မန္တလေး လူငယ်သင်တန်းကျောင်းမှာသေဆုံးခဲ့တဲ့ကလေးနှစ်ယောက်အမှုအတွက် ဝန်ထမ်းအပါအဝင်ကျောင်းသား၁၆ယောက်ကိုအမှုဖွင့်တာမှာ မသက်ဆိုင်သူတွေပါနေလို့ မိဘတွေမကျေနပ်

#youth training school

မန္တလေး လူငယ်သင်တန်းကျောင်းမှာသေဆုံးခဲ့တဲ့ကလေးနှစ်ယောက်အမှုအတွက် ဝန်ထမ်းအပါအဝင်ကျောင်းသား၁၆ယောက်ကိုအမှုဖွင့်တာမှာ မသက်ဆိုင်သူတွေပါနေလို့ မိဘတွေမကျေနပ်

 

မန္တလေး၊စက်တင်ဘာ၂၁- ၂၀၂၀

ရှိုင်းအောင်(VOM)

 

ဇူလိုင်လကုန်ပိုင်းက မန္တလေးလူငယ်သင်တန်းကျောင်းကနေထွက်ပြေးလို့  ရိုက်နှက်ခံရပြီး သေဆုံးသွားတဲ့ လူငယ် ၂ယောက်အမှုအတွက် အမှုဖွင့်ခံထားရတဲ့ကလေးတွေထဲမှာမဆိုင်တဲ့သူတွေပါနေပြီးလူသတ်မှုကျူးလွန်တယ်လို့အထက်လူကြီးတွေကဖိအားပေးစေခိုင်းနေတာကို  တရားစွဲဆိုခံထားရတဲ့ကလေးတွေရဲ့မိသားစုတွေကမကျေမနပ်ဖြစ်နေကြပါတယ်။

 

“ အခုလောလောဆယ်ကျမသားရော တခြားကလေးတွေရော မလုပ်ပဲနဲ့ခံရတဲ့အတွက်မကျေနပ်ဘူးပေါ့ဆရာမတွေကမင်းတို့ကိုငါတို့ကလွတ်အောင်လုပ်ပေးမယ်လို့ပြောတဲ့စကားကိုနားယောင်နေတဲ့အတွက်သူတို့လည်းစဉ်းစားနေတာပေါ့၊ဒီကိစ္စနဲ့ပါတ်သက်ပြီးရှေ့နေငှားမယ်ဆိုရင်လည်းကျောင်းကငှားပေးတဲ့ရှေ့နေကိုပဲငှားရမယ်လို့ပြောတယ်အဲ့ဒါတော့မတရားဘူလို့ကျမထင်တယ်သူတို့လူငယ်သင်တန်းကျောင်းကကလေးတွေနဲ့လည်းတွေ့ခွင့်မပေးဘူးအပြစ်ရှိတဲ့သူတွေကအပြင်ရောက်နေပြီးတော့မလုပ်တဲ့သူတွေကအစားထိုးခံနေရတာမကျေနပ်ဘူး အမှန်တရားအတိုင်းဖြစ်စေချင်ပါတယ်” လို့ အမှုဖွင့်ခံရတဲ့ လူငယ်တယောက်ရဲ့ မိခင်က ပြောပါတယ်။

 

 

