ပါတီမိတ်ဆက် (ဗမာပြည်သူ့ပါတီ)

ပါတီမိတ်ဆက် (ဗမာပြည်သူ့ပါတီ)

မန္တလေး၊ စက်တင်ဘာ ၂၄-၂၀၂၀
ကိုညီသစ်(VOM)

၂၀၂၀ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဗမာပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင့် ကို VOMသတင်းထောက် ကိုညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။

VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ
ဦးအောင်သန်းတင့်- ကျနော်တို့ပါတီမှာက ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ ၃ ဦးရှိပါတယ်။

VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။
ဦးအောင်သန်းတင့် – ၇၅၀၀ လောက်ရှိပါတယ်။

VOM-ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းနဲ့ ရွေးချယ်ပါသလဲ။
ဦးအောင်သန်းတင့်- ဥပမာ ကျွန်တော်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်၊ ကျွန်တော့အရည်အချင်းကတော့ ဘီကွန်းအီကို စီးပွားရေးပညာဘွဲ့ HDP အထက်တန်းရှေ့နေပါ အဲ့တော့ပြောမယ်ဆိုရင် ကျတော်တို့က အားလုံးဘွဲ့ပါပဲလို့ပြောရမှာပေါ့၊ မွန်ပြည်နယ်မှာ ဗမာတိုင်းရင်းသားရေးရာကိုယ်စားလှယ်အနေနဲ့ ဦးဝဏ္ဏစိုး Law ပါပဲ၊ နောက်တစ်ခုက ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ဒေါ်သန်းသန်းဆင့်ကလည်း ဘီအေ အီကိုပါ ကျနော်တို့သုံးယောက်စလုံးဘွဲ့ရတွေပါပဲ။

VOM – ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ ။
ဦးအောင်သန်းတင့် – ကျနော်တို့ပါတီရဲ့မူဝါဒကတော့ ဆင်းရဲမွဲတေမှုပပျောက်ရေး၊ အချုပ်အချာအာဏာသည် နိုင်ငံသားများလက်ဝယ်ရှိရေး၊ တိုင်းရင်းသားအားလုံးနဲ့ အမြင်ရှင်းရှင်း သံသယကင်းကင်းဖြင့် အမျိုးသားသွေးစည်းညီညွတ်ရေး ၊ အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး နဲ့ ဒီမိုကရေစီအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုပြီး မူ ၅ ချက်ချထားပါတယ်။

VOM- ပြီးခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်နှနေရာနိုင်ခဲ့ဖူးလဲ။
ဦးအောင်သန်းတင့်- မနိုင်ခဲ့ဖူးပါဘူး ခင်ဗျာ။

VOM – ပါတီရဲ့ဆောင်ပုဒ် က ဘာတွေဖြစ်မလဲ
ဦးအောင်သန်းတင့် – ပါတီရဲ့ဆောင်ပုဒ်တွေကတော့ ပြောင်းလဲမှုတွေလုပ်ဖို့ လိုနေပြီ
နောက်တစ်ခုက သခင်မျိုးဟေ့ ဒို့ဗမာ ဆိုပြီးနှစ်ခုရှိပါတယ်။

#voiceofmyanmar #VOM #ပါတီမိတ်ဆက်

Zawgyi

ပါတီမိတ္ဆက္ (ဗမာျပည္သူ႔ပါတီ)

မႏၲေလး၊ စက္တင္ဘာ ၂၄-၂၀၂၀
ကိုညီသစ္(VOM)

၂၀၂၀ေရြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ဗမာျပည္သူ႔ပါတီ ဥကၠ႒ ဦးေအာင္သန္းတင့္ ကို VOMသတင္းေထာက္ ကိုညီသစ္က ေမးျမန္းထားတာျဖစ္ပါတယ္။

VOM- ပါတီအေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္အေရအတြက္ ဝင္ၿပိဳင္ဖို႔ရွိလဲ
ဦးေအာင္သန္းတင့္- က်ေနာ္တို႔ပါတီမွာက ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္သူ ၃ ဦးရွိပါတယ္။

VOM- ပါတီဝင္အင္အားဘယ္ေလာက္ရွိပါသလဲ။
ဦးေအာင္သန္းတင့္ – ၇၅၀၀ ေလာက္ရွိပါတယ္။

VOM-ပါတီအေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ဘယ္လိုအရည္အခ်င္းနဲ႔ ေရြးခ်ယ္ပါသလဲ။
ဦးေအာင္သန္းတင့္- ဥပမာ ကၽြန္ေတာ္က လႈိင္သာယာအေရွ႕ပိုင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ပါတယ္၊ ကၽြန္ေတာ့အရည္အခ်င္းကေတာ့ ဘီကြန္းအီကို စီးပြားေရးပညာဘြဲ႕ HDP အထက္တန္းေရွ႕ေနပါ အဲ့ေတာ့ေျပာမယ္ဆိုရင္ က်ေတာ္တို႔က အားလုံးဘြဲ႔ပါပဲလို႔ေျပာရမွာေပါ့၊ မြန္ျပည္နယ္မွာ ဗမာတိုင္းရင္းသားေရးရာကိုယ္စားလွယ္အေနနဲ႔ ဦးဝဏၰစိုး Law ပါပဲ၊ ေနာက္တစ္ခုက ကရင္ျပည္နယ္ ဗမာတိုင္းရင္းသားေရးရာ ကိုယ္စားလွယ္ ေဒၚသန္းသန္းဆင့္ကလည္း ဘီေအ အီကိုပါ က်ေနာ္တို႔သုံးေယာက္စလုံးဘြဲ႕ရေတြပါပဲ။

VOM – ပါတီရဲ႕ကတိကဝတ္ေတြက ဘာေတြျဖစ္မလဲ ။
ဦးေအာင္သန္းတင့္ – က်ေနာ္တို႔ပါတီရဲ႕မူဝါဒကေတာ့ ဆင္းရဲမြဲေတမႈပေပ်ာက္ေရး၊ အခ်ဳပ္အခ်ာအာဏာသည္ ႏိုင္ငံသားမ်ားလက္ဝယ္ရွိေရး၊ တိုင္းရင္းသားအားလုံးနဲ႔ အျမင္ရွင္းရွင္း သံသယကင္းကင္းျဖင့္ အမ်ိဳးသားေသြးစည္းညီၫြတ္ေရး ၊ အမ်ိဳးဘာသာ သာသနာထိန္းသိမ္းေစာင့္ေရွာက္ေရး နဲ႔ ဒီမိုကေရစီအေျခခံတဲ့ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးဆိုၿပီး မူ ၅ ခ်က္ခ်ထားပါတယ္။

VOM- ၿပီးခဲ့တဲ့၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ဘယ္ႏွေနရာႏိုင္ခဲ့ဖူးလဲ။
ဦးေအာင္သန္းတင့္- မႏိုင္ခဲ့ဖူးပါဘူး ခင္ဗ်ာ။

VOM – ပါတီရဲ႕ေဆာင္ပုဒ္ က ဘာေတြျဖစ္မလဲ
ဦးေအာင္သန္းတင့္ – ပါတီရဲ႕ေဆာင္ပုဒ္ေတြကေတာ့ ေျပာင္းလဲမႈေတြလုပ္ဖို႔ လိုေနၿပီ
ေနာက္တစ္ခုက သခင္မ်ိဳးေဟ့ ဒို႔ဗမာ ဆိုၿပီးႏွစ္ခုရွိပါတယ္။

#voiceofmyanmar #VOM #ပါတီမိတ္ဆက္

Related posts

Leave a Comment

VOM News

FREE
VIEW