တပ်မတော် ကွာရန်တင်းစင်တာတွေမှာ လူဦးရေ ၈ ထောင်လောက် လက်ခံနိုင်ဖို့ရှိနေသေး

တပ်မတော် ကွာရန်တင်းစင်တာတွေမှာ လူဦးရေ ၈ ထောင်လောက် လက်ခံနိုင်ဖို့ရှိနေသေး

နေပြည်တော်၊ စက်တင်ဘာ ၂၁-၂၀၂၀
ကိုလတ် (VOM)

တပ်မတော်ရဲ့ Quarantine စင်တာတွေမှာ လူဦးရေ ၈ ထောင်လောက် လက်ခံနိုင်သေးတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရတွေကနေပြီးရင် ကျန်းမာရေးဝန်ကြီးဌာနက လွှတ်ပေးတဲ့သူတွေပဲ ကျွန်တော်တို့ လက်ခံလို့ရတာပေါ့၊ သူတု့ိလွှတ်ပေးတဲ့သူတွေလောက်ပဲပေါ့။ ရန်ကုန်၊ နေပြည်တော်တို့မှာ သူတို့လွှတ်ပေးတဲ့သူတွေ အကုန်လုံးကတော့ ထိုင်း/တရုတ် နိုင်ငံတွေက ပြန်လာတဲ့သူတွေ တခြားနယ်စပ်နိုင်ငံက ပြန်လာတဲ့သူတွေပဲ လွှတ်ပေးတာများပါတယ်။ နောက်ထပ် လူဦးရေ ၈ ထောင်လောက် လက်ခံလို့ရပါသေးတယ်”လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်အနေနဲ့ ရန်ကုန်၊ နေပြည်တော်၊ ကျိုင်းတုံ၊ မော်လမြိုင်၊ လာရှိုး၊ ကော့သောင်း၊ ညောင်ရွှေ ဒေသတွေအပါအဝင် တစ်နိုင်ငံလုံးမှာ Quarantine စင်တာ ၁၆ ခုဖွင့်လှစ်ထားရှိပြီး ဆေးစစ်မှုနဲ့ စားသောက်စရိတ်တွေကို တပ်မတော်ကသာ အကုန်အကျခံ ဆောင်ရွက်ပေးတာလို့လည်း ပြောပါတယ်။

“ဒီ Q စင်တာမှာ ဆေးစစ်တာတွေပြီးရင် ကျွေးတာမွေးတာတွေကအစ ရက်ပြည့်လို့ ပြန်လွှတ်တာတွေကို တပ်မတော်ရဲ့ တပ်မတော်သား မိသားစုတွေ လှူဒါန်းထားတဲ့ တပ်မတော် စစ်သည်တွေ လှူဒါန်းထားတဲ့ ရံပုံငွေထဲကနေ ကျွန်တော်တို့ အခမဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်”လု့ိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

နေပြည်တော်က တပ်မတော် Quarantine စင်တာမှာ လူဦးရေ ၇၀၀ နီးပါး၊ ရန်ကုန်က Quarantine စင်တာမှာ လူဦးရေ ၁ ထောင်နီးပါးနဲ့ မော်လမြိုင်က Quarantine စင်တာမှာဆိုရင် လူဦးရေ ၇၀၀ နီးပါးလောက် လက်ခံနိုင်အောင် ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