လူသတ်မှုနဲ့အမှုဖွင့်ခံထားရတဲ့ကလေးတွေရဲ့မိသားစုကတော့”ရဲစခန်းကိုမေးကြည့်တော့လည်း ကျမတို့ကလေးကိုထိုးတဲ့၊ကြိတ်တဲ့ရိုက်တဲ့၊နှက်တဲ့အထဲမှာပါပါတယ်လို့ပြောတယ်၊ကျမသားနဲ့တွေ့တုန်းကမေးကြည့်တော့သူကအဲ့ဒီအထဲမှာမပါဘူးအဆောင်ထဲကအဆောင်အပြင်ကိုထွက်လို့မရဘူး၊ထွက်ပြေးတဲ့ကလေးတွေကိုပြန်မိတော့ရုံးခန်းထဲမှာရိုက်နှက်နေကြတာ  ၁နာရီခွဲ၂နာရီလောက်ကြာတယ်၊ပြီးတော့ကျမှကလေး၅ယောက်စလုံးကိုအဆောင်တွေကိုခွဲပို့တယ်၊သေတဲ့ကလေးကကျမသားနေတဲ့အဆောင်ထဲကိုရောက်လာတော့သူတို့ပို့လာတဲ့အချိန်မှာထိုးပြီးတော့မှောက်ရက်ကြီးထိုးထားခဲ့တယ်၊ဘာလို့အမှုတွဲထဲပါတယ်ဆိုတာကိုကျမတို့ကိုကျောင်းကလည်းမပြောဘူးရဲကလည်းမပြောဘူး၊ကလေးနဲ့တွေ့တော့ကျတော်တို့ကိုကျောင်းကသက်သေထွက်ဖို့လိုက်သွားလို့ပြောပါတယ်၊ဒါပေမယ့်ရဲစခန်းရောက်တော့မင်းသူ့ကိုထိုးတယ်ဆိုမင်းသူ့ကိုရိုက်တယ်ဆို၊လည်ပင်းတွေရောညှစ်တယ်ဆို၊မင်းသေအောင်သူ့ကိုသတ်လိုက်တာမင်းလုပ်တယ်မဟုတ်လားမေးတော့ကလေးက  မလုပ်တဲ့အကြောင်းကိုပြောတယ်၊ကျတော်တို့အဆောင်ကိုတက်လာကတည်းကသူကပျော့ခွေပြီးတော့ထတောင်မထနိုင်ဘူးဆိုတဲ့အကြောင်းရဲကိုပြောပြတယ်ပေါ့နော်“  လို့  မိခင်တယောက်က ပြောပါတယ်။

 

လူသတ်မှုနဲ့အမှုဖွင့်ခံထားရတဲ့ကိစ္စနဲ့ပါတ်သက်ပြီးလူငယ်သင်တန်းကျောင်းကတာဝန်ရှိသူကို ဆက်သွယ်မေမြန်းတဲ့အခါမှာတော့  “ဝန်ထမ်းတွေပါအမှုဖွင့်ခံထားရတာမှန်ပါတယ်၊အသေးစိတ်ကိုတော့ပြောပိုင်ခွင့်မရှိပါဘူး”လို့ဖြေကြားခဲ့ပါတယ်။

 

ဒီအမှုမှာ လူသတ်မှု၊ အားပေးအားမြှောက်ပြုလုပ်မှုနဲ့ တရားစွဲခံရပြီး အိုးဘိုထောင်ပိုခံထားရတဲ့ မန္တလေး လူငယ်သင်တန်းကျောင်းက ဝန်ထမ်း ၂ယောက်ရဲ့ မိဘတွေကလည်းနေပြည်တော်က သမ္မတရုံးကို  စက်တင်ဘာလ၁၇ရက်နေ့က တင်ပြတိုင်ကြားထားကြပါတယ်။

 

အလုပ်တာဝန်ချိန်အတွင်းလူသတ်မှုကျူးလွန်တယ်လို့ဝန်ခံဖို့အထက်လူကြီးတွေကအတင်းဝန်ခံခိုင်းနေပြီးလူသတ်မှုနဲ့  အောင်မြေသာစံမြို့နယ်၊အမှတ်၂ရဲစခန်းမှာမောင်လောထန်း၊မောင်ဘောင်ယိမ်းနဲ့တခြားရုံးဝန်ထမ်း၃ယောက်ကိုလူသတ်မှုနဲ့အားပေးကူညီမှုပုဒ်မ( ၃၀၂/၁၁၄)နဲ့တရားစွဲဆိုခံထားရတာဟာ တရားမျှတမှုမရှိဘူးဆိုပြီး နိုင်ငံတော်သမ္မတကို တင်ပြအကူညီတောင်းခံထားတာတွေ့ရပါတယ်။

 

ဒီကိစ္စနဲ့ပါတ်သက်ပြီးမန္တလေးလူငယ်သင်တန်းကျောင်းမှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်း၅ဦးအပါအဝင်ကျောင်းသား၁၁ဦးဟာလူသတ်မှုနဲ့အားပေးကူညီမှုပုဒ်မ( ၃၀၂/၁၁၄)နဲ့အောင်မြေသာစံမြို့နယ်၊အမှတ်၂ရဲစခန်းမှာအမှုဖွင့်ထားတာဖြစ်ပါတယ်။

