မုံရွာမှာ ရခိုင်အရေး စတစ်ကာကမ်ပိန်း ထပ်လုပ်တဲ့သူတွေကို ရဲတပ်ဖွဲ့ကဖမ်းဆီး

မုံရွာမှာ ရခိုင်အရေး စတစ်ကာကမ်ပိန်း ထပ်လုပ်တဲ့သူတွေကို ရဲတပ်ဖွဲ့ကဖမ်းဆီး

မုံရွာ၊ စက်တင်ဘာ ၂၁ – ၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး စတစ်ကာကမ်ပိန်း ထပ်လုပ်တဲ့သူတွေကို မနေ့ စက်တင်ဘာ ၂၀ရက်နေ့ နေ့လယ်ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“ အမှတ် ၁ ရဲစခန်းရှေ့က လမ်းပေါ်မှာ စတစ်ကာလိုက်ကပ်နေတဲ့ ကလေးသုံးယောက်ကို ဖမ်းသွားတာမြင်လိုက်တယ် ၊ အဖမ်းခံရသူတွေဟာ ကျောင်းသားလား အရပ်သားလားဆိုတာတော့ မသိဘူး ”လို့ ဖမ်းဆီးတာကို မျက်မြင်တွေ့ရှိလိုက်တဲ့ ကိုဇော်ဇော်က ပြောပါတယ်။

အဲ့ဒီ ဖမ်းဆီးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ မုံရွာမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ “ဖမ်းဆီးတာတော့ရှိတယ် အသေးစိပ်အခြေအနေကို ဘာမှ ဖွင့်ပြောလို့ မရသေးဘူး”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၁ရက် မနက်ပိုင်းကလည်း မုံရွာခရိုင် စီမံခန့်ခွဲမှုကော်မတီရုံးမှာ စတစ်ကာကမ်ပိန်းပြုလုပ်လို့ ဖမ်းဆီးခံရသူတွေကို တရားစွဲဆိုနိုင်ရေးအတွက် အစည်းအဝေးတစ်ရပ် လုပ်ဆောင်နေတယ်လို့ ခရိုင်စီမံခန့်ခွဲမှုနဲ့ နီးစပ်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

“ အဲ့ဒီလှုပ်ရှားမှုက ကျွန်တော်တို့အဖွဲ့ထဲက ကလေးတွေမဟုတ်ဘူး ၊ သတင်းတော့ အတိအကျ မသိရသေးဘူး ၊ အရပ်သားတွေလည်းပါနေတယ် ၊ ဗကသနဲ့ တိုက်ရိုက်ပတ်သက်တာ မဖြစ်နိုင်ဘူး ” လို့ ဗကသအဖွဲ့ဝင်ဟောင်းတစ်ဦးကပြောပါတယ်။

အခုရက်ပိုင်း ဗကသအဖွဲ့ဝင်ကျောင်းသားတွေဟာ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ဖြစ်စဉ်တွေကို ပြည်သူတွေသိရှိဖို့ လိုတယ်ဆိုပြီး တပ်မတော်ကိုဆန့်ကျင့်ကြောင်း စာသားတွေပါဝင်တဲ့ စတစ်ကာတွေကို လမ်းမကြီးမှာရှိတဲ့ ဓာတ်မီးတိုင်လိုနေရာမျိုးနဲ့ အခြားလူမြင်ကွင်းနေရာတွေမှာ လိုက်လံကပ်နေတာပဲဖြစ်ပါတယ်။

“ ကျွန်တော့်သားက ကျောင်းပြီးပြီ ၊ နိုင်ငံရေး စိတ်ဝင်စားမှုနဲ့ နိုင်ငံရေးလှုပ်ရှားမှု တစ်ခုမှ မရှိခဲ့ဘူး ၊ အခုဆို ပွဲတော်အုပ် လက်ဘက်ဆိုင်မှာ အလုပ်ဝင်လုပ်နေတာ ၊ ဘယ်အဖွဲ့အစည်းမှ ပါဝင်လှုပ်ရှားတာ မရှိဘူး ၊ အခုဖမ်းခံရတာ သွေးရိုးသားရိုတော့ မဖြစ်နိုင်ဘူး ၊ ရဲစခန်းကလည်း ကျွန်တော့်သားကို ကျွန်တော်နဲ့ တွေ့ခွင့်မပေးဘူး ၊ ဘာကြောင့်ဖမ်းတယ် ၊ ဘာပုဒ်မတွေနဲ့ ဖမ်းတယ်ဆိုတာ ဖွင့်ပြောတာမျိုးမရှိတော့ ကျွန်တော်တို့က အရမ်းစိတ်ပူတယ် ” လို့ မနေ့က စတစ်ကာကမ်ပိန်းမှာ ပါဝင်လှုပ်ရှားခဲ့လို့ ဖမ်းဆီးခံရတဲ့ ကိုစိုးမင်းထက် (ခ) မင်းအောင်ရဲ့ ဖခင်ဖြစ်သူ ဦးရဲနောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မန္တလေးမြို့မှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး ဆန္ဒပြလှုပ်ရှားခဲ့တဲ့ ဗကသအဖွဲ့ဝင် ကျောင်းသား ၁၃ ဦးကို ရဲတပ်ဖွဲ့က ပုဒ်မ ၁၉နဲ့ အမှုဖွင့်ထားတာလည်း ရှိပါတယ်။