“ကျွန်တော်က နေပြည်တော်ကဆိုတော့ နေပြည်တော်အနေနဲ့ပဲ ပြောပြပါမယ်။ ပြည်ပပြန်တွေရော၊ ပြည်တွင်း Stay Home မြို့နယ်တွေကလာတဲ့သူတွေကိုရော ပို့ပါတယ်။ ပို့ပြီးတော့ အဲ့ဒီမှာလည်း ၂၁ ရက်ထားပါတယ်။ ၂၁ ရက်နဲ့ဆိုတာ နည်းတဲ့အင်အားမဟုတ်ပါဘူး။ ထားတာတော့ အခုထက်ထိ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ဆီက ဆေးအဖွဲ့ တစ်ဖွဲ့လည်း ရွာတော်မှာ သွားချထားပြီးတော့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။ ဒီမှာတော့ အဆင်ပြေပါတယ်ဗျ။ နေပြည်တော်မှာတော့ အကုန်ပို့တယ်။ စည်ပင်ဧည့်ရိပ်သာ Q စင်တာ ရပ်သွားတာတောင်မှ ရွာတော် Q စင်တာက တစ်ခုတည်းအနေနဲ့ ကျန်ခဲ့တာ။ ရွာတော်နဲ့ပဲ ဆက်ပြီးတော့ တောက်လျှောက် တာဝန်ယူဆောင်ရွက်ပေးနေတာပါဗျ ”လို့ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

တပ်မတော်က ဖွင့်ထားတဲ့ Quarantine စင်တာ ၁၆ ခုမှာ လူဦးရေ ၈ ထောင်ကျော် နဲ့ ၉ ထောင်နီးပါး လက်ခံနိုင်တဲ့အကြောင်းကိုလည်း သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေကို ကိုဗစ်စတင်ဖြစ်ပွားချိန်ကတည်းက အကြောင်းကြားထားခဲ့ပြီးဖြစ်တယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #တပ်ကွာရန်တင်းစင်တာ

Zawgyi

တပ္မေတာ္ ကြာရန္တင္းစင္တာေတြမွာ လူဦးေရ ၈ ေထာင္ေလာက္ လက္ခံႏိုင္ဖို႔ရွိေနေသး

ေနျပည္ေတာ္၊ စက္တင္ဘာ ၂၁-၂၀၂၀
ကိုလတ္ (VOM)

တပ္မေတာ္ရဲ႕ Quarantine စင္တာေတြမွာ လူဦးေရ ၈ ေထာင္ေလာက္ လက္ခံႏိုင္ေသးတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔မွ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ျပည္နယ္နဲ႔တိုင္းေဒသႀကီးအစိုးရေတြကေနၿပီးရင္ က်န္းမာေရးဝန္ႀကီးဌာနက လႊတ္ေပးတဲ႔သူေတြပဲ ကြ်န္ေတာ္တို႔ လက္ခံလို႔ရတာေပါ႔၊ သူတု႔ိလႊတ္ေပးတဲ႔သူေတြေလာက္ပဲေပါ႔။ ရန္ကုန္၊ ေနျပည္ေတာ္တို႔မွာ သူတို႔လႊတ္ေပးတဲ႔သူေတြ အကုန္လုံးကေတာ႔ ထိုင္း/တ႐ုတ္ ႏိုင္ငံေတြက ျပန္လာတဲ႔သူေတြ တျခားနယ္စပ္ႏိုင္ငံက ျပန္လာတဲ႔သူေတြပဲ လႊတ္ေပးတာမ်ားပါတယ္။ ေနာက္ထပ္ လူဦးေရ ၈ ေထာင္ေလာက္ လက္ခံလို႔ရပါေသးတယ္”လို႔ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

တပ္မေတာ္အေနနဲ႔ ရန္ကုန္၊ ေနျပည္ေတာ္၊ က်ဳိင္းတုံ၊ ေမာ္လၿမိဳင္၊ လာရႈိး၊ ေကာ႔ေသာင္း၊ ေညာင္ေရႊ ေဒသေတြအပါအဝင္ တစ္ႏိုင္ငံလုံးမွာ Quarantine စင္တာ ၁၆ ခုဖြင္႔လွစ္ထားရွိၿပီး ေဆးစစ္မႈနဲ႔ စားေသာက္စရိတ္ေတြကို တပ္မေတာ္ကသာ အကုန္အက်ခံ ေဆာင္ရြက္ေပးတာလို႔လည္း ေျပာပါတယ္။