 

 

သင်တန်းကျောင်းကနေထွက်ပြေးလို့ရိုက်နှက်ခံရတဲ့ကလေး၅ဦးထဲကမောင်ပြည့်ဖြိုးမောင်(ခ) ဒွေးပေါက်စနဲ့ ၊ မောင်ခိုင်ဇော်ထွန်းတို့ ၂ဦးဟာဇူလိုင်လကုန်ပိုင်းက သေဆုံးခဲ့တာဖြစ်ပြီးဒီဖြစ်စဉ်ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက်  လူငယ်သင်တန်းကျောင်းရဲ့ကျောင်းအုပ်ဆရာဖြစ်တဲ့ဦးနေအောင်ကျော်ကိုတော့တာဝန်နဲ့ ရွာငံနယ်ကိုရွှေ့ပြောင်းလိုက်ပါတယ်၊

အဲဒီကိစ္စဖြစ်ပြီးနောက် ကျောင်းအုပ်အသစ်ကို တာဝန်ပေးပြီး ပုံစံပြောင်းအုပ်ချုပ်နေလို့ သင်တန်းကျောင်းက လူငယ်တွေ အနေအစားကြပ်တည်းမှုတွေရှိနေတယ်လို့လည်း သင်တန်းကျောင်းမှာထိမ်းသိမ်းခံရတဲ့ တခြားကလေးတွေရဲ့ မိဘတွေအပြောအရသိရပါတယ်။

 

#VOM  #VoiceofMyanmar #လူငယ်သင်တန်းကျောင်း#ရိုက်နှက်ခံရမှု#လူသတ်မှု

Zawgyi

မႏၲေလး လူငယ္သင္တန္းေက်ာင္းမွာ ေသဆုံးခဲ့တဲ့ ကေလးႏွစ္ေယာက္အမႈအတြက္ ဝန္ထမ္းအပါအဝင္ ေက်ာင္းသား ၁၆ ေယာက္ကို အမႈဖြင့္တာမွာ မသက္ဆိုင္သူေတြပါေနလို႔ မိဘေတြမေက်နပ္

မႏၲေလး ၊ စက္တင္ဘာ ၂၁ – ၂၀၂၀
ရႈိင္းေအာင္(VOM)

ဇူလိုင္လကုန္ပိုင္းက မႏၲေလးလူငယ္သင္တန္းေက်ာင္းကေနထြက္ေျပးလို႔ ႐ိုက္ႏွက္ခံရၿပီး ေသဆုံးသြားတဲ့ လူငယ္ ၂ေယာက္အမႈအတြက္ အမႈဖြင့္ခံထားရတဲ့ ကေလးေတြထဲမွာ မဆိုင္တဲ့သူေတြပါေနၿပီး လူသတ္မႈက်ဴးလြန္တယ္လို႔ အထက္လူႀကီးေတြက ဖိအားေပးေစခိုင္းေနတာကို တရားစြဲဆိုခံထားရတဲ့ ကေလးေတြရဲ႕ မိသားစုေတြက မေက်မနပ္ျဖစ္ေနၾကပါတယ္။

“ အခုေလာေလာဆယ္ က်မသားေရာ တျခားကေလးေတြေရာ မလုပ္ပဲနဲ႔ ခံရတဲ့အတြက္ မေက်နပ္ဘူးေပါ့ ဆရာမေတြက မင္းတို႔ကို ငါတို႔က လြတ္ေအာင္လုပ္ေပးမယ္လို႔ ေျပာတဲ့စကားကို နားေယာင္ေနတဲ့အတြက္ သူတို႔လည္းစဥ္းစားေနတာေပါ့၊ ဒီကိစၥနဲ႔ပါတ္သက္ၿပီး ေရွ႕ေနငွားမယ္ဆိုရင္လည္း ေက်ာင္းကငွားေပးတဲ့ေရွ႕ေနကိုပဲ ငွားရမယ္လို႔ ေျပာတယ္ အဲ့ဒါေတာ့ မတရားဘူလို႔က်မထင္တယ္ သူတို႔လူငယ္သင္တန္းေက်ာင္းက ကေလးေတြနဲ႔လည္းေတြ႕ခြင့္မေပးဘူး အျပစ္ရွိတဲ့သူေတြက အျပင္ေရာက္ေနၿပီးေတာ့ မလုပ္တဲ့သူေတြက အစားထိုးခံေနရတာ မေက်နပ္ဘူး အမွန္တရားအတိုင္းျဖစ္ေစခ်င္ပါတယ္” လို႔ အမႈဖြင့္ခံရတဲ့ လူငယ္တေယာက္ရဲ႕ မိခင္က ေျပာပါတယ္။

