စစ်ကိုင်းတိုင်းမှာ ၂ရက်အတွင်း တရားမဝင်သစ်တန်ချိန် ၁၇၀ ကျော်ဖမ်းမိ

စစ်ကိုင်းတိုင်းမှာ ၂ရက်အတွင်း တရားမဝင်သစ်တန်ချိန် ၁၇၀ ကျော်ဖမ်းမိ

မုံရွာ၊ စက်တင်ဘာ ၂၇-၂၀၂၀
ခင်မေစန်း(VOM)

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်လေးခုကနေ စက်တင်ဘာ၂၃နေ့မှ ၂၄နေ့ နှစ်ရက်တာကာလအတွင်း တရားမဝင်ခိုးထုတ်တဲ့သစ်တန်ချိန်ပေါင်း ၁၇၀ ကျော်ကို ဖမ်းင်္ဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနကနေ သိရပါတယ်။

ကလေးဝမြို့နယ် မဟာမြိုင်ကြိုးဝိုင်းနဲ့ ပလ္လင်ကြိုးဝိုင်း၊ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်အနီးမှာ စစ်ကိုင်းတိုင်းသစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးတစ်ဦးက ဦးဆောင်ကာ တရားမဝင်သစ်ခိုးမှုတွေ ပပျောက်စေဖို့အတွက် ရှာဖွေဖမ်းဆီးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုဖမ်းဆီးရာမှာ တရားမဝင် သစ်စက်တစ်ခုနဲ့ ဆက်စပ်သုံးပစ္စည်းများ၊ ကျွန်းသစ် လုံး၊ ပျဉ်းကတိုး၊ သစ်ယာ၊ ကညင်၊ အင် သစ်ခွဲသားခြမ်းသားများ စုစုပေါင်းတန်ချိန် တစ်ရာ့တစ်ဆယ်ကျော်ကို တရားခံ ၅ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ နေပြည်တော်သစ်တောဦးစီးဌာနကနေ သိရပါတယ်။

ဖောင်းပြင်မြို့နယ် အရှေ့မြင်သာအနီးမှာ စက်တင်ဘာ ၂၄ရက်နေ့က ပြည်သူလူထုစောင့် ကြည့်သတင်းပို့ CRMSအရ မြို့နယ်သစ်တော ဦးစီးအရာရှိ ၊ သစ်တောဝန်ထမ်း ၊ ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ စုပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ရာမှာတော့ အင်၊ ကညင်သစ်ခွဲသား အချောင်း သုံးရာကျော် တန်ချိန်အားဖြင့် ၃၆ တန်နဲ့ သစ်ခွဲရာမှာအသုံးပြုတဲ့ အင်ဂျင်စက်တစ်ခုနဲ့ ဆက်စပ်ပစ္စည်းတွေကိုဖမ်းဆီးရမိခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၃ရက်နေ့ကလည်း ဝန်းသိုမြို့နယ်၊ နမ်းခမ်းကြိုးဝိုင်း၊ အကွက် ၂ အတွင်းမှာ တရားမဝင် ကျွန်းသစ်လုံး ၈၀ လုံး ၊တန်ချိန် အားဖြင့် ၂၉ တန်ကျော်ကို မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိနဲ့ သစ်တောဝန်ထမ်းတွေက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #တရားမဝင်သစ်

Zawgyi

စစ္ကိုင္းတိုင္းမွာ ၂ရက္အတြင္း တရားမဝင္သစ္တန္ခ်ိန္ ၁၇၀ ေက်ာ္ဖမ္းမိ

မုံ႐ြာ၊ စက္တင္ဘာ ၂၇-၂၀၂၀
ခင္ေမစန္း(VOM)

စစ္ကိုင္းတိုင္းအတြင္းက ၿမိဳ႕နယ္ေလးခုကေန စက္တင္ဘာ၂၃ေန႔မွ ၂၄ေန႔ ႏွစ္ရက္တာကာလအတြင္း တရားမဝင္ခိုးထုတ္တဲ့သစ္တန္ခ်ိန္ေပါင္း ၁၇၀ ေက်ာ္ကို ဖမ္းဆႌးရမိခဲ့တယ္လို႔ သစ္ေတာဦးစီးဌာနကေန သိရပါတယ္။

ကေလးဝၿမိဳ႕နယ္ မဟာၿမိဳင္ႀကိဳးဝိုင္းနဲ႔ ပလႅင္ႀကိဳးဝိုင္း၊ မင္းကင္းၿမိဳ႕နယ္ ခ်င္းတြင္းျမစ္အနီးမွာ စစ္ကိုင္းတိုင္းသစ္ေတာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးတစ္ဦးက ဦးေဆာင္ကာ တရားမဝင္သစ္ခိုးမႈေတြ ပေပ်ာက္ေစဖို႔အတြက္ ရွာေဖြဖမ္းဆီးမႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

အဲ့ဒီလိုဖမ္းဆီးရာမွာ တရားမဝင္ သစ္စက္တစ္ခုနဲ႔ ဆက္စပ္သုံးပစၥည္းမ်ား၊ ကြၽန္းသစ္ လုံး၊ ပ်ဥ္းကတိုး၊ သစ္ယာ၊ ကညင္၊ အင္ သစ္ခြဲသားျခမ္းသားမ်ား စုစုေပါင္းတန္ခ်ိန္ တစ္ရာ့တစ္ဆယ္ေက်ာ္ကို တရားခံ ၅ ဦးနဲ႔အတူ ဖမ္းဆီးရမိခဲ့တယ္လို႔ ေနျပည္ေတာ္သစ္ေတာဦးစီးဌာနကေန သိရပါတယ္။

ေဖာင္းျပင္ၿမိဳ႕နယ္ အေရွ႕ျမင္သာအနီးမွာ စက္တင္ဘာ ၂၄ရက္ေန႔က ျပည္သူလူထုေစာင့္ ၾကည့္သတင္းပို႔ CRMSအရ ၿမိဳ႕နယ္သစ္ေတာ ဦးစီးအရာရွိ ၊ သစ္ေတာဝန္ထမ္း ၊ ရဲတပ္ဖြဲ႕ဝင္ေတြပါဝင္တဲ့ စုေပါင္းအဖြဲ႕က ဖမ္းဆီးခဲ့ရာမွာေတာ့ အင္၊ ကညင္သစ္ခြဲသား အေခ်ာင္း သုံးရာေက်ာ္ တန္ခ်ိန္အားျဖင့္ ၃၆ တန္နဲ႔ သစ္ခြဲရာမွာအသုံးျပဳတဲ့ အင္ဂ်င္စက္တစ္ခုနဲ႔ ဆက္စပ္ပစၥည္းေတြကိုဖမ္းဆီးရမိခဲ့ပါတယ္။

ဒါ့အျပင္ စက္တင္ဘာ ၂၃ရက္ေန႔ကလည္း ဝန္းသိုၿမိဳ႕နယ္၊ နမ္းခမ္းႀကိဳးဝိုင္း၊ အကြက္ ၂ အတြင္းမွာ တရားမဝင္ ကြၽန္းသစ္လုံး ၈၀ လုံး ၊တန္ခ်ိန္ အားျဖင့္ ၂၉ တန္ေက်ာ္ကို ၿမိဳ႕နယ္သစ္ေတာဦးစီးဌာန ဦးစီးအရာရွိနဲ႔ သစ္ေတာဝန္ထမ္းေတြက ဖမ္းမိခဲ့တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္း #တရားမဝင္သစ္

Related posts

Leave a Comment

VOM News

FREE
VIEW