ဧရာဝတီတိုင်းရှိ အထည်ချုပ်စက်ရုံအားလုံး ယာယီပိတ်

ဧရာဝတီတိုင်းရှိ အထည်ချုပ်စက်ရုံအားလုံး ယာယီပိတ်

ပုသိမ် ၊စက်တင်ဘာ ၂၄-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံအားလုံး ၁၄ ရက်ယာယီပိတ်သိမ်းဖို့ တိုင်း အစိုးရအဖွဲ့က ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်နေ့က ညွန်ကြားချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ပုသိမ်စက်မှုဇုန်မှာရှိတဲ့ ဟီရှန်းအထည်ချုပ်စက်ရုံက အလုပ်သမား ၃ ဦးနဲ့ ဒေါင်းလောင်အထည်ချုပ်စက်ရုံက အလုပ်သမား ၁ ဦးတို့မှာ Covid-19 ရောဂါပိုးတွေ့ရှိပြီးနောက် အထည်ချုပ်စက်ရုံအားလုံးကို ၁၄ ရက်ပိတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

“တိုင်းအစိုးရကယာယီအားဖြင့်ပိတ်တာပါ၊ ရောဂါပိုးထိန်းချုပ်နိုင်ရေးနဲ့ အများပြည်သူအတွက်ဖြစ်ပါတယ်”လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက ပြောပါတယ်။

စက်ရုံအလုပ်သမားအားလုံး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့အညီ Home Stay နေထိုင်စေပြီး သွားလာမှုတွေကို ကန့်သတ်ထားရှိကာ ကြပ်မတ်ဆောင်ရွက်ရမယ်လို့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တဆင့်ညွန်ကြားထားတယ်လို့လည်း သိရပါတယ်။

” စက်တင်ဘာ ၂၄ရက်နေ့ ယနေ့ နေ့လယ်မှ ညွှန်ကြားစာရောက်လာတဲ့အတွက် မနက်ဖြန် စက်တင်ဘာ ၂၅ ရက်နေ့မှသာ စက်ရုံစပိတ်ဖြစ်မယ်”လို့ ပုသိမ်စက်မှုဇုန်မှာရှိတဲ့ မြန်မာနစ်တင်းအထည်ချုပ်စက်ရုံ မန်နေဂျာ ဦးသက်နိုင်ကပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ အထည်ချုပ်စက်ရုံ ၁၂ ရုံ ရှိပြီး မူလက လုပ်သားအင်အား တစ်သောင်း သုံးထောင်ကျော် ရှိရာကနေ စက်တင်ဘာ ၂၁ ရက်နေ့ စစ်ဆေးချက်အရ အလုပ်သမား ၆၇၉၅ ဦးသာ အလုပ်ခွင်ဝင်ရောက်တယ်လို့ တိုင်းအစိုးရရုံးကနေ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ကိုဗစ်ပိုးတွေ့လူနာ (၁၄၈) ဦးထိရှိလာပြီး အဲ့ဒီပိုးတွေ့လူနာတွေအထဲက
အထည်ချုပ်စက်ရုံ ဝန်ထမ်းအမျိုးသမီး ၄ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကိုဗစ် #ဧရာဝတီ #အထည်ချုပ်စက်ရုံ #အားလုံးပိတ်

Zawgyi

ဧရာ၀တီတိုင္းရွိ အထည္ခ်ဳပ္စက္႐ုံအားလုံး ယာယီပိတ္

ပုသိမ္ ၊စက္တင္ဘာ ၂၄-၂၀၂၀
ကိုေအာင္(VOM)

ဧရာ၀တီတိုင္းအတြင္းရွိ အထည္ခ်ဳပ္စက္႐ုံအားလုံး ၁၄ ရက္ယာယီပိတ္သိမ္းဖို႔ တိုင္း အစိုးရအဖြဲ႕က ဒီကေန႔ စက္တင္ဘာလ ၂၄ ရက္ေန႔က ၫြန္ၾကားခ်က္ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

ပုသိမ္စက္မႈဇုန္မွာရွိတဲ့ ဟီရွန္းအထည္ခ်ဳပ္စက္႐ုံက အလုပ္သမား ၃ ဦးနဲ႔ ေဒါင္းေလာင္အထည္ခ်ဳပ္စက္႐ုံက အလုပ္သမား ၁ ဦးတို႔မွာ Covid-19 ေရာဂါပိုးေတြ႕ရွိၿပီးေနာက္ အထည္ခ်ဳပ္စက္႐ုံအားလုံးကို ၁၄ ရက္ပိတ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

“တိုင္းအစိုးရကယာယီအားျဖင့္ပိတ္တာပါ၊ ေရာဂါပိုးထိန္းခ်ဳပ္ႏိုင္ေရးနဲ႔ အမ်ားျပည္သူအတြက္ျဖစ္ပါတယ္”လို႔ ဧရာဝတီတိုင္းအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးဦး၀င္းေဌးက ေျပာပါတယ္။

စက္႐ုံအလုပ္သမားအားလုံး က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕လမ္းၫႊန္ခ်က္နဲ႔အညီ Home Stay ေနထိုင္ေစၿပီး သြားလာမႈေတြကို ကန႔္သတ္ထားရွိကာ ၾကပ္မတ္ေဆာင္႐ြက္ရမယ္လို႔ သက္ဆိုင္ရာရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြကို တဆင့္ၫြန္ၾကားထားတယ္လို႔လည္း သိရပါတယ္။

” စက္တင္ဘာ ၂၄ရက္ေန႔ ယေန႔ ေန႔လယ္မွ ၫႊန္ၾကားစာေရာက္လာတဲ့အတြက္ မနက္ျဖန္ စက္တင္ဘာ ၂၅ ရက္ေန႔မွသာ စက္႐ုံစပိတ္ျဖစ္မယ္”လို႔ ပုသိမ္စက္မႈဇုန္မွာရွိတဲ့ ျမန္မာနစ္တင္းအထည္ခ်ဳပ္စက္႐ုံ မန္ေနဂ်ာ ဦးသက္ႏိုင္ကေျပာပါတယ္။

ဧရာ၀တီတိုင္းအတြင္းမွာ အထည္ခ်ဳပ္စက္႐ုံ ၁၂ ႐ုံ ရွိၿပီး မူလက လုပ္သားအင္အား တစ္ေသာင္း သံုးေထာင္ေက်ာ္ ရွိရာကေန စက္တင္ဘာ ၂၁ ရက္ေန႔ စစ္ေဆးခ်က္အရ အလုပ္သမား ၆၇၉၅ ဦးသာ အလုပ္ခြင္ဝင္ေရာက္တယ္လို႔ တိုင္းအစိုးရ႐ုံးကေန သိရပါတယ္။

ဧရာ၀တီတိုင္းမွာ ကိုဗစ္ပိုးေတြ႕လူနာ (၁၄၈) ဦးထိရွိလာၿပီး အဲ့ဒီပိုးေတြ႕လူနာေတြအထဲက
အထည္ခ်ဳပ္စက္႐ုံ ၀န္ထမ္းအမ်ိဳးသမီး ၄ဦးမွာ ကိုဗစ္ေရာဂါပိုးေတြ႕ခဲ့တာလည္း ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ကိုဗစ္ #ဧရာဝတီ #အထည္ခ်ဳပ္စက္ရံု #အားလံုးပိတ္

Related posts

Leave a Comment

VOM News

FREE
VIEW