အမေရိကန်တာဝန်ရှိသူတစ်ဦး ထိုင်ဝမ်ရောက်ရှိချိန် ကျွန်းအနီးမှာ တရုတ်စစ်ရေးလေ့ကျင့်

အမေရိကန်တာဝန်ရှိသူတစ်ဦး ထိုင်ဝမ်ရောက်ရှိချိန် ကျွန်းအနီးမှာ တရုတ်စစ်ရေးလေ့ကျင့်

ပေကျင်း၊ စက်တင်ဘာ-၁၈-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်ထိပ်တန်းတာဝန်ရှိသူတစ်ဦးနဲ့ ထိုင်ဝမ်တာဝန်ရှိသူတွေအကြား တိုင်ပေမှာ အဆင့်မြင့်ဆွေးနွေးပွဲတွေစတင်တဲ့နေ့မှာပဲ ထိုင်ဝမ်ရေလက်ကြားအနီးမှာ စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံက စက်တင်ဘာ ၁၈ ရက်မှာ စတင်လိုက်ပါတယ်။

တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားတဲ့ ထိုင်ဝမ်နဲ့ အမေရိကန်တို့အကြား နီးကပ်တဲ့ဆက်ဆံရေးကို တရုတ်နိုင်ငံက ပြစ်တင်ရှုတ်ချနေခဲ့ပါတယ်။

ထိုင်ဝမ်နဲ့ အမေရိကန် ဆက်ဆံရေးကို နီးကပ်တဲ့ဆက်ဆံရေးကို တရုတ်နိုင်ငံက စောင့်ကြည့်နေပြီး ကျွန်းအနီးမှာ လွန်ခဲ့တဲ့သီတင်းပတ်ကလည်း ဝေဟင်နဲ့ ပင်လယ်ပြင် အကြီးစားစစ်ရေးလေ့ကျင့်မှုကို နှစ်ရက်ကြာပြုလုပ်တာတွေ အပါအဝင် စစ်ရေးလှုပ်ရှားမှုတွေ တိုးမြင့်လုပ်ဆောင်ခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက်မှာ စတင်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် လေ့ကျင့်မှုကို ထိုင်ဝမ်ရေလက်ကြားအနီးပြုလုပ်နေတာဖြစ်ကာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ အရှေ့ပိုင်းစစ်ဌာနချုပ် ပါဝင်ခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဂူချန်က ပြောပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ ထိုင်ဝမ်ရေလက်ကြား လက်ရှိအခြေအနေအရ ကျိုးကြောင်း ဆီလျော်ပြီး လိုအပ်သည့်လုပ်ဆောင်မှုတစ်ရပ်ဖြစ်ကာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့မှုကို ကာကွယ်စောင့်ရှောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

မကြာသေးမီက အမေရိကန်နဲ့ ထိုင်ဝမ်ရှိ ဒီမိုကရက်တစ်တိုးတက်ရေးပါတီအာဏာပိုင်တွေဟာ ပူးပေါင်းဆက်ဆံရေးတွေတိုးမြှင့်ခဲ့ပြီး မကြာခဏဆိုသလို မတည်မငြိမ်ဖြစ်စေဖို့ ဖန်တီးနေကြောင်း ထိုင်ဝမ်အာဏာရပါတီကို ရည်ညွှန်းပြီး တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဂူချန်က ပြောဆိုပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ပေကျင်း

Zawgyi

အေမရိကန္တာ၀န္ရိွသူတစ္ဦး ထိုင္၀မ္ေရာက္ရိွခ်ိန္ ကြ်န္းအနီးမွာ တရုတ္စစ္ေရးေလ႔က်င္႔

ေပက်င္း၊ စက္တင္ဘာ-၁၈-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္ထိပ္တန္းတာ၀န္ရိွသူတစ္ဦးနဲ႔ ထိုင္၀မ္တာ၀န္ရိွသူေတြအၾကား တိုင္ေပမွာ အဆင္႔ျမင္႔ေဆြးေႏြးပြဲေတြစတင္တဲ့ေန႔မွာပဲ ထိုင္၀မ္ေရလက္ၾကားအနီးမွာ စစ္ေရးေလ႔က်င္႔မႈကို တရုတ္နုိင္ငံက စက္တင္ဘာ ၁၈ ရက္မွာ စတင္လိုက္ပါတယ္။