ဒါ့အပြင် ကလေးမြို့က ဗကသအဖွဲ့ဝင်တစ်ဦးကိုလည်း အာမခံမရနိုင်တဲ့ ပုဒ်မ-၅၀၅ (က) ၊ ၅၀၅ (ခ) စတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးထားတာလည်းရှိပါတယ်။

ဒီကနေ့မနက်မှာလည်း တန့်ဆည်မြို့နယ်ဘက်က နေရာ တော်တော်များများမှာ ဆိုင်ကယ်ပေါ်ကနေ စာရွက်အထုပ်တွေ ဖြန့်ချခဲ့တဲ့ လှုပ်ရှားမှုတွေဖြစ်ပေါ်ခဲ့ပြီး ဖြန့်ချသွားတဲ့ စာရွက်တွေဟာ စတစ်ကာကမ်ပိန်းမှာ ရေးသားထားတဲ့ ရခိုင်အရေးပြုလုပ်တဲ့ စာတွေဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ရခိုင်အရေး #စတစ်ကာကမ်ပိန်း #ဖမ်းဆီး

Zawgyi

မံုရြာမွာ ရခိုင္အေရး စတစ္ကာကမ္ပိန္း ထပ္လုပ္တဲ႔သူေတြကို ရဲတပ္ဖြဲ႔ကဖမ္းဆီး

မံုရြာ၊ စက္တင္ဘာ ၂၁ – ၂၀၂၀
ကိုတိုးၾကီး (VOM)

စစ္ကိုင္းတိုင္း၊ မံုရြာျမိဳ႕မွာ ရခိုင္အေရးနဲ႔ပတ္သက္ျပီး စတစ္ကာကမ္ပိန္း ထပ္လုပ္တဲ႔သူေတြကို မေန႔ စက္တင္ဘာ ၂၀ရက္ေန႔ ေန႔လယ္ပိုင္းမွာ ရဲတပ္ဖြဲ႔က ဖမ္းဆီးသြားတယ္လို႔ သိရပါတယ္။

“ အမွတ္ ၁ ရဲစခန္းေရွ႔က လမ္းေပၚမွာ စတစ္ကာလိုက္ကပ္ေနတဲ႔ ကေလးသံုးေယာက္ကို ဖမ္းသြားတာျမင္လိုက္တယ္ ၊ အဖမ္းခံရသူေတြဟာ ေက်ာင္းသားလား အရပ္သားလားဆိုတာေတာ႔ မသိဘူး ”လို႔ ဖမ္းဆီးတာကို မ်က္ျမင္ေတြ႔ရွိလိုက္တဲ႔ ကိုေဇာ္ေဇာ္က ေျပာပါတယ္။

အဲ႔ဒီ ဖမ္းဆီးလိုက္တဲ႔ ကိစၥနဲ႔ ပတ္သက္လို႔ မံုရြာျမိဳ႕မရဲစခန္းကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “ဖမ္းဆီးတာေတာ႔ရွိတယ္ အေသးစိပ္အေျခအေနကို ဘာမွ ဖြင္႔ေျပာလို႔ မရေသးဘူး”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

ဒီကေန႔ စက္တင္ဘာ ၂၁ရက္ မနက္ပိုင္းကလည္း မံုရြာခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီရံုးမွာ စတစ္ကာကမ္ပိန္းျပဳလုပ္လို႔ ဖမ္းဆီးခံရသူေတြကို တရားစြဲဆိုနိုင္ေရးအတြက္ အစည္းအေ၀းတစ္ရပ္ လုပ္ေဆာင္ေနတယ္လို႔ ခရိုင္စီမံခန္႔ခြဲမႈနဲ႔ နီးစပ္သူေတြရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

“ အဲ႔ဒီလႈပ္ရွားမႈက ကၽြန္ေတာ္တို႔အဖြဲ႔ထဲက ကေလးေတြမဟုတ္ဘူး ၊ သတင္းေတာ႔ အတိအက် မသိရေသးဘူး ၊ အရပ္သားေတြလည္းပါေနတယ္ ၊ ဗကသနဲ႔ တိုက္႐ိုက္ပတ္သက္တာ မျဖစ္နိုင္ဘူး ” လို႔ ဗကသအဖြဲ႔၀င္ေဟာင္းတစ္ဦးကေျပာပါတယ္။