“ဒီ Q စင္တာမွာ ေဆးစစ္တာေတြၿပီးရင္ ေကြ်းတာေမြးတာေတြကအစ ရက္ျပည္႔လို႔ ျပန္လႊတ္တာေတြကို တပ္မေတာ္ရဲ႕ တပ္မေတာ္သား မိသားစုေတြ လွဴဒါန္းထားတဲ႔ တပ္မေတာ္ စစ္သည္ေတြ လွဴဒါန္းထားတဲ႔ ရံပုံေငြထဲကေန ကြ်န္ေတာ္တို႔ အခမဲ႔ ေဆာင္ရြက္ေပးလ်က္ရွိပါတယ္”လု႔ိ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ေနျပည္ေတာ္က တပ္မေတာ္ Quarantine စင္တာမွာ လူဦးေရ ၇၀၀ နီးပါး၊ ရန္ကုန္က Quarantine စင္တာမွာ လူဦးေရ ၁ ေထာင္နီးပါးနဲ႔ ေမာ္လၿမိဳင္က Quarantine စင္တာမွာဆိုရင္ လူဦးေရ ၇၀၀ နီးပါးေလာက္ လက္ခံႏိုင္ေအာင္ ေဆာင္ရြက္ထားတယ္လို႔ ေျပာပါတယ္။

“ကြ်န္ေတာ္က ေနျပည္ေတာ္ကဆိုေတာ႔ ေနျပည္ေတာ္အေနနဲ႔ပဲ ေျပာျပပါမယ္။ ျပည္ပျပန္ေတြေရာ၊ ျပည္တြင္း Stay Home ၿမိဳ႕နယ္ေတြကလာတဲ႔သူေတြကိုေရာ ပို႔ပါတယ္။ ပို႔ၿပီးေတာ႔ အဲ႔ဒီမွာလည္း ၂၁ ရက္ထားပါတယ္။ ၂၁ ရက္နဲ႔ဆိုတာ နည္းတဲ႔အင္အားမဟုတ္ပါဘူး။ ထားတာေတာ႔ အခုထက္ထိ ကြ်န္ေတာ္တို႔ ပူးေပါင္းေဆာင္ရြက္လ်က္ရွိပါတယ္။ ကြ်န္ေတာ္တို႔ဆီက ေဆးအဖြဲ႔ တစ္ဖြဲ႔လည္း ရြာေတာ္မွာ သြားခ်ထားၿပီးေတာ႔ သူတို႔နဲ႔ ပူးေပါင္းေဆာင္ရြက္ပါတယ္။ ဒီမွာေတာ႔ အဆင္ေျပပါတယ္ဗ်။ ေနျပည္ေတာ္မွာေတာ႔ အကုန္ပို႔တယ္။ စည္ပင္ဧည္႔ရိပ္သာ Q စင္တာ ရပ္သြားတာေတာင္မွ ရြာေတာ္ Q စင္တာက တစ္ခုတည္းအေနနဲ႔ က်န္ခဲ႔တာ။ ရြာေတာ္နဲ႔ပဲ ဆက္ၿပီးေတာ႔ ေတာက္ေလွ်ာက္ တာဝန္ယူေဆာင္ရြက္ေပးေနတာပါဗ် ”လို႔ ေနျပည္ေတာ္၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာျမတ္ဝဏၰစိုးက ေျပာပါတယ္။

တပ္မေတာ္က ဖြင္႔ထားတဲ႔ Quarantine စင္တာ ၁၆ ခုမွာ လူဦးေရ ၈ ေထာင္ေက်ာ္ နဲ႔ ၉ ေထာင္နီးပါး လက္ခံႏိုင္တဲ႔အေၾကာင္းကိုလည္း သက္ဆိုင္ရာအစိုးရအဖြဲ႔အစည္းေတြကို ကိုဗစ္စတင္ျဖစ္ပြားခ်ိန္ကတည္းက အေၾကာင္းၾကားထားခဲ႔ၿပီးျဖစ္တယ္လို႔လည္း ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္ #တပ္ကြာရန္တင္းစင္တာ

Related posts

Leave a Comment

VOM News

FREE
VIEW