ကေတီဗီ၊အနှိပ်ခန်းရှိတဲ့ ဟိုတယ်မန္တလေးမှာ ကိုဗစ်ရောဂါပိုးတွေ့လူနာ ၂၂ဦးထိရှိလာလို့ စိုးရိမ်မှုတွေရှိနေ

ကေတီဗီ၊အနှိပ်ခန်းရှိတဲ့ ဟိုတယ်မန္တလေးမှာ ကိုဗစ်ရောဂါပိုးတွေ့လူနာ ၂၂ဦးထိရှိလာလို့ စိုးရိမ်မှုတွေရှိနေ

မန္တလေး၊ စက်တင်ဘာ ၂၃-၂၀၂၀
ဟိန်းကို(VOM)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၈လမ်း ၃၇လမ်းနဲ့ ၃၈လမ်းကြားက ဟိုတယ်မန္တလေးမှာ အခုရက်ပိုင်း ကိုဗစ်ပိုးတွေ့လူနာ ၂၂ ဦးထိရှိလာနေပြီး အဲ့ဒီလူနာတွေဟာ ဟိုတယ်မှာအလုပ်လုပ်နေတဲ့ အမျိုးသမီးဝန်ထမ်းတွေပဲဖြစ်တယ်လို့ သိရပါတယ်။

လူမှုကွန်ယက်စာမျက်နှာမှာတော့ အဲ့ဒီပိုးတွေ့လူနာတွေဟာ ဟိုတယ်ကနေဖွင့်ထားတဲ့ ကေတီဗီ၊ အနှိပ်ခန်းမှာ အလုပ်လုပ်တဲ့သူတွေဖြစ်တယ်လို့လည်း ပျံ့နှံ့နေတာဖြစ်ပြီး ဒေသခံတွေကလည်း စိုးရိမ်နေကြတာဖြစ်ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့အတွက် မဟာအောင်မြေမြို့နယ် အမှတ် ၉ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့”ဒါကတော့ ကျွန်တော်တို့က တရားဝင်လို့ပြောလို့မရဘူး၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနတို့ စည်ပင်တို့ အကုန်လုံးရဲ့ထောက်ခံပြီးကာမှ သီချင်းဆိုခွင့်ပေါ့ အဲ့ဒီဟာတွေကတော့ သူတို့မှာလုပ်ထားတာတော့ရှိတယ်ဗျ၊ ကျွန်တော်တို့ ရဲကတော့ ခွင့်ပြုပေးလို့မရပါဘူး၊ ခုကိုဗစ်ကာလမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် မိသားစု ကေတီဗီဖြစ်ဖြစ် ဘယ်ဟာမှမဖွင့်ခိုင်းပါဘူးဗျ၊ ကျွန်တော်တို့သိရသလောက်ကတော့ ဟိုတယ်မှာလုပ်တဲ့ ဝန်ထမ်းတွေပါပဲဗျ၊ ကေတီဗီ၊မာဆပ်ကဝန်ထမ်းတွေမဟုတ်ပါဘူးဗျ၊ လူစာရင်းကတော့ ကျန်းမာရေးကအသိဆုံးဖြစ်မယ်၊ ခုတွေ့တာက ဟိုတယ်ဝန်ထမ်းတွေနဲ့ လာတည်းတဲ့သူ၊ သူတို့နဲ့ ဆက်စပ်ရာ ဆက်စပ်ကြောင်းလေးတွေပေါ့”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ရက်နေ့က ဟိုတယ်မန္တလေးမှာ ကိုဗစ်အတည်ပြုလူနာ ၄ ဦးစတင်တွေ့ခဲ့တာဖြစ်ပြီး ဒီကနေ့မနက်ပိုင်း ကျန်းမာရေးဝန်ကြီးဌာနကကြေညာတဲ့ ကိုဗစ်အတည်ပြုလူနာစာရင်းထဲမှာ ဟိုတယ်မန္တလေးက ကိုဗစ်ပိုးတွေ့သူ ၁၈ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

အခုလိုဖြစ်နေတာတွေနဲပတ်သက်ပြီး ဟိုတယ်မန္တလေးကို ဖုန်းနဲ့ဆက်သွယ်ရာမှာတော့ ဖုန်းကိုင်ဖြေကြားမယ့်ဝန်ထမ်းမရှိပါဘူး။ ဟိုတယ်မန္တလေးသွားကြည့်တဲ့အခါမှာတော့ ဟိုတယ်ပတ်ဝန်းကျင်ကို အသွားအလာကန့်သတ်တာတွေ လုပ်ဆောင်ထားတာမရှိသေးဘဲ ဟိုတယ်ရဲ့ဝင်ပေါက်တံခါးကိုတော့ ပိတ်ထားတာကို မြင်ခဲ့ရပါတယ်။

