားတဲ့ ပိုက်ဆံနဲ့ ဆန်ဝယ်မယ်ဆိုတော့လည်း ပလက်ဝမြို့ပေါ်မှာက ဆန်တစ်အိတ်ကို အခုဆို ငါးသောင်းခွဲ ၊ ခြောက်သောင်း ဆိုတော့ အလှူရှင် ရန်ပုံငွေပိုက်ဆံနဲ့ မဝယ်လောက်ဘူး ၊ အဓိက ပြောချင်တာက စားနပ်ရိက္ခာ ခက်ခဲနေတာပဲဖြစ်တယ် ” လို့ တိုက်ပွဲရှောင်ပြည်သူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဦးဇာနီက ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲရှောင်ပြည်သူများအရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ(RRCCI) ရဲ့ စာရင်းတွေအရ ပလက်၀ တိုက်ပွဲရှောင်းစခန်းမှာ လူဦးရေ (၄၈၀၀) ကျော်၊ ဆမီးမြို့ တိုက်ပွဲရှောင်စခန်းမှာ လူဦးရေ (၂၉၀၀) ကျော်၊ မီးဇာကျေးရွာ တိုက်ပွဲရှောင်စခန်းမှာ လူဦးရေ (၂၀၀၀) ကျော်နဲ့ စိမ့်စင်းကျေးရွာ တိုက်ပွဲရှောင် စခန်းမှာ လူဦးရေ(၂၀၀)နီးပါးခန့် ခိုလှုံတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

အဲ့ဒီ တိုက်ပွဲရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့ တိုက်ပွဲရှောင် ပြည်သူတစ်သောင်းကျော်ရဲ့ အခြေခံစားသောက်ကုန်နဲ့ ကူညီထောက်ပံ့ရေးပစ္စည်းတွေကို ချင်းပြည်နယ်အစိုးရအဖွဲ့ ၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီထောက်ပံ့နေရတာပဲဖြစ်ပါတယ်။

စက်တင်ဘာ ၁၁ ကစပြီး အချိန်တပတ်ကြာ ပိတ်ထားတဲ့ လမ်းကြောင်းတွေ ပြန်လည်ဖွင့်ပေးနိုင်ခြင်း မရှိသေးတဲ့အတွက် အဲ့ဒီ တိုက်ပွဲရှောင်စခန်းတွေမှာ အခြေခံစားသောက်ကုန် ပြတ်လပ်နေတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၀ ဇန်နဝါရီ ၁ရက်နေ့ကနေ စက်တင်ဘာ ၁၈ရက်အတွင်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းအကြား စစ်ရေးထိတွေ့မှု အကြိမ်ပေါင်း (၂၀) ဝန်းကျင်ရှိတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Photo- ပလက်၀ တိုက်ပွဲရှောင်စခန်း
#voiceofmyanmar #VOM #ပလက်ဝ #တိုက်ပွဲရှောင်စခန်း #ရိက္ခာပြတ်
Zawgyi
ခ်င္းျပည္နယ္ေတာင္ပိုင္း တိုက္ပြဲေရွာင္စခန္းက လူတစ္ေသာင္းေက်ာ္ ေနာက္၂ရက္ေနရင္ စားနပ္ရိကၡာျပတ္ၿပီ

ပက္လက္၀ ၊ စက္တင္ဘာ ၁၈ ၊ ၂၀၂၀
ကိုတိုးၾကီး (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ေတာင္းပိုင္းမွာ တပ္မေတာ္နဲ႔ ေအေအ တို႔အၾကား မၾကာခဏ စစ္ေရးထိေတြ႕မႈေတြျဖစ္ပြားျပီး ေဒသခံ ျပည္သူတစ္ေသာင္းေက်ာ္ ေနရပ္စြန္႔ခြာခဲ့တဲ့အတြက္ ပက္လက္၀ျမိဳ႕နယ္ထဲက တိုက္ပြဲေရွာင္ (IDPs Camp ) စခန္း ေလးေနရာမွာ အသီးသီး ခိုးလႈံေနထိုင္ၾကတာျဖစ္ပါတယ္။

အဲ႔ဒီ တိုက္ပြဲေရွာင္စခန္းေတြဆီကို စားနပ္ရိကၡာနဲ႔ ကူညီေထာက္ပံ႔ေရးပစၥည္းေတြပို႔ေဆာင္ေပးတဲ႔ လမ္းေၾကာင္းေတြဟာ စက္တင္ဘာ ၁၁ရက္ကစၿပီး ကိုဗစ္ ၁၉ ေရာဂါနဲ႔ လံုျခံဳေရး အေျခအေနေတြရ ရခိုင္ျပည္နယ္ေျမာက္ပိ္ုင္း ေက်ာက္ေတာ္ျမိဳ႕နယ္ဘက္မွာ လမ္းပိတ္ထားတဲ႔အတြက္ တိုက္ပြဲေရွာင္စခန္းေတြဆီကို ေထာက္ပံ႔ေရးပစၥည္းေတြ အခ်ိန္မီွမေရာက္နိုင္တာျဖစ္တယ္လို႔လည္း သိရပါတယ္ ။

