ဖားကန့်မှာ ကိုဗစ်-၁၉ စောင့်ကြည့်လူနာတစ်ဦး သေဆုံး

ဖားကန့်မှာ ကိုဗစ်-၁၉ စောင့်ကြည့်လူနာတစ်ဦး သေဆုံး

ဖားကန့်၊ စက်တင်ဘာ ၂၃-၂၀၂၀
ဇော်မိုးထက်(VOM)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ တာမခံတိုက်နယ်ဆေးရုံမှာ စက်တင်ဘာလ ၂၀ ရက်နေ့ညပိုင်းက ကိုဗစ်-၁၉ စောင့်ကြည့်လူနာတစ်ဦး ရုတ်တရက်အသက်ရှုကြပ်ပြီး သေဆုံးသွားခဲ့တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က အတည်ပြု ပြောပါတယ်။

“လူနာက အသက်လေးဆယ်အရွယ်အမျိုးသားပါ ။ တာမခံတိုက်နယ်မှာ ဆေးရုံတက်နေရင်း ဆုံးသွားတာပါ ။စောင့်ကြည့်လူနာပါ “လို့ ဒေါက်တာမင်းလွင်က ပြောပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်-၁၉ စောင့်ကြည့်လူနာဟာ အပြင်မှာ ချောင်းဆိုးရင်ကြပ်ဖြစ်ပြီး တာမခံဆေးရုံမှာ ဆေးလာကုသရင်း ရုတ်တရက်အသက်ရှူကြပ်ပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ် ။

ဖားကန့်မြို့နယ်မှာ ကိုဗစ်-၁၉ စောင့်ကြည့်လူနာ (၄)ဦးရှိတဲ့အထဲက တစ်ယောက်သေဆုံးခဲ့တာဖြစ်ပြီး ဖားကန့်မြို့ပြည်သူ့ဆေးရုံမှာ စောင်ြ့ကည့်လူနာ (၂)ဦး ၊လုံးခင်းတိုက်နယ် ဆေးရုံမှာ စောင့်ကြည့်လူနာတစ်ဦးတို့ဟာ ဆေးကုသမှုခံယူနေတယ်လို့လည်း ဒေါက်တာမင်းလွင်ကပြောပါတယ်။

ဒါ့အပြင်ဖားကန့်မြို့ဟာ စိုးရိမ်ရတဲ့အခြေအနေရောက်နေပြီဖြစ်တဲ့အတွက် အိမ်ထဲမှာသာနေဖို့ကိုလည်း ဒေါက်တာမင်းလွင်ကပြောဆိုထားတာဖြစ်ပါတယ်။

ဖားကန့်မြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ(၉)ဦးထိရှိရာ လူနာ(၅)ဦးဟာရောဂါပိုးမတွေ့ရတော့တဲ့အတွက် ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး ၊ကျန်တဲ့စောင့်ကြည့်လူနာ (၄)ဦးထဲက တဦးသေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း ဖားကန့်မြို့နယ်ဟာ ကိုဗစ်-၁၉ စံချိန်တင်ကူးစက်ခံခဲ့ရပြီး Quarantine စင်တာပေါင်း ၃၀ ကျော်မှာ Facility Quarantine ဝင်နေသူ (၃၀၀)ဦးခန့်ရှိနေတယ်လို့ ဖားကန့်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေးကော်မတီကနေ သိရပါတယ် ။

ဖားကန့်မြို့နယ် Quarantine စင်တာမှာရှိတဲ့ FQဝင်နေသူတွေကို ကျန်းမာရေးဝန်ကြီးဌာနက Swab ယူဖို့ သတ်မှတ်ထားသူ တစ်ရာကျော်ကို အမျိုးသားကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲခန်းကို ပို့ဆောင်ထားပြီး ဓါတ်ခွဲအဖြေကို စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။

ကချင်ပြည်နယ်မှာ ကိုဗစ်-၁၉ကူးစက်ခံထားရသူ အတည်ပြူလူနာ (၁၃)ဦးရှိပြီး ၊Quarantineထားသူ ၂၁၇၈ ဦးနဲ့ Quarantine စင်တာပေါင်း ၅၆၈ ခုရှိတယ်လို့ ကချင်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာထားတာဖြစ်ပါတယ် ။

#voiceofmyanmar #VOM #ဖားကန့် #တာမခံ #ကိုဗစ်လူနာသေဆုံး

Zawgyi

ဖားကန႔္မွာ ကိုဗစ္-၁၉ ေစာင့္ၾကည့္လူနာတစ္ဦး ေသဆုံး

ဖားကန္႔၊ စက္တင္ဘာ ၂၃-၂၀၂၀
ေဇာ္မိုးထက္(VOM)

ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ ဖားကန႔္ၿမိဳ႕နယ္၊ ေဟာင္ပါးေက်း႐ြာအုပ္စု၊ တာမခံတိုက္နယ္ေဆး႐ုံမွာ စက္တင္ဘာလ ၂၀ ရက္ေန႔ညပိုင္းက ကိုဗစ္-၁၉ ေစာင့္ၾကည္႔လူနာတစ္ဦး ႐ုတ္တရက္အသက္ရွဳၾကပ္ၿပီး ေသဆုံးသြားခဲ့တယ္လို႔ ဖားကန႔္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာမင္းလြင္က အတည္ျပဳ ေျပာပါတယ္။

“လူနာက အသက္ေလးဆယ္အ႐ြယ္အမ်ိဳးသားပါ ။ တာမခံတိုက္နယ္မွာ ေဆး႐ုံတက္ေနရင္း ဆုံးသြားတာပါ ။ေစာင့္ၾကည့္လူနာပါ “လို႔ ေဒါက္တာမင္းလြင္က ေျပာပါတယ္။

ေသဆုံးသြားတဲ့ ကိုဗစ္-၁၉ ေစာင့္ၾကည့္လူနာဟာ အျပင္မွာ ေခ်ာင္းဆိုးရင္ၾကပ္ျဖစ္ၿပီး တာမခံေဆး႐ုံမွာ ေဆးလာကုသရင္း ႐ုတ္တရက္အသက္ရႉၾကပ္ၿပီး ေသဆုံးခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္ ။

ဖားကန႔္ၿမိဳ႕နယ္မွာ ကိုဗစ္-၁၉ ေစာင့္ၾကည့္လူနာ (၄)ဦးရွိတဲ့အထဲက တစ္ေယာက္ေသဆုံးခဲ့တာျဖစ္ၿပီး ဖားကန႔္ၿမိဳ႕ျပည္သူ႔ေဆး႐ုံမွာ ေစာင္ၾ့ကည့္လူနာ (၂)ဦး ၊လုံးခင္းတိုက္နယ္ ေဆး႐ုံမွာ ေစာင့္ၾကည့္လူနာတစ္ဦးတို႔ဟာ ေဆးကုသမႈခံယူေနတယ္လို႔လည္း ေဒါက္တာမင္းလြင္ကေျပာပါတယ္။

ဒါ့အျပင္ဖားကန္႔ၿမိဳ႔ဟာ စိုးရိမ္ရတဲ့အေျခအေနေရာက္ေနၿပီျဖစ္တဲ့အတြက္ အိမ္ထဲမွာသာေနဖို႔ကိုလည္း ေဒါက္တာမင္းလြင္ကေျပာဆိုထားတာျဖစ္ပါတယ္။

ဖားကန႔္ၿမိဳ႕နယ္မွာ ကိုဗစ္-၁၉ ကူးစက္ခံရသူ(၉)ဦးထိရွိရာ လူနာ(၅)ဦးဟာေရာဂါပိုးမေတြ႕ရေတာ့တဲ့အတြက္ ေဆး႐ုံဆင္းခြင့္ရရွိခဲ့ၿပီး ၊က်န္တဲ့ေစာင့္ၾကည့္လူနာ (၄)ဦးထဲက တဦးေသဆုံးသြားခဲ့တာျဖစ္ပါတယ္။

ကခ်င္ျပည္နယ္အတြင္း ဖားကန႔္ၿမိဳ႕နယ္ဟာ ကိုဗစ္-၁၉ စံခ်ိန္တင္ကူးစက္ခံခဲ့ရၿပီး Quarantine စင္တာေပါင္း ၃၀ ေက်ာ္မွာ Facility Quarantine ဝင္ေနသူ (၃၀၀)ဦးခန႔္ရွိေနတယ္လို႔ ဖားကန႔္ၿမိဳ႕နယ္ ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔အေရးေပၚတုံ႔ျပန္ေရးေကာ္မတီကေန သိရပါတယ္ ။

ဖားကန႔္ၿမိဳ႕နယ္ Quarantine စင္တာမွာရွိတဲ့ FQဝင္ေနသူေတြကို က်န္းမာေရးဝန္ႀကီးဌာနက Swab ယူဖို႔ သတ္မွတ္ထားသူ တစ္ရာေက်ာ္ကို အမ်ိဳးသားက်န္းမာေရးဆိုင္ရာ ဓါတ္ခြဲခန္းကို ပို႔ေဆာင္ထားၿပီး ဓါတ္ခြဲအေျဖကို ေစာင့္ၾကည့္ေနတယ္လို႔လည္း သိရပါတယ္။

ကခ်င္ျပည္နယ္မွာ ကိုဗစ္-၁၉ကူးစက္ခံထားရသူ အတည္ျပဴလူနာ (၁၃)ဦးရွိၿပီး ၊Quarantineထားသူ ၂၁၇၈ ဦးနဲ႔ Quarantine စင္တာေပါင္း ၅၆၈ ခုရွိတယ္လို႔ ကခ်င္ျပည္နယ္ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကျငာထားတာျဖစ္ပါတယ္ ။

#voiceofmyanmar #VOM #ဖားကန္႔ #တာမခံ #ကိုဗစ္လူနာေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW