ပြည်ပနိုင်ငံကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ၂၀၂၀ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိသလား

ပြည်ပနိုင်ငံကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ၂၀၂၀ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိသလား

စစ်ကိုင်း၊ စက်တင်ဘာ- ၂၄- ၂၀၂၀
ရှိုင်းအောင်(VOM)

မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိလား၊ စိတ်ဝင်စားမှုမရှိကြဘူးလားဆိုတာကို VOM သတင်းထောက် ကိုရှိုင်းအောင်က ပြည်ပနိုင်ငံတွေမှာ နေထိုင်နေကြတဲ့သူတွေကို ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိမရှိကို ၁၉၉၁ ခုနှစ်ကတည်းက ကိုရီးယားမှာ ရောက်ရှိနေထိုင်နေတဲ့ ကိုရန်နိုင်ထွန်းကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ “၂၀၂၀ ရွေးကောက်ပွဲကာလမှာတော့ ၂၀၁၅ ရွေးကောက်ပွဲကာလထက်စာရင် စိတ်ပါဝင်စားမှုက တော်တော်အားကောင်းလာတာကိုတွေ့ရတယ်၊ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက ကိုရီးယားမှာဆိုရင် မြန်နာနိုင်ငံသား ၃ သောင်းကျော်လောက် ရောက်ရှိနေပါပြီ၊ အဲ့ဒီထဲမှာ အလုပ်သမားတွေပါမယ် အစိုးရအမှုထမ်းတွေပါမယ်၊ ကျောင်းတက်နေတဲ့ကျောင်းသားကျောင်းသူတွေပါမယ်ပေါ့လေ၊ လူတန်းစား ၃ ရပ်လောက်ရှိတယ်၊ အဲ့ဒီအထဲကနေ ပုံံစံ-၁၅ တွေကို ကိုရီးယားနိုင်ငံမှာစတင်ဖြန့်ဝေတဲ့အခါမှာ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ ရွေးကောက်ပွဲဆိုင်ရာအထောက်အကူပြုဆိုပြီး အဖွဲ့အစည်းတစ်ခုကိုဖွဲ့လိုက်တယ်၊ အဲ့ဒီအဖွဲ့အစည်းမှာတော့ ကိုရီးယားနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေနဲ့ မြန်မာသံရုံးက ရွေးကောက်ပွဲကို တက်ကြွလှုပ်ရှားသူတွေပါဝင်ပါတယ်၊ ပုံစံ-၁၅ကို စတင်ဖြန့်ချီပြီးတော့ ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံသား လူဦးရေ ၃ သောင်းကျော်ရှိတဲ့အထဲကနေပြီးတော့ တက်လာတဲ့စာရင်းအရဆိုရင် ပုံစံ-၁၅ကိုလျှောက်တင်လိုက်တဲ့သူ ၁၀၁၆၉ ဦးရှိတယ်၊ ရာခိုင်နှုန်းနဲ့ဆို ၃၅ ရာခိုင်နှုန်းလောက်က ကြိုတင်မဲပေးဖို့စိတ်ဝင်စားပြီး ပုံစံ-၁၅ လျှောက်လာတာကို တွေ့ရတယ်၊ အဲ့ဒီလူတွေထဲကမှ ရွေးကောက်ပွဲကော်မရှင်ကနေ မဲပေးခွင့်ရှိသူ ဘယ်နှစ်ဦးရှိတယ်ဆိုတာ ကျလာတာကိုတော့ အခုချိန်ထိ စာရင်းဇယားက မရောက်သေးဘူး၊ အဲ့ဒါကြောင့် မဲပေးခွင့်ရှိသူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မသိရသေးဘူးဗျ”လို့ VOM ရဲ့မေးမြန်းမှုကို ဖြေကြားပါတယ်။

မလေးရှားနိုင်ငံ ဆာရာဝတ်ပြည်နယ်မှာရောက်နေတဲ့ မဲဆန္ဒရှင် မြန်မာနိုင်ငံသား ဆရာဝန်တယောက်ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ” သွားပေးဖို့က ကွာလာလန်ပူအထိ လေယာဉ်နဲ့ တကူးတက သွားရမယ်၊ အရင်အခြေအနေဆိုရင်က ကိစ္စမရှိဘူး၊ ခုက အဝင်ရောအထွက်ပါ swab ယူရတာ၊ လမ်းမှာ ကူးနိုင်ခြေတွေတွက်ရတာ ပင်ပန်လို့ စိတ်ရှိပေမယ့် မဲသွားမပေးတော့ဘူး ဆုံးဖြတ်ထားတယ်”လို့ ပြောပါတယ်။

ပြည်ပနိုင်ငံတွေမှာ တရားဝင်ရော၊ တရားမဝင်ပါ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ ထိုင်းနဲ့မလေးရှားနိုင်ငံမှာတင် ၄ သန်းလောက်ရှိနေပြီး သူတို့ရဲ့ မဲပေးပိုင်ခွင့်ဟာ လက်ရှိအချိန်အထိ မသေချာသေးဘူးလို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က ပြောထားပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးဖို့အတွက် ကြိုတင်မဲပေးခွင့်လျှောက်လွှာတွေကို ဇူလိုင်လ ၃ ရက်နေ့ကနေ သြဂုတ်လ ၅ ရက်နေ့အထိ လက်ခံခဲ့ရာမှာတော့ မန္တလေးတိုင်းမဲဆန္ဒနယ်အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ကြိုတင်မဲပေးဖို့လျှောက်ထားသူဦးရေမှာ ၉၉၀၅ ဦးရှိပြီး အမည်စာရင်းထပ်၊ နေရပ်လိပ်စာမှားနေသူတွေကို စီစစ်ပြီးနောက်ပိုင်း ကြိုတင်မဲပေးနိုင်သူဦးရေ ၉၁၅၄ ဦးကို စာရင်းဖြည့်သွင်းထားတယ်လို့ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းကပြောပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းမဲဆန္ဒနယ်က ပြည်ပနိုင်ငံတွေကိုရောက်ရှိနေသူတွေအထဲက ကြိုတင်မဲပေးမယ့်သူအရေအတွက် ၅၇၀၀ ကျော်ရှိတယ်လို့ စစ်ကိုင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မျိုးလွင် ကပြောပါတယ်။

ပြည်ပမှာရောက်ရှိနေကြတဲ့ မဲဆန္ဒရှင်အရေအတွက်ဟာ သန်းနှင့်ချီ ရှိပေမယ့်လည်း ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် ပုံစံ-၁၅ ဖြည့်စွက်တောင်းဆိုသူ ၆၀၀၀ ကျော်သာရှိပြီး မဲပေးသူ အရေအတွက်မှာလည်း ၆၀၀၀ ကျော်သာရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ စုစုပေါင်း သံရုံး ၄၀ ကနေ ပုံစံ-၁၅နဲ့ တောင်းဆိုသူ ၃သောင်းကျော်ရှိပြီး မဲပေးသူအရေအတွက် ၂သောင်းကျော်သာ ရှိတယ်လို့ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က မြန်မာ့အသံနဲ့ရုပ်မြင်သံကြား အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ပရောက် မြန်မာနိုင်ငံသားတွေထဲက မဲပေးနိုင်ခွင့်ရှိတဲ့ ကြိုတင်မဲစာရင်းတွေကိုစက်တင်ဘာလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့မှာဖြစ်ကြောင်း ကြေညာထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွေးကောက်ပွဲ #Election #ပြည်ပရောက် မဲဆန္ဒရှင်

Zawgyi

ျပည္ပႏိုင္ငံကိုေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ ၂၀၂၀ ေ႐ြးေကာက္ပြဲကို စိတ္ဝင္စားမႈရွိသလား

စစ္ကိုင္း၊ စက္တင္ဘာ- ၂၄- ၂၀၂၀
ရႈိင္းေအာင္(VOM)

ျမန္မာႏိုင္ငံကေန ျပည္ပႏိုင္ငံေတြကို ေရာက္ရွိေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြဟာ လာမယ့္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာက်င္းပမယ့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကို စိတ္ဝင္စားမႈရွိလား၊ စိတ္ဝင္စားမႈမရွိၾကဘူးလားဆိုတာကို VOM သတင္းေထာက္ ကိုရႈိင္းေအာင္က ျပည္ပႏိုင္ငံေတြမွာ ေနထိုင္ေနၾကတဲ့သူေတြကို ဆက္သြယ္ေမးျမန္းထားတာျဖစ္ပါတယ္။

ကိုရီးယားႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားေတြ ေ႐ြးေကာက္ပြဲကို စိတ္ဝင္စားမႈရွိမရွိကို ၁၉၉၁ ခုႏွစ္ကတည္းက ကိုရီးယားမွာ ေရာက္ရွိေနထိုင္ေနတဲ့ ကိုရန္ႏိုင္ထြန္းကို ဆက္သြယ္ေမးျမန္းၾကည့္ရာမွာေတာ့ “၂၀၂၀ ေ႐ြးေကာက္ပြဲကာလမွာေတာ့ ၂၀၁၅ ေ႐ြးေကာက္ပြဲကာလထက္စာရင္ စိတ္ပါဝင္စားမႈက ေတာ္ေတာ္အားေကာင္းလာတာကိုေတြ႕ရတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ အရင္တုန္းက ကိုရီးယားမွာဆိုရင္ ျမန္နာႏိုင္ငံသား ၃ ေသာင္းေက်ာ္ေလာက္ ေရာက္ရွိေနပါၿပီ၊ အဲ့ဒီထဲမွာ အလုပ္သမားေတြပါမယ္ အစိုးရအမႈထမ္းေတြပါမယ္၊ ေက်ာင္းတက္ေနတဲ့ေက်ာင္းသားေက်ာင္းသူေတြပါမယ္ေပါ့ေလ၊ လူတန္းစား ၃ ရပ္ေလာက္ရွိတယ္၊ အဲ့ဒီအထဲကေန ပုံံစံ-၁၅ ေတြကို ကိုရီးယားႏိုင္ငံမွာစတင္ျဖန႔္ေဝတဲ့အခါမွာ ကိုရီးယားႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးနဲ႔ ေ႐ြးေကာက္ပြဲဆိုင္ရာအေထာက္အကူျပဳဆိုၿပီး အဖြဲ႕အစည္းတစ္ခုကိုဖြဲ႕လိုက္တယ္၊ အဲ့ဒီအဖြဲ႕အစည္းမွာေတာ့ ကိုရီးယားႏိုင္ငံမွာေရာက္ရွိေနတဲ့ျမန္မာႏိုင္ငံသားေတြနဲ႔ ျမန္မာသံ႐ုံးက ေ႐ြးေကာက္ပြဲကို တက္ႂကြလႈပ္ရွားသူေတြပါဝင္ပါတယ္၊ ပုံစံ-၁၅ကို စတင္ျဖန႔္ခ်ီၿပီးေတာ့ ကိုရီးယားႏိုင္ငံမွာ ျမန္မာႏိုင္ငံသား လူဦးေရ ၃ ေသာင္းေက်ာ္ရွိတဲ့အထဲကေနၿပီးေတာ့ တက္လာတဲ့စာရင္းအရဆိုရင္ ပုံစံ-၁၅ကိုေလွ်ာက္တင္လိုက္တဲ့သူ ၁၀၁၆၉ ဦးရွိတယ္၊ ရာခိုင္ႏႈန္းနဲ႔ဆို ၃၅ ရာခိုင္ႏႈန္းေလာက္က ႀကိဳတင္မဲေပးဖို႔စိတ္ဝင္စားၿပီး ပုံစံ-၁၅ ေလွ်ာက္လာတာကို ေတြ႕ရတယ္၊ အဲ့ဒီလူေတြထဲကမွ ေ႐ြးေကာက္ပြဲေကာ္မရွင္ကေန မဲေပးခြင့္ရွိသူ ဘယ္ႏွစ္ဦးရွိတယ္ဆိုတာ က်လာတာကိုေတာ့ အခုခ်ိန္ထိ စာရင္းဇယားက မေရာက္ေသးဘူး၊ အဲ့ဒါေၾကာင့္ မဲေပးခြင့္ရွိသူဦးေရ ဘယ္ေလာက္ရွိတယ္ဆိုတာကိုေတာ့ မသိရေသးဘူးဗ်”လို႔ VOM ရဲ႕ေမးျမန္းမႈကို ေျဖၾကားပါတယ္။

မေလးရွားႏိုင္ငံ ဆာရာဝတ္ျပည္နယ္မွာေရာက္ေနတဲ့ မဲဆႏၵရွင္ ျမန္မာႏိုင္ငံသား ဆရာဝန္တေယာက္ကို ဆက္သြယ္ေမးျမန္းၾကည့္ရာမွာေတာ့ ” သြားေပးဖို႔က ကြာလာလန္ပူအထိ ေလယာဥ္နဲ႔ တကူးတက သြားရမယ္၊ အရင္အေျခအေနဆိုရင္က ကိစၥမရွိဘူး၊ ခုက အဝင္ေရာအထြက္ပါ swab ယူရတာ၊ လမ္းမွာ ကူးႏိုင္ေျခေတြတြက္ရတာ ပင္ပန္လို႔ စိတ္ရွိေပမယ့္ မဲသြားမေပးေတာ့ဘူး ဆုံးျဖတ္ထားတယ္”လို႔ ေျပာပါတယ္။

ျပည္ပႏိုင္ငံေတြမွာ တရားဝင္ေရာ၊ တရားမဝင္ပါ သြားေရာက္အလုပ္လုပ္ကိုင္ေနၾကတဲ့ ျမန္မာႏိုင္ငံသားအေရအတြက္ဟာ ထိုင္းနဲ႔မေလးရွားႏိုင္ငံမွာတင္ ၄ သန္းေလာက္ရွိေနၿပီး သူတို႔ရဲ႕ မဲေပးပိုင္ခြင့္ဟာ လက္ရွိအခ်ိန္အထိ မေသခ်ာေသးဘူးလို႔ ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႕က ေျပာထားပါတယ္။

ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြ ႀကိဳတင္မဲေပးဖို႔အတြက္ ႀကိဳတင္မဲေပးခြင့္ေလွ်ာက္လႊာေတြကို ဇူလိုင္လ ၃ ရက္ေန႔ကေန ၾသဂုတ္လ ၅ ရက္ေန႔အထိ လက္ခံခဲ့ရာမွာေတာ့ မႏၲေလးတိုင္းမဲဆႏၵနယ္အတြက္ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြက ႀကိဳတင္မဲေပးဖို႔ေလွ်ာက္ထားသူဦးေရမွာ ၉၉၀၅ ဦးရွိၿပီး အမည္စာရင္းထပ္၊ ေနရပ္လိပ္စာမွားေနသူေတြကို စီစစ္ၿပီးေနာက္ပိုင္း ႀကိဳတင္မဲေပးႏိုင္သူဦးေရ ၉၁၅၄ ဦးကို စာရင္းျဖည့္သြင္းထားတယ္လို႔ မႏၲေလးတိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးရွိန္ဝင္းကေျပာပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမွာ စစ္ကိုင္းတိုင္းမဲဆႏၵနယ္က ျပည္ပႏိုင္ငံေတြကိုေရာက္ရွိေနသူေတြအထဲက ႀကိဳတင္မဲေပးမယ့္သူအေရအတြက္ ၅၇၀၀ ေက်ာ္ရွိတယ္လို႔ စစ္ကိုင္းတိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမႉး ဦးေအာင္မ်ိဳးလြင္ ကေျပာပါတယ္။

ျပည္ပမွာေရာက္ရွိေနၾကတဲ့ မဲဆႏၵရွင္အေရအတြက္ဟာ သန္းႏွင့္ခ်ီ ရွိေပမယ့္လည္း ၂၀၁၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲမွာ ႀကိဳတင္ဆႏၵမဲေပးပိုင္ခြင့္ရွိသူမ်ားက ႀကိဳတင္ဆႏၵမဲ ေပးႏိုင္ေရးအတြက္ ပုံစံ-၁၅ ျဖည့္စြက္ေတာင္းဆိုသူ ၆၀၀၀ ေက်ာ္သာရွိၿပီး မဲေပးသူ အေရအတြက္မွာလည္း ၆၀၀၀ ေက်ာ္သာရွိခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ စုစုေပါင္း သံ႐ုံး ၄၀ ကေန ပုံစံ-၁၅နဲ႔ ေတာင္းဆိုသူ ၃ေသာင္းေက်ာ္ရွိၿပီး မဲေပးသူအေရအတြက္ ၂ေသာင္းေက်ာ္သာ ရွိတယ္လို႔ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္က ျမန္မာ့အသံနဲ႔႐ုပ္ျမင္သံၾကား အင္တာဗ်ဴးမွာ ေျပာခဲ့ပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြထဲက မဲေပးႏိုင္ခြင့္ရွိတဲ့ ႀကိဳတင္မဲစာရင္းေတြကိုစက္တင္ဘာလ ၂၃ ရက္ေန႔ ေနာက္ဆုံးထားၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာနကို ေပးပို႔မွာျဖစ္ေၾကာင္း ေၾကညာထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ေ႐ြးေကာက္ပြဲ #Election #ျပည္ပေရာက္ မဲဆႏၵရွင္

Related posts

Leave a Comment

VOM News

FREE
VIEW