အခုရက္ပိုင္း ဗကသအဖြဲ႔၀င္ေက်ာင္းသားေတြဟာ ရခိုင္ျပည္နယ္မွာျဖစ္ေနတဲ႔ ျဖစ္စဥ္ေတြကို ျပည္သူေတြသိရွိဖို႔ လိုတယ္ဆိုျပီး တပ္မေတာ္ကိုဆန္႔က်င္႔ေၾကာင္း စာသားေတြပါ၀င္တဲ႔ စတစ္ကာေတြကို လမ္းမၾကီးမွာရွိတဲ႔ ဓာတ္မီးတိုင္လိုေနရာမ်ိဳးနဲ႔ အျခားလူျမင္ကြင္းေနရာေတြမွာ လိုက္လံကပ္ေနတာပဲျဖစ္ပါတယ္။

“ ကၽြန္ေတာ္႔သားက ေက်ာင္းျပီးျပီ ၊ နိုင္ငံေရး စိတ္၀င္စားမႈနဲ႔ နိုင္ငံေရးလႈပ္ရွားမႈ တစ္ခုမွ မရွိခဲ႔ဘူး ၊ အခုဆို ပြဲေတာ္အုပ္ လက္ဘက္ဆိုင္မွာ အလုပ္၀င္လုပ္ေနတာ ၊ ဘယ္အဖြဲ႔အစည္းမွ ပါ၀င္လႈပ္ရွားတာ မရွိဘူး ၊ အခုဖမ္းခံရတာ ေသြးရိုးသားရိုေတာ႔ မျဖစ္နိုင္ဘူး ၊ ရဲစခန္းကလည္း ကၽြန္ေတာ္႔သားကို ကၽြန္ေတာ္နဲ႔ ေတြ႔ခြင္႔မေပးဘူး ၊ ဘာေၾကာင္႔ဖမ္းတယ္ ၊ ဘာပုဒ္မေတြနဲ႔ ဖမ္းတယ္ဆိုတာ ဖြင္႔ေျပာတာမ်ိဳးမရွိေတာ႔ ကၽြန္ေတာ္တို႔က အရမ္းစိတ္ပူတယ္ ” လို ႔ မေန႔က စတစ္ကာကမ္ပိန္းမွာ ပါ၀င္လႈပ္ရွားခဲ႔လို႔ ဖမ္းဆီးခံရတဲ႔ ကိုစိုးမင္းထက္ (ခ) မင္းေအာင္ရဲ႕ ဖခင္ျဖစ္သူ ဦးရဲေနာင္က ေျပာပါတယ္။

ျပီးခဲ႔တဲ႔ ရက္ပိုင္းကလည္း မႏၱေလးျမိဳ႕မွာ ရခိုင္အေရးနဲ႔ပတ္သက္ျပီး ဆႏၵျပလႈပ္ရွားခဲ႔တဲ႔ ဗကသအဖြဲ႔၀င္ ေက်ာင္းသား ၁၃ ဦးကို ရဲတပ္ဖြဲ႔က ပုဒ္မ ၁၉နဲ႔ အမႈဖြင့္ထားတာလည္း ရွိပါတယ္။

ဒါ႔အျပင္ ကေလးျမိဳ႕က ဗကသအဖြဲ႔၀င္တစ္ဦးကိုလည္း အာမခံမရနိုင္တဲ႔ ပုဒ္မ-၅၀၅ (က) ၊ ၅၀၅ (ခ) စတဲ႔ ပုဒ္မေတြနဲ႔ ဖမ္းဆီးထားတာလည္းရွိပါတယ္။

ဒီကေန႔မနက္မွာလည္း တန္႔ဆည္ျမိဳ႕နယ္ဘက္က ေနရာ ေတာ္ေတာ္မ်ားမ်ားမွာ ဆိုင္ကယ္ေပၚကေန စာရြက္အထုပ္ေတြ ျဖန္႔ခ်ခဲ႔တဲ႔ လႈပ္ရွားမႈေတြျဖစ္ေပၚခဲ႔ၿပီး ျဖန္႔ခ်သြားတဲ႔ စာရြက္ေတြဟာ စတစ္ကာကမ္ပိန္းမွာ ေရးသားထားတဲ႔ ရခိုင္အေရးျပဳလုပ္တဲ့ စာေတြျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #မံုရြာ #ရခိုင္အေရး #စတစ္ကာကမ္ပိန္း #ဖမ္းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW