COVID_19 ရောဂါကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်(၅၂) ဦးထိရှိနေ၊ ရခိုင်နဲ့ ရန်ကုန်တို့မှာ အများဆုံးဖြစ်

COVID_19 ရောဂါကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်(၅၂) ဦးထိရှိနေ၊ ရခိုင်နဲ့ ရန်ကုန်တို့မှာ အများဆုံးဖြစ်

ရန်ကုန်၊ စက်တင်ဘာ၂၃-၂၀၂၀
အေးချမ်းသူ(VOM)

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင် ၅၂ ဦးထိရှိလာပြီး ရခိုင်နဲ့ရန်ကုန်တို့မှာ အများဆုံးဖြစ်နေတယ်လို့ မြန်မာနိူင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲ့မှူးကြီးကျော်သီဟကပြောပါတယ်။

“တပ်ဖွဲ့ဝင်တွေကူးစက်ခံရတာ အားလုံးပေါင်း ၅၂ယောက်၊ အဲ့ဒီအထဲမှာ ရန်ကုန်နဲ့ရခိုင်က အများဆုံးပါပဲ၊ လက်ရှိ ဆေးရုံတက်ရောက်ကုသနေရသူ ၃၈ဦးရှိတယ်”လို့ရဲမှူးကြီးကျော်သီဟကပြောပါတယ်။

ကိုဗစ်ပိုးကူးစက်ခံရပြီး ရောဂါပျောက်ကင်းတဲ့အတွက် ဆေးရုံကနေဆင်းခွင့်ရတဲ့ ရဲတပ်ဖွဲ့ဝင် (၁၄)ဦးရှိနေပါကာ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးမှာတော့ ကိုဗစ်ကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်နည်းတယ်လို့ ရဲမှူးကြီးကျော်သီဟကပြောပါတယ်။

ရောဂါပိုးတွေ့ရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်လိုင်းခန်းနဲ့ရုံးတွေကို Home Stay နေထိုင်စေပြီး အဝင်အထွက်ကန့်သက်တာတွေ လုပ်ဆောင်ထားတယ်လို့ မြန်မာနိူင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာကြဖို့ညွှန်ကြားထားတယ်လို့ ရဲမှူးကြီးကျော်သီဟရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ် #ရဲတပ်ဖွဲ့

Zawgyi

COVID_19 ေရာဂါကူးစက္ခံရတဲ့ ရဲတပ္ဖြဲ႕ဝင္(၅၂) ဦးထိရွိေန၊ ရခုိင္နဲ႔ ရန္ကုန္တို႔မွာ အမ်ားဆုံးျဖစ္

ရန္ကုန္၊ စက္တင္ဘာ၂၃-၂၀၂၀
ေအးခ်မ္းသူ(VOM)

တစ္နိုင္ငံလုံးအတိုင္းအတာအေနနဲ႔ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရတဲ့ ရဲတပ္ဖြဲ႕ဝင္ ၅၂ ဦးထိရွိလာၿပီး ရခုိင္နဲ႔ရန္ကုန္တို႔မွာ အမ်ားဆုံးျဖစ္ေနတယ္လို႔ ျမန္မာႏူိင္ငံရဲတပ္ဖြဲ႔မွ ေျပာေရး
ဆိုခြင့္႐ွိသူ ရဲမွဴးႀကီးေက်ာ္သီဟကေျပာပါတယ္။

“တပ္ဖြဲ႔ဝင္ေတြကူးစက္ခံရတာ အားလုံးေပါင္း ၅၂ေယာက္၊ အဲ့ဒီအထဲမွာ ရန္ကုန္နဲ႔ရခုိင္က အမ်ားဆုံးပါပဲ၊ လက္ရွိ ေဆးရံုတက္ေရာက္ကုသေနရသူ ၃၈ဦးရွိတယ္”လို႔ ႔ရဲမွဴးႀကီးေက်ာ္သီဟကေျပာပါတယ္။

ကုိဗစ္ပုိးကူးစက္ခံရၿပီး ေရာဂါေပ်ာက္ကင္းတဲ့အတြက္ ေဆး႐ုံကေနဆင္းခြင့္ရတဲ့ ရဲတပ္ဖြဲ႕ဝင္ (၁၄)ဦးရွိေနပါကာ အျခားျပည္နယ္ႏွင့္တိုင္းေဒသႀကီးမွာေတာ့ ကိုဗစ္ကူးစက္ခံရတဲ့ ရဲတပ္ဖြဲ႔ဝင္နည္းတယ္လို႔ ရဲမွဴးႀကီးေက်ာ္သီဟကေျပာပါတယ္။

ေရာဂါပိုးေတြ႕ရွိတဲ့ရဲတပ္ဖြဲ႕ဝင္ေတြရဲ႔ ေနအိမ္လိုင္းခန္းနဲ႔႐ုံးေတြကို Home Stay ေနထိုင္ေစၿပီး အဝင္အထြက္ကန႔္သက္တာေတြ လုပ္ေဆာင္ထားတယ္လို႔ ျမန္မာႏူိင္ငံရဲတပ္ဖြဲ႔ကေန သိရပါတယ္။

ရဲတပ္ဖြဲ႕ဝင္ေတြကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြအတိုင္း လိုက္နာၾကဖို့ညႊန္ၾကားထားတယ္လို႔ ရဲမွဴးႀကီးေက်ာ္သီဟရဲ႔ ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #ကိုဗစ္ #ရဲတပ္ဖြဲ႔

Related posts

Leave a Comment

VOM News

FREE
VIEW