“ ဒီလ စက္တင္ဘာ ၂၀ ရက္ဆိုရင္ WRP က ေထာက္ပံ႔ေပးထားတဲ႔ ဆန္က ကုန္ျပီ ၊ အစိုးရအဖြဲ႔ ကေပးတဲ႔ ဆန္လည္း ေလာေလာဆယ္ေတာ႔ မရွိေသးဘူး ၊ အလွဴရွင္ေတြ လွဴထားတဲ႔ ပိုက္ဆံနဲ႔ ဆန္၀ယ္မယ္ဆိုေတာ႔လည္း ပလက္၀ျမိဳ႕ေပၚမွာက ဆန္တစ္အိတ္ကို အခုဆို ငါးေသာင္းခြဲ ၊ ေျခာက္ေသာင္း ဆိုေတာ႔ အလွဴရွင္ ရန္ပံုေငြပိုက္ဆံနဲ႔ မ၀ယ္ေလာက္ဘူး ၊ အဓိက ေျပာခ်င္တာက စားနပ္ရိကၡာ ခက္ခဲေနတာပဲျဖစ္တယ္ ” လို႔ တိုက္ပြဲေရွာင္ျပည္သူေတြကို ကူညီေဆာင္ရြက္ေပးေနတဲ႔ ဦးဇာနီက ေျပာပါတယ္။

ခ်င္းျပည္နယ္ေတာင္ပိုင္းက တိုက္ပြဲေရွာင္ျပည္သူမ်ားအေရးေပၚကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရးေကာ္မတီ(RRCCI) ရဲ႕ စာရင္းေတြအရ ပလက္၀ တိုက္ပြဲေရွာင္းစခန္းမွာ လူဦးေရ (၄၈၀၀) ေက်ာ္၊ ဆမီးၿမိဳ႕ တိုက္ပြဲေရွာင္စခန္းမွာ လူဦးေရ (၂၉၀၀) ေက်ာ္၊ မီးဇာေက်းရြာ တိုက္ပြဲေရွာင္စခန္းမွာ လူဦးေရ (၂၀၀၀) ေက်ာ္နဲ႔ စိမ့္စင္းေက်းရြာ တိုက္ပြဲေရွာင္ စခန္းမွာ လူဦးေရ(၂၀၀)နီးပါးခန္႔ ခိုလႈံတိမ္းေရွာင္ေနၾကတယ္လို႔ သိရပါတယ္။

အဲ႔ဒီ တိုက္ပြဲေရွာင္စခန္းေတြမွာ ခိုလႈံေနၾကတဲ႔ တိုက္ပြဲေရွာင္ ျပည္သူတစ္ေသာင္းေက်ာ္ရဲ႕ အေျခခံစားေသာက္ကုန္နဲ႔ ကူညီေထာက္ပံ႔ေရးပစၥည္းေတြကို ခ်င္းျပည္နယ္အစိုးရအဖြဲ႔ ၊ ကမၻာ႔စားနပ္ရိကၡာ အစီအစဥ္ (WFP)နဲ႔ အရပ္ဘက္အဖြဲ႔အစည္းေတြက ၀ိုင္း၀န္းကူညီေထာက္ပံ႔ေနရတာပဲျဖစ္ပါတယ္။

စက္တင္ဘာ ၁၁ ကစၿပီး အခ်ိန္တပတ္ၾကာ ပိတ္ထားတဲ႔ လမ္းေၾကာင္းေတြ ျပန္လည္ဖြင္႔ေပးနိုင္ျခင္း မရွိေသးတဲ႔အတြက္ အဲ႔ဒီ တိုက္ပြဲေရွာင္စခန္းေတြမွာ အေျခခံစားေသာက္ကုန္ ျပတ္လပ္ေနတဲ႔ အခက္အခဲနဲ႔ ရင္ဆိုင္ေနရတာျဖစ္တယ္လို႔ သိရပါတယ္။

၂၀၂၀ ဇန္န၀ါရီ ၁ရက္ေန႔ကေန စက္တင္ဘာ ၁၈ရက္အတြင္း ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ေဒသနဲ႔ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းအၾကား စစ္ေရးထိေတြ႔မႈ အၾကိမ္ေပါင္း (၂၀) ၀န္းက်င္ရွိတယ္လို႔ ေဒသခံျပည္သူေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

Photo- ပလက္၀ တိုက္ပြဲေရွာင္စခန္း
#voiceofmyanmar #VOM #ပလက္ဝ #တိုက္ပြဲေရွာင္စခန္း #ရိကၡာျပတ္

Related posts

Leave a Comment

VOM News

FREE
VIEW