တရုတ္နုိင္ငံက ပိုင္ဆိုင္တယ္လို႔ အခိုင္အမာဆိုထားတဲ႔ ထိုင္၀မ္နဲ႔ အေမရိကန္္တို႔အၾကား နီးကပ္တဲ႔ဆက္ဆံေရးကို တရုတ္နုိင္ငံက ျပစ္တင္ရႈတ္ခ်ေနခဲ႔ပါတယ္။

ထိုင္၀မ္နဲ႔ အေမရိကန္ ဆက္ဆံေရးကို နီးကပ္တဲ့ဆက္ဆံေရးကို တရုတ္နိုင္ငံက ေစာင္႔ၾကည္႔ေနျပီး ကြ်န္းအနီးမွာ လြန္ခဲ႔တဲ႔သီတင္းပတ္ကလည္း ေ၀ဟင္နဲ႔ ပင္လယ္ျပင္ အၾကိီးစားစစ္ေရးေလ႔က်င္႔မႈကို နွစ္ရက္ၾကာျပဳလုပ္တာေတြ အပါအ၀င္ စစ္ေရးလႈပ္ရွားမႈေတြ တိုးျမင္႔လုပ္ေဆာင္ခဲ႔ပါတယ္။

စက္တင္ဘာ ၁၈ ရက္မွာ စတင္ခဲ႔တဲ႔ စစ္ေရးေလ႔က်င္႔မႈနဲ႔ ပတ္သက္္ျပီး အေသးစိတ္ထုတ္ေဖာ္ေျပာဆိုျခင္း မရိွေပမယ္႔ ေလ႔က်င္႔မႈကို ထိုင္၀မ္ေရလက္ၾကားအနီးျပဳလုပ္ေနတာျဖစ္ကာ တရုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ရဲ႕ အေရွ႕ပိုင္းစစ္ဌာနခ်ဳပ္ ပါ၀င္ခဲ႔တယ္လို႔ တရုတ္ကာကြယ္ေရး၀န္ၾကီးဌာန ေျပာေရးဆိုခြင္႔ရိွသူ ရန္ဂူခ်န္က ေျပာပါတယ္။

ဒီလိုလုပ္ေဆာင္တာဟာ ထိုင္၀မ္ေရလက္ၾကား လက္ရိွအေျခအေနအရ က်ိဳးေၾကာင္း ဆီေလ်ာ္ျပီး လိုအပ္သည္႔လုပ္ေဆာင္မႈတစ္ရပ္ျဖစ္ကာ တရုတ္နုိင္ငံရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ နယ္ေျမတည္တံ႔မႈကို ကာကြယ္ေစာင္႔ေရွာက္တာျဖစ္တယ္လို႔ ဆိုပါတယ္။

မၾကာေသးမီက အေမရိကန္နဲ႔ ထိုင္၀မ္ရိွ ဒီမိုကရက္တစ္တိုးတက္ေရးပါတီအာဏာပိုင္ေတြဟာ ပူးေပါင္းဆက္ဆံေရးေတြတိုးျမွင္႔ခဲ႔ျပီး မၾကာခဏဆိုသလို မတည္မျငိမ္ျဖစ္ေစဖို႔ ဖန္တီးေနေၾကာင္း ထိုင္၀မ္အာဏာရပါတီကို ရည္ညႊန္းျပီး တရုတ္ကာကြယ္ေရး၀န္ၾကီးဌာန ေျပာေရးဆိုခြင္႔ရိွသူ ရန္ဂူခ်န္က ေျပာဆိုပါတယ္။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ေပက်င္း

Related posts

Leave a Comment

VOM News

FREE
VIEW