တရုတ်က ရန်စလာရင် တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ထိုင်ဝမ်စစ်ဘက် သတိပေး

တရုတ်က ရန်စလာရင် တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ထိုင်ဝမ်စစ်ဘက် သတိပေး

တိုင်ပေ၊ စက်တင်ဘာ၂၁-၂၀၂၀
မျိုးဆက်(VOM)

တရုတ်နိုင်ငံရဲ့ နှောက်ယှက်မှုတွေ ခြိမ်းခြောက်မှုတွေရှိနေချိန်မှာ ထိုင်ဝမ် စစ်ဘက်အနေနဲ့ မိမိကိုယ်ကိုကာကွယ်ရေးနဲ့ တုံ့ပြန်တိုက်ခိုက်ဖို့အတွက် အခွင့်အရေးရှိတယ်လို့ တရုတ်နိုင်ငံကို ထိုင်ဝမ်က သတိပေးပြောဆိုလိုက်ပါတယ်။

တရုတ်တိုက်လေယာဉ်တွေဟာ ထိုင်ဝမ်လေပိုင်နက်အတွင်းကို လွန်ခဲ့တဲ့သီတင်းပတ်က ဝင်ရောက်ပျံသန်းခဲ့တာကြောင့် ထိုင်ဝမ်တိုက်လေယာဉ်က ကြားဖြတ်ဟန့်တားခဲ့ရပြီး ဒီလုပ်ရပ်ဟာ ဒေသတစ်ခုလုံးကို ခြိမ်းခြောက်လိုက်တာလို့ ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်က ဆိုပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် တရုတ်နဲ့ ထိုင်ဝမ်တို့အကြား ဆက်ဆံရေးဟာ တင်းမာမှုတွေမြင့်တက်နေပါတယ်။

တရုတ်နိုင်ငံကတော့ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပြီး လိုအပ်လာရင် စစ်အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

အခုနှစ်အတွင်းမှာ ရန်သူရဲ့ စစ်သင်္ဘောတွေ၊ လေယာဉ်တွေရဲ့ နှောက်ယှက်မှုတွေ ခြိမ်းခြောက်မှုတွေက မကြာခဏဆိုသလို မြင့်တက်နေပြီး ထိုင်ဝမ်ရဲ့ ပထမဆုံးတုံ့ပြန်မှုအတွက် လုပ်ထုံးလုပ်နည်းတွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတယ်လို့ ထိုင်ဝမ်စစ်ဘက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုယ့်ကိုကိုယ်ကာကွယ်ရေးနဲ့ တန်ပြန်တိုက်ခိုက်ရေးပြုဖို့ ထိုင်ဝမ်မှာအခွင့်အရေးရှိနေပြီး ပဋိပက္ခတွေအရှိန်မြင့်မလာစေရေးနဲ့ မတော်ဆမှုတွေ မဖြစ်ပွားဖို့ လမ်းညွှန်ချက်တွေကို လိုက်နာတယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်အနေနဲ့ ရန်စတဲ့လုပ်ရပ်တွေကို လုပ်မှာမဟုတ်ပေမယ့် ရန်သူကိုတော့ ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ ထိုင်ဝမ်စစ်ဘက်က ထုတ်ပြန်ထားပါတယ်။

Ref: CNA
Photo: Reuters
#voiceofmyanmar #VOM #တိုင်ပေ

Zawgyi

တရုတ္က ရန္စလာရင္ တံု႔ျပန္တိုက္ခိုက္သြားမယ္လို႔ ထိုင္၀မ္စစ္ဘက္ သတိေပး

တိုင္ေပ၊ စက္တင္ဘာ၂၁-၂၀၂၀
မ်ိဳးဆက္(VOM)

တရုတ္နုိင္ငံရဲ႕ ေနွာက္ယွက္မႈေတြ ျခိမ္းေျခာက္မႈေတြရိွေနခ်ိန္မွာ ထိုင္၀မ္ စစ္ဘက္အေနနဲ႔ မိမိကိုယ္ကိုကာကြယ္ေရးနဲ႔ တုံ႕ျပန္တိုက္ခိုက္ဖို႔အတြက္ အခြင္႔အေရးရိွတယ္လို႔ တရုတ္နုိင္ငံကို ထိုင္၀မ္က သတိေပးေျပာဆိုလိုက္ပါတယ္။

တရုတ္တိုက္ေလယာဥ္ေတြဟာ ထိုင္၀မ္ေလပိုင္နက္အတြင္းကို လြန္ခဲ႔တဲ႔သီတင္းပတ္က ၀င္ေရာက္ပ်ံသန္းခဲ႔တာေၾကာင္႔ ထိုင္၀မ္တိုိက္ေလယာဥ္က ၾကားျဖတ္ဟန္႔တားခဲ႔ရျပီး ဒီလုပ္ရပ္ဟာ ေဒသတစ္ခုလံုးကို ျခိမ္းေျခာက္လုိက္တာလို႔ ထို္င္၀မ္သမၼတဆိုင္အင္း၀မ္က ဆိုပါတယ္။

အဲဒီျဖစ္စဥ္ေၾကာင္႔ တရုတ္နဲ႔ ထိုင္၀မ္တို႔အၾကား ဆက္ဆံေရးဟာ တင္းမာမႈေတြျမင္႔တက္ေနပါတယ္။

တရုတ္နိုင္ငံကေတာ႔ ထိုင္၀မ္ကြ်န္းကို ပိုင္ဆုိင္တယ္လို႔ အခိုင္အမာေျပာဆိုထားျပီး လိုအပ္လာရင္ စစ္အင္အားသံုးမယ္လို႔ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

အခုနွစ္အတြင္းမွာ ရန္သူရဲ႕ စစ္သေဘၤာေတြ၊ ေလယာဥ္ေတြရဲ႕ ေနွာက္ယွက္မႈေတြ ျခိမ္းေျခာက္မႈေတြက မၾကာခဏဆိုသလို ျမင္႔တက္ေနျပီး ထိုင္၀မ္ရဲ႕ ပထမဆံုးတံု႕ျပန္မႈအတြက္ လုပ္ထံုးလုပ္နည္းေတြကို ရွင္းရွင္းလင္းလင္း သတ္မွတ္ထားတယ္လို႔ ထိုင္၀မ္စစ္ဘက္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကိုယ္႔ကိုကိုယ္ကာကြယ္ေရးနဲ႔ တန္ျပန္တိုက္ခိုက္ေရးျပဳဖို႔ ထိုင္၀မ္မွာအခြင္႔အေရးရိွေနျပီး ပဋိပကၡေတြအရွိန္ျမင္႔မလာေစေရးနဲ႔ မေတာ္ဆမႈေတြ မျဖစ္ပြားဖို႔ လမ္းညႊန္ခ်က္ေတြကို လိုက္နာတယ္လို႔ ဆိုပါတယ္။

ထိုင္၀မ္အေနနဲ႔ ရန္စတဲ႔လုပ္ရပ္ေတြကို လုပ္မွာမဟုတ္ေပမယ္႔ ရန္သူကိုေတာ႔ ေၾကာက္ရြံ႕ေနမွာမဟုတ္ဘူးလို႔ ထိုင္၀မ္စစ္ဘက္က ထုတ္ျပန္ထားပါတယ္။

Ref: CNA
Photo: Reuters
#voiceofmyanmar #VOM #တိုင္ေပ

Related posts

Leave a Comment

VOM News

FREE
VIEW