စစ်တွေမြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကိုဗစ်ပိုးတွေ့တဲ့အတွက် မြို့မရဲစခန်းကို လော့ခ်ဒေါင်းချ

စစ်တွေမြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကိုဗစ်ပိုးတွေ့တဲ့အတွက် မြို့မရဲစခန်းကို လော့ခ်ဒေါင်းချ

စစ်တွေ၊ စက်တင်ဘာ ၁၈- ၂၀၂၀
ထက်အောင်စိုင်း(VOM)

စစ်တွေမြို့မှာ ကိုဗစ်ပိုးတွေ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိလာပြီး မြို့မအမှတ်(၁) ရဲစခန်း က လုံခြုံရေးတပ်ဖွဲ့ဝင်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိတာဖြစ်တဲ့အတွက် ရဲစခန်းကို လော့ဒေါင်းချထားရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့နဲ့ မနေ့စက်တင်ဘာ၁၇ရက် နေ့လယ်ပိုင်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကထုတ်ပြန်တဲ့စာရင်းထဲမှာ စစ်တွေမြို့မရဲစခန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ကိုဗစ်ပိုးတွေ့ရှိတာဖြစ်တယ်လို့ သိရပါတယ်။

စစ်တွေမြို့မ အမှတ်(၁) ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေမှာ ကိုဗစ်ပိုးတွေ့တာနဲ့ ပတ်သက်ပြီး အခြေအနေတွေကို သိရှိနိုင်ဖို့ စစ်တွေဆေးရုံအုပ်ကြီး (ညွှန်ကြားရေးမှူး) ဒေါက်တာဇော်လွင်ကို ဆက်သွယ်မေးမြန်းရာမှာတော့” လက်ရှိဆေးရုံမှာ ကိုဗစ် ၁၉ ပိုးတွေ့လူနာက (၂၀၀) လောက်ရှိတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း တချို့တဝက်လောက်ပါတယ်။ စာရင်းကတော့ တချို့တဝက်ပါတာပေါ့။ တိတိကျကျကိုလည်း ဆရာတို့က သေချာပြန်ကြည့်မှရမှာလေနော်။ ပါတော့ပါတယ် အလွတ်မရလို့၊ သိပ်အများကြီးတော့ မဟုတ်ဘူး။” လို့ ပြောပါတယ်။

စစ်တွေမြို့မရဲစခန်းမှ စခန်းမှူးကို ဖုန်းနဲ့ဆက်သွယ်ရရှိနိုင်ဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

စစ္ေတြၿမိဳ႕မွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ ကိုဗစ္ပိုးေတြ႕တဲ့အတြက္ ၿမိဳ႕မရဲစခန္းကို ေလာ့ခ္ေဒါင္းခ်

စစ္ေတြ၊ စက္တင္ဘာ ၁၈- ၂၀၂၀
ထက္ေအာင္စိုင္း(VOM)

စစ္ေတြၿမိဳ႕မွာ ကိုဗစ္ပိုးေတြ႕တဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြရွိလာၿပီး ၿမိဳ႕မအမွတ္(၁) ရဲစခန္း က လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ ပိုးေတြ႕ရွိတာျဖစ္တဲ့အတြက္ ရဲစခန္းကို ေလာ့ေဒါင္းခ်ထားရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၅ ရက္ေန႔နဲ႔ မေန႔စက္တင္ဘာ၁၇ရက္ ေန႔လယ္ပိုင္းက က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကထုတ္ျပန္တဲ့စာရင္းထဲမွာ စစ္ေတြၿမိဳ႕မရဲစခန္းက လုံၿခဳံေရးတပ္ဖြဲ႕ဝင္တခ်ိဳ႕ ကိုဗစ္ပိုးေတြ႕ရွိတာျဖစ္တယ္လို႔ သိရပါတယ္။

စစ္ေတြၿမိဳ႕မ အမွတ္(၁) ရဲစခန္းက ရဲတပ္ဖြဲ႕ဝင္ေတြမွာ ကိုဗစ္ပိုးေတြ႕တာနဲ႔ ပတ္သက္ၿပီး အေျခအေနေတြကို သိရွိႏိုင္ဖို႔ စစ္ေတြေဆး႐ုံအုပ္ႀကီး (ၫႊန္ၾကားေရးမႉး) ေဒါက္တာေဇာ္လြင္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့” လက္ရွိေဆး႐ုံမွာ ကိုဗစ္ ၁၉ ပိုးေတြ႕လူနာက (၂၀၀) ေလာက္ရွိတယ္။ အဲဒီထဲမွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကလည္း တခ်ိဳ႕တဝက္ေလာက္ပါတယ္။ စာရင္းကေတာ့ တခ်ိဳ႕တဝက္ပါတာေပါ့။ တိတိက်က်ကိုလည္း ဆရာတို႔က ေသခ်ာျပန္ၾကည့္မွရမွာေလေနာ္။ ပါေတာ့ပါတယ္ အလြတ္မရလို႔၊ သိပ္အမ်ားႀကီးေတာ့ မဟုတ္ဘူး။” လို႔ ေျပာပါတယ္။

စစ္ေတြၿမိဳ႕မရဲစခန္းမွ စခန္းမႉးကို ဖုန္းနဲ႔ဆက္သြယ္ရရွိႏိုင္ဖို႔ႀကိဳးစားခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာမရွိပါဘူး။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW