ကျိုက်ထီးရိုး‌ဂေါပကရုံးက စာရေးကြီးတစ်ဦးကို ကျပ်သိန်း ၈၆၀ ကျော် အလွဲသုံးစားပြုလုပ်တယ်ဆိုပြီး အမှုဖွင့်ဖမ်းဆီးထား

ကျိုက်ထီးရိုး‌ဂေါပကရုံးက စာရေးကြီးတစ်ဦးကို ကျပ်သိန်း ၈၆၀ ကျော် အလွဲသုံးစားပြုလုပ်တယ်ဆိုပြီး အမှုဖွင့်ဖမ်းဆီးထား

နေပြည်တော်၊ စက်တင်ဘာ၂၂-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာမှာရှိတဲ့ ကျိုက်ထီးရိုးစေတီ‌ဂေါပကအဖွဲ့မှ ရုံးစာရေးကြီးတစ်ဦးကို ဘုရားဘဏ္ဍာ‌ငွေ ကျပ်သိန်း ၈၆၀ ကျော် ကိုယ်ကျိုးရယူသုံးစွဲထားတယ်ဆိုပြီး စက်တင်ဘာလ ၂၁ ရက်နေ့ညနေက ကင်မွန်းချောင်းနယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ ကျိုက်ထီးရိုးစေတီ ဂေါပကအဖွဲ့ကပြောပါတယ်။

” စစ်ဆေး‌ပေါ်‌ပေါက်ချက်အရ ကျပ်သိန်း ၈၆၀ ကျော် ကိုယ်ကျိုးသုံးတာသိခဲ့ရတာပါ။ မနေ့ညနေပိုင်းလောက်မှာ ရဲစခန်းမှာ အမှုဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆက်လက်တရားစွဲဆိုသွားပါမယ်”လို့ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့မှ ဦးစိုးလှိုင်ကပြောပါတယ်။

အမှုဖွင့်ခံရသူဟာ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွ‌ာမှာနေထိုင်ပြီး ကျိုက်ထီးရိုး‌စေတီဂေါပကအဖွဲ့မှာ ရုံးခွဲစာရေးကြီးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ အသက် ၅၆ နှစ်အရွယ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၁၉-၂၀၂၀ ဘဏ္ဍာ‌ရေးနှစ်နဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွေမှာ စေတီရင်ပြင်တော် ရွှေဆိုင်းအရောင်းဌာနနဲ့ ဘက်စုံအလှူခံဌာနကရရှိတဲ့ငွေတွေကို ဂေါပကအဖွဲ့ရုံးကို ပေးသွင်းရာမှာ ငွေကျပ် ၈၆၆၄၈၅၃၀ (ရှစ်ရာ့ခြောက်ဆယ် ခြောက်သိန်းလေး‌သောင်း ရှစ်ထောင့်ငါးရာသုံးဆယ်ကျပ်)ကို မပေးသွင်းဘဲ ကိုယ်ကျိုးရယူသုံးစွဲတယ်လို့ဆိုပြီး အ
ခုလ၂၁ ရက်နေ့ညမ‌ှာ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို လာရောက်အမှုဖွင့် လှစ်တိုင်ကြားခဲ့တာဖြစ်တယ်လို့ ကင်မွန်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

” နှစ်ပေါင်းများစွာ ဒီအဖွဲတွေ့ထဲမှာ ဒီလူတွေကျန်နေခဲ့တာပါ။ ‌ငွေအလွဲသုံးထားတယ်ဆိုတာ စစ်ဆေးပေါ်ပေါက်ချက်တွေနဲ့အမှုဖွင့်တာပါ”လို့ ကျိုက်ထိုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်းကပြောပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ကျိုက်ထီးရိုး‌စေတီဂေါပကအဖွဲ့ ရုံးခွဲစာရေးကြီးကို ကင်မွန်းချောင်းနယ်မြေရဲစခန်းက (ပ)၇၃/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၀၈နဲ့ အမှုဖွင့်ဖမ်းဆီးစစ်‌ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျိုက်ထီးရိုး #ရုံးခွဲစာရေးကြီး #အမှုဖွင့်ဖမ်းဆီးထား

Zawgyi

က်ိဳက္ထီး႐ိုး‌ေဂါပက႐ုံးက စာေရးႀကီးတစ္ဦးကို က်ပ္သိန္း ၈၆၀ ေက်ာ္ အလြဲသုံးစားျပဳလုပ္တယ္ဆိုၿပီး အမႈဖြင့္ဖမ္းဆီးထား

ေနျပည္ေတာ္၊ စက္တင္ဘာ၂၂-၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ ကင္မြန္းေခ်ာင္းေက်း႐ြာမွာရွိတဲ့ က်ိဳက္ထီး႐ိုးေစတီ‌ေဂါပကအဖြဲဲ ့မွ ရံုးစာေရးႀကီးတစ္ဦးကို ဘုရားဘ႑ာ‌ေငြ က်ပ္သိန္း ၈၆၀ ေက်ာ္ ကိုယ္က်ဳိးရယူသုံးစြဲထားတယ္ဆိုၿပီး စက္တင္ဘာလ ၂၁ ရက္ေန႔ညေနက ကင္မြန္းေခ်ာင္းနယ္ေျမရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားထားတယ္လို႔ က်ိဳက္ထီး႐ိုးေစတီ ေဂါပကအဖြဲ႕ကေျပာပါတယ္။

” စစ္ေဆး‌ေပၚ‌ေပါက္ခ်က္အရ က်ပ္သိန္း ၈၆၀ ေက်ာ္ ကိုယ္က်ိဳးသုံးတာသိခဲ့ရတာပါ။ မေန႔ညေနပိုင္းေလာက္မွာ ရဲစခန္းမွာ အမႈဖြင့္လွစ္ခဲ့တာျဖစ္ၿပီး ဆက္လက္တရားစြဲဆိုသြားပါမယ္”လို႔ က်ိဳက္ထီး႐ိုးေစတီေတာ္ေဂါပကအဖြဲ႕မွ ဦးစိုးလႈိင္ကေျပာပါတယ္။

အမႈဖြင့္ခံရသူဟာ က်ိဳက္ထိုၿမိဳ႕နယ္၊ ဖကၠလိပ္ေက်း႐ြ‌ာမွာေနထိုင္ၿပီး က်ိဳက္ထီး႐ိုး‌ေစတီေဂါပကအဖြဲ႕မွာ ႐ုံးခြဲစာေရးႀကီးအျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့ အသက္ ၅၆ ႏွစ္အ႐ြယ္ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့၂၀၁၉-၂၀၂၀ ဘ႑ာ‌ေရးႏွစ္နဲ႔ ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္ေတြမွာ ေစတီရင္ျပင္ေတာ္ ေ႐ႊဆိုင္းအေရာင္းဌာနနဲ႔ ဘက္စုံအလႉခံဌာနကရရွိတဲ့ေငြေတြကို ေဂါပကအဖြဲ႕႐ုံးကို ေပးသြင္းရာမွာ ေငြက်ပ္ ၈၆၆၄၈၅၃၀ (ရွစ္ရာ့ေျခာက္ဆယ္ ေျခာက္သိန္းေလး‌ေသာင္း ရွစ္ေထာင့္ငါးရာသုံးဆယ္က်ပ္)ကို မေပးသြင္းဘဲ ကိုယ္က်ိဳးရယူသုံးစြဲတယ္လို႔ဆိုၿပီး အ
ခုလ၂၁ ရက္ေန႔ညမ‌ွာ ကင္မြန္းေခ်ာင္းနယ္ေျမရဲစခန္းကို လာေရာက္အမႈဖြင့္ လွစ္တိုင္ၾကားခဲ့တာျဖစ္တယ္လို႔ ကင္မြန္းရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

” ႏွစ္ေပါင္းမ်ားစြာ ဒီအဖြဲေတြ႕ထဲမွာ ဒီလူေတြက်န္ေနခဲ့တာပါ။ ‌ေငြအလြဲသံုးထားတယ္ဆုိတာ စစ္ေဆးေပၚေပါက္ခ်က္ေတြနဲ႔အမႈဖြင့္တာပါ”လို႔ က်ိဳက္ထိုၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွျမင့္သန္းကေျပာပါတယ္။

အဲ့ဒီအမႈနဲ႔ပတ္သက္ၿပီး က်ိဳက္ထီး႐ိုး‌ေစတီေဂါပကအဖြဲ႕ ႐ုံးခြဲစာေရးႀကီးကို ကင္မြန္းေခ်ာင္းနယ္ေျမရဲစခန္းက (ပ)၇၃/၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၄၀၈နဲ႔ အမႈဖြင့္ဖမ္းဆီးစစ္‌ေဆးေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #က်ိဳက္ထီး႐ိုး #ရံုးခြဲစာေရးႀကီး #အမႈဖြင့္ဖမ္းဆီးထား

Related posts

Leave a Comment

VOM News

FREE
VIEW