ဟိုတယ်အနီးက ရပ်ကွက်ကတော့ စိုးရိမ်မှုတွေရှိတဲ့အတွက် မန္တလေးတိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့ကိုခေါ်ပြီး ဆေးဖြန်းတဲ့လုပ်ငန်းတွေကို ဒီကနေ့နေ့လယ်ပိုင်းက လုပ်ဆောင်နေတာဖြစ်ပါတယ်။

ရန်ကုန်မြို့က မြူးဇစ်ဇုံ ကေတီဗီနဲ့စားသောက်ဆိုင်မှာ ကိုဗစ်အတည်ပြုလူနာ ၈၀ကျော်တွေ့တာနဲ့ပတ်သက်ပြီး ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

မန္တလေးတိုင်း ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ COVID-19 သတင်းမှန်ပြန်ကြားရေး နှင့် သတင်းအမှားဖြန့်ဝေသူများ ရှာဖွေဖော်ထုတ်ပြီး သတင်းစောင့်ကြည့်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ နေ့လယ် ၁း၃၀ကို ပြန်ဆက်ပေးပါလို့ပြောခဲ့ပြီး နေ့လယ်ပိုင်းမှာ ဖုန်း ၇ ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းကိုင်ဖြေကြားတာမရှိခဲ့ပါဘူး။

မန္တလေးတိုင်းမှာ ဒီကနေ့မနက်ပိုင်းထိ ကိုဗစ်အတည်ပြုလူနာ ၂၀၀နီးပါးရှိနေပြီး သေဆုံးလူနာ ၁ ဦးရှိနေပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ဟိုတယ်မန္တလေး #ကိုဗစ်ရောဂါပိုးတွေ့

Zawgyi

ေကတီဗီ၊အႏွိပ္ခန္းရွိတဲ့ ဟိုတယ္မႏၲေလးမွာ ကိုဗစ္ေရာဂါပိုးေတြ႕လူနာ ၂၂ဦးထိရွိလာလို႔ စိုးရိမ္မႈေတြရွိေန

မႏၲေလး၊ စက္တင္ဘာ ၂၃-၂၀၂၀
ဟိန္းကို(VOM)

မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ ၇၈လမ္း ၃၇လမ္းနဲ႔ ၃၈လမ္းၾကားက ဟိုတယ္မႏၲေလးမွာ အခုရက္ပိုင္း ကိုဗစ္ပိုးေတြ႕လူနာ ၂၂ ဦးထိရွိလာေနၿပီး အဲ့ဒီလူနာေတြဟာ ဟိုတယ္မွာအလုပ္လုပ္ေနတဲ့ အမ်ိဳးသမီးဝန္ထမ္းေတြပဲျဖစ္တယ္လို႔ သိရပါတယ္။

လူမႈကြန္ယက္စာမ်က္ႏွာမွာေတာ့ အဲ့ဒီပိုးေတြ႕လူနာေတြဟာ ဟိုတယ္ကေနဖြင့္ထားတဲ့ ေကတီဗီ၊ အႏွိပ္ခန္းမွာ အလုပ္လုပ္တဲ့သူေတြျဖစ္တယ္လို႔လည္း ပ်ံ႕ႏွံ႔ေနတာျဖစ္ၿပီး ေဒသခံေတြကလည္း စိုးရိမ္ေနၾကတာျဖစ္ပါတယ္။

အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး အတည္ျပဳႏိုင္ဖို႔အတြက္ မဟာေအာင္ေျမၿမိဳ႕နယ္ အမွတ္ ၉ ၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူတစ္ဦးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့”ဒါကေတာ့ ကြၽန္ေတာ္တို႔က တရားဝင္လို႔ေျပာလို႔မရဘူး၊ သက္ဆိုင္ရာ က်န္းမာေရးဝန္ႀကီးဌာနတို႔ စည္ပင္တို႔ အကုန္လုံးရဲ႕ေထာက္ခံၿပီးကာမွ သီခ်င္းဆိုခြင့္ေပါ့ အဲ့ဒီဟာေတြကေတာ့ သူတို႔မွာလုပ္ထားတာေတာ့ရွိတယ္ဗ်၊ ကြၽန္ေတာ္တို႔ ရဲကေတာ့ ခြင့္ျပဳေပးလို႔မရပါဘူး၊ ခုကိုဗစ္ကာလမွာေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ မိသားစု ေကတီဗီျဖစ္ျဖစ္ ဘယ္ဟာမွမဖြင့္ခိုင္းပါဘူးဗ်၊ ကြၽန္ေတာ္တို႔သိရသေလာက္ကေတာ့ ဟိုတယ္မွာလုပ္တဲ့ ဝန္ထမ္းေတြပါပဲဗ်၊ ေကတီဗီ၊မာဆပ္ကဝန္ထမ္းေတြမဟုတ္ပါဘူးဗ်၊ လူစာရင္းကေတာ့ က်န္းမာေရးကအသိဆုံးျဖစ္မယ္၊ ခုေတြ႕တာက ဟိုတယ္ဝန္ထမ္းေတြနဲ႔ လာတည္းတဲ့သူ၊ သူတို႔နဲ႔ ဆက္စပ္ရာ ဆက္စပ္ေၾကာင္းေလးေတြေပါ့”လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၁ရက္ေန႔က ဟိုတယ္မႏၲေလးမွာ ကိုဗစ္အတည္ျပဳလူနာ ၄ ဦးစတင္ေတြ႕ခဲ့တာျဖစ္ၿပီး ဒီကေန႔မနက္ပိုင္း က်န္းမာေရးဝန္ႀကီးဌာနကေၾကညာတဲ့ ကိုဗစ္အတည္ျပဳလူနာစာရင္းထဲမွာ ဟိုတယ္မႏၲေလးက ကိုဗစ္ပိုးေတြ႕သူ ၁၈ ဦးရွိခဲ့တယ္လို႔ သိရပါတယ္။

အခုလိုျဖစ္ေနတာေတြနဲပတ္သက္ၿပီး ဟိုတယ္မႏၲေလးကို ဖုန္းနဲ႔ဆက္သြယ္ရာမွာေတာ့ ဖုန္းကိုင္ေျဖၾကားမယ့္ဝန္ထမ္းမရွိပါဘူး။ ဟိုတယ္မႏၲေလးသြားၾကည့္တဲ့အခါမွာေတာ့ ဟိုတယ္ပတ္ဝန္းက်င္ကို အသြားအလာကန႔္သတ္တာေတြ လုပ္ေဆာင္ထားတာမရွိေသးဘဲ ဟိုတယ္ရဲ႕ဝင္ေပါက္တံခါးကိုေတာ့ ပိတ္ထားတာကို ျမင္ခဲ့ရပါတယ္။

ဟိုတယ္အနီးက ရပ္ကြက္ကေတာ့ စိုးရိမ္မႈေတြရွိတဲ့အတြက္ မႏၲေလးတိုင္း လူမႈကယ္ဆယ္ေရးအဖြဲ႕ကိုေခၚၿပီး ေဆးျဖန္းတဲ့လုပ္ငန္းေတြကို ဒီကေန႔ေန႔လယ္ပိုင္းက လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕က ျမဴးဇစ္ဇုံ ေကတီဗီနဲ႔စားေသာက္ဆိုင္မွာ ကိုဗစ္အတည္ျပဳလူနာ ၈၀ေက်ာ္ေတြ႕တာနဲ႔ပတ္သက္ၿပီး ေဒသခံေတြက စိုးရိမ္ေနၾကတာျဖစ္ပါတယ္။

မႏၲေလးတိုင္း ကိုဗစ္ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္ေရး ႏွင့္ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီ၊ COVID-19 သတင္းမွန္ျပန္ၾကားေရး ႏွင့္ သတင္းအမွားျဖန႔္ေဝသူမ်ား ရွာေဖြေဖာ္ထုတ္ၿပီး သတင္းေစာင့္ၾကည့္ေရး လုပ္ငန္းေကာ္မတီ ဥကၠ႒၊ ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီး ဦးစိုင္းပန္ဆိုင္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ေန႔လယ္ ၁း၃၀ကို ျပန္ဆက္ေပးပါလို႔ေျပာခဲ့ၿပီး ေန႔လယ္ပိုင္းမွာ ဖုန္း ၇ ႀကိမ္ဆက္သြယ္ေပမယ့္ ဖုန္းကိုင္ေျဖၾကားတာမရွိခဲ့ပါဘူး။

မႏၲေလးတိုင္းမွာ ဒီကေန႔မနက္ပိုင္းထိ ကိုဗစ္အတည္ျပဳလူနာ ၂၀၀နီးပါးရွိေနၿပီး ေသဆုံးလူနာ ၁ ဦးရွိေနၿပီျဖစ္ပါတယ္။

#voiceofmyanmar #VOM #မႏၲေလး #ဟိုတယ္မႏၲေလး #ကိုဗစ္ေရာဂါပိုးေတြ႕

Related posts

Leave a Comment

VOM News

FREE
VIEW