လူသတ္မႈနဲ႔ အမႈဖြင့္ခံထားရတဲ့ ကေလးေတြရဲ႕ မိသားစုကေတာ့ “ရဲစခန္းကို ေမးၾကည့္ေတာ့လည္း က်မတို႔ကေလးကို ထိုးတဲ့၊ ႀကိတ္တဲ့ ႐ိုက္တဲ့၊ ႏွက္တဲ့အထဲမွာပါပါတယ္လို႔ေျပာတယ္၊ က်မသားနဲ႔ေတြ႕တုန္းကေမးၾကည့္ေတာ့ သူက အဲ့ဒီအထဲမွာမပါဘူး အေဆာင္ထဲက အေဆာင္အျပင္ကို ထြက္လို႔မရဘူး၊ ထြက္ေျပးတဲ့ကေလးေတြကို ျပန္မိေတာ့ ႐ုံးခန္းထဲမွာ ႐ိုက္ႏွက္ေနၾကတာ ၁ နာရီခြဲ ၂ နာရီေလာက္ၾကာတယ္၊ ၿပီးေတာ့က်မွ ကေလး ၅ ေယာက္စလုံးကို အေဆာင္ေတြကို ခြဲပို႔တယ္၊ ေသတဲ့ကေလးက က်မသားေနတဲ့အေဆာင္ထဲကိုေရာက္လာေတာ့ သူတို႔ပို႔လာတဲ့အခ်ိန္မွာ ထိုးၿပီးေတာ့ ေမွာက္ရက္ႀကီးထိုးထားခဲ့တယ္၊ ဘာလို႔အမႈတြဲထဲပါတယ္ဆိုတာကို က်မတို႔ကို ေက်ာင္းကလည္းမေျပာဘူး ရဲကလည္းမေျပာဘူး၊ ကေလးနဲ႔ေတြ႕ေတာ့ က်ေတာ္တို႔ကို ေက်ာင္းက သက္ေသထြက္ဖို႔လိုက္သြားလို႔ေျပာပါတယ္၊ ဒါေပမယ့္ရဲစခန္းေရာက္ေတာ့ မင္းသူ႔ကိုထိုးတယ္ဆို မင္းသူ႔ကို႐ိုက္တယ္ဆို၊ လည္ပင္းေတြေရာညႇစ္တယ္ဆို၊ မင္းေသေအာင္သူ႔ကို သတ္လိုက္တာ မင္းလုပ္တယ္မဟုတ္လားေမးေတာ့ ကေလးက မလုပ္တဲ့အေၾကာင္းကိုေျပာတယ္၊ က်ေတာ္တို႔အေဆာင္ကို တက္လာကတည္းက သူက ေပ်ာ့ေခြၿပီးေတာ့ ထေတာင္မထႏိုင္ဘူးဆိုတဲ့အေၾကာင္း ရဲကိုေျပာျပတယ္ေပါ့ေနာ္ “ လို႔ မိခင္တေယာက္က ေျပာပါတယ္။

လူသတ္မႈနဲ႔ အမႈဖြင့္ခံထားရတဲ့ ကိစၥနဲ႔ပါတ္သက္ၿပီး လူငယ္သင္တန္းေက်ာင္းက တာဝန္ရွိသူကို ဆက္သြယ္ေမျမန္းတဲ့အခါမွာေတာ့ “ဝန္ထမ္းေတြပါ အမႈဖြင့္ခံထားရတာမွန္ပါတယ္၊ အေသးစိတ္ကိုေတာ့ ေျပာပိုင္ခြင့္မရွိပါဘူး” လို႔ ေျဖၾကားခဲ့ပါတယ္။

ဒီအမႈမွာ လူသတ္မႈ၊ အားေပးအားေျမႇာက္ျပဳလုပ္မႈနဲ႔ တရားစြဲခံရၿပီး အိုးဘိုေထာင္ပိုခံထားရတဲ့ မႏၲေလး လူငယ္သင္တန္းေက်ာင္းက ဝန္ထမ္း ၂ေယာက္ရဲ႕ မိဘေတြကလည္း ေနျပည္ေတာ္က သမၼတ႐ုံးကို စက္တင္ဘာလ ၁၇ ရက္ေန႔က တင္ျပတိုင္ၾကားထားၾကပါတယ္။

အလုပ္တာဝန္ခ်ိန္အတြင္း လူသတ္မႈက်ဴးလြန္တယ္လို႔ဝန္ခံဖို႔ အထက္လူႀကီးေတြက အတင္းဝန္ခံခိုင္းေနၿပီး လူသတ္မႈနဲ႔ ေအာင္ေျမသာစံၿမိဳ႕နယ္၊ အမွတ္ ၂ ရဲစခန္းမွာ ေမာင္ေလာထန္း၊ ေမာင္ေဘာင္ယိမ္းနဲ႔ တျခား႐ုံးဝန္ထမ္း ၃ ေယာက္ကို လူသတ္မႈနဲ႔ အားေပးကူညီမႈ ပုဒ္မ ( ၃၀၂/၁၁၄)နဲ႔ တရားစြဲဆိုခံထားရတာဟာ တရားမွ်တမႈမရွိဘူးဆိုၿပီး ႏိုင္ငံေတာ္သမၼတကို တင္ျပအကူညီေတာင္းခံထားတာေတြ႕ရပါတယ္။

ဒီကိစၥနဲ႔ပါတ္သက္ၿပီး မႏၲေလးလူငယ္သင္တန္းေက်ာင္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္း ၅ ဦးအပါအဝင္ ေက်ာင္းသား ၁၁ ဦးဟာ လူသတ္မႈနဲ႔ အားေပးကူညီမႈ ပုဒ္မ ( ၃၀၂/၁၁၄)နဲ႔ ေအာင္ေျမသာစံၿမိဳ႕နယ္၊ အမွတ္ ၂ ရဲစခန္းမွာ အမႈဖြင့္ထားတာျဖစ္ပါတယ္။

သင္တန္းေက်ာင္းကေန ထြက္ေျပးလို႔ ႐ိုက္ႏွက္ခံရတဲ့ ကေလး ၅ ဦးထဲက ေမာင္ျပည့္ၿဖိဳးေမာင္(ခ) ေဒြးေပါက္စနဲ႔ ၊ ေမာင္ခိုင္ေဇာ္ထြန္းတို႔ ၂ ဦးဟာ ဇူလိုင္လကုန္ပိုင္းက ေသဆုံးခဲ့တာျဖစ္ၿပီး ဒီျဖစ္စဥ္ကို ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က ကြင္းဆင္းစစ္ေဆးခဲ့ၿပီးေနာက္ လူငယ္သင္တန္းေက်ာင္းရဲ႕ ေက်ာင္းအုပ္ဆရာျဖစ္တဲ့ ဦးေနေအာင္ေက်ာ္ကိုေတာ့ တာဝန္နဲ႔ ႐ြာငံနယ္ကိုေ႐ႊ႕ေျပာင္းလိုက္ပါတယ္၊
အဲဒီကိစၥျဖစ္ၿပီးေနာက္ ေက်ာင္းအုပ္အသစ္ကို တာဝန္ေပးၿပီး ပုံစံေျပာင္းအုပ္ခ်ဳပ္ေနလို႔ သင္တန္းေက်ာင္းက လူငယ္ေတြ အေနအစားၾကပ္တည္းမႈေတြရွိေနတယ္လို႔လည္း သင္တန္းေက်ာင္းမွာထိမ္းသိမ္းခံရတဲ့ တျခားကေလးေတြရဲ႕ မိဘေတြအေျပာအရသိရပါတယ္။

#VOM #VoiceofMyanmar #လူငယ္သင္တန္းေက်ာင္း #႐ိုက္ႏွက္ခံရမႈ #လူသတ္မႈ

Related posts

Leave a Comment

VOM News

FREE
VIEW