ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ စိုင်းသန်းထိုက်(ပြည်သူ့ပါတီ ၊ ပြည်ကြီးတံခွန် မဲဆန္ဒနယ် ၂)

ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ စိုင်းသန်းထိုက်(ပြည်သူ့ပါတီ ၊ ပြည်ကြီးတံခွန် မဲဆန္ဒနယ် ၂)

ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း ၄၆၀၀ကျော်ကူးစက်ခံရပြီး ၇၅ ဦးသေဆုံးတဲ့ ကာလမှာ ရွေးကောက်ပွဲမဲဆွယ်ရတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Voice Of Myanmar (VOM) သတင်းဌာနရဲ့ စတူရီယိုကို မဲဆွယ်ဖို့လိုအပ်နေတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေအတွက် အသုံးပြုခွင့်ပေးပြီး အွန်လိုင်းကနေ အစီအစဉ်တွေတင်ပေးခြင်းနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ပြည်သူအများ ကိုဗစ်၁၉ ပိုးကူးမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်မှာဖြစ်ပါတယ်။ VOM ကိုချိတ်ဆက်လာတဲ့ နိုင်ငံရေးပါတီတွေထဲကနေ ပြည်သူ့ပါတီ (PP) ရဲ့ ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ်(၂) ရဲ့ကိုယ်စားလှယ်လောင်း စိုင်းသန်းထိုက်နဲ့ မိတ်ဆက်ပေးပါရစေ။

#voiceofmyanmar #VOM #လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက် #ပြည်သူ့ပါတီ #စိုင်းသန်းထိုက်

Zawgyi




Related posts

Leave a Comment

VOM News

FREE
VIEW