ပရဟိတအဖွဲ့က လုပ်အာပေးတစ်ဦးကို အမျိုသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဖုန်းဆက်အပြစ်တင်

ပရဟိတအဖွဲ့က လုပ်အာပေးတစ်ဦးကို အမျိုသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဖုန်းဆက်အပြစ်တင်

စစ်ကိုင်း၊ စက်တင်ဘာ- ၂၈- ၂၀၂၀
ရှိုင်းအောင်(VOM)

စက်တင်ဘာလ ၂၇ ရက်နေ့မနက်ပိုင်းက NLD ပါတီကိုထောက်ခံကြတဲ့ လူတစ်စုဟာ စစ်ကိုင်းမြို့မှာ ယာဉ်တန်းနဲ့ မဲဆွယ်စည်းရုံးရေးပြုလုပ်နေချိန် အဲ့ဒီယာဉ်တန်းနောက်မှာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)ဟာ ပိုးသတ်ဆေးဖျန်းပြီး Live လွှင့်ခဲ့တဲ့ လုပ်အားပေးတဲ့လူငယ်တစ်ဦးကို စစ်ကိုင်းမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းက သူ့နာမည်ကိုအသုံးပြုကာ Live လွှင့်ခဲ့တဲ့အတွက် ဖုန်းဆက်ပြီးအပြစ်တင်ခံခဲ့ရပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ” ဖိအားပေးတာမဟုတ်ပါဘူးဗျာ၊ ဒီလိုဗျ မနေ့က ကျွန်တော်တို့မြို့ထဲမှာ NLD ဝန်းရံသူတွေလှည့်ကြတာပေါ့၊ သူတို့လှည့်တဲ့အပေါ်မှာ ကျွန်တော်ကမသိဘူး အိမ်မှာပေါ့၊ FaceBook ကြည့်ရင်း Liveလွှင့်တာ တွေ့လိုက်တယ်၊ အဲ့ဒီအပေါ်မှာ လေးကျော်သောင်း လုပ်ပါအုံးဗျာ၊ တားပေးပါအုံးပြောတဲ့အခါကျတော့ သူပြောလိုက်တဲ့စကားက ကျွန်တော်တို့လုပ်တဲ့အနေအထားမျိုး သက်ရောက်နေတာပေါ့ဗျာ၊ အဲ့ဒီတော့ကျနော်တို့လည်းမသိဘူး၊ ကျွန်တော်တို့လုပ်တာလည်း မဟုတ်ဘူး၊ ဘယ်အဖွဲ့အစည်းက ဘယ်သူလုပ်တယ်ဆိုတာကို ကျွန်တော်တို့လည်းမသိဘူး၊ ကြည့်နေတဲ့သူတွေက ဦးကျော်သောင်းတို့ကပဲ ခိုင်းတယ်ဆိုတဲ့အနေအထားမျိုးမြင်မှာပေါ့၊ မြင်သွားရင် ကျွန်တော်တို့လည်း မကောင်းဘူးလေ၊ အဲ့ဒါကြောင့် အဲ့ဒီကလေးဆီကို ကျွန်တော်က ဖုန်းဆက်ပြီးတော့ မင်းဒီလိုမလုပ်သင့်ဘူး ဒီလိုမဖြစ်သင့်ဘူး၊ မင်းဒီလိုပြောခြင်းအားဖြင့် ငါတို့လုပ်တယ်လို့ သူများကထင်မှာပေါ့၊ ဒါကြောင့် မင်းဒီလိုမလုပ်သင့်ဘူးလို့ပြောတဲ့အပေါ်မှာ SERTအဖွဲ့က အတွင်းရေးမှူး စိုးမင်းဦးက သူ့ကလေးတွေကို ဖိအားပေးတယ်ဆိုတဲ့သဘောမျိုးပြောတာ၊ သူတို့ဆေးဖျန်းတာဖျန်းပါ၊ ဘာဖြစ်လဲ လုပ်သင့် လုပ်ထိုက်တာလုပ်တာ ဘာမှဖိအားပေးစရာအကြောင်းမရှိဘူး၊ ရှင်းရှင်းပြောရရင် ဒါလေးအပေါ်မှာ မလိုတဲ့သူက တလွဲအတွေးနဲ့ ပြန်ပြီးတော့လုပ်တဲ့အပေါ်မှာ တကယ့်လမ်းကြောင်းအမှန်မဟုတ်ဘဲနဲ့ သူတို့ကိုပဲ ဖိအားပေးနေတယ်ဆိုတာမျိုးပြောတာပေါ့၊ ဒီကိစ္စနဲ့ပတ်သက်ပြီး SERTက တစ်ခါပြောလို့ ၁၈ ရက်နေ့က မဲဆွယ်စည်းရုံးရေးတွေရပ်နားလိုက်တာ၊ ကျွန်တော်တို့က ဝန်းရံတဲ့ပြည်သူလူထုကို ကိုဗစ်ကာလမို့ ဒါတွေမလုပ်ဖို့ရာ ပန်ကြားလွှာလည်းထုတ်ထားတယ် ၊ ရပ်ကျေးတွေကိုလည်း အောင်းနိုင်ရေးလုပ်တဲ့ကိစ္စမှာ ကျွန်တော်တို့ကို အသိမပေးဘဲ မပြုလုပ်ဖို့ တားမြစ်ထားတယ်”လို့ VOM ကိုပြောပါတယ်။

အခုလို Live လွှင့်ခဲ့တဲ့သူဟာ စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးဌာနက ဝန်ထမ်းတစ်ဦးဖြစ်ပြီး တာဝန်အားလပ်ချိန် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)မှာ Covid-19 ရောဂါကာကွယ်ရေးအတွက် လုပ်အားပေးတစ်ဦးအဖြစ် ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေသခံတစ်ဦးရဲ့ပြောပြချက်အရ မဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့တဲ့ လူဦးရေ ၁၀၀ နီးပါးရှိတဲ့အဖွဲ့ဟာ စစ်ကိုင်းမြို့၊ ရွှေမင်းဝံအုပ်စု၊ မြရတနာရပ်ကွက်က NLD ပါတီဝင်တွေဖြစ်ကြတဲ့ ရာအိမ်မှူး ကိုချိုကြီးရဲ့ ကိုယ်ပိုင်ကား ၁ စီး၊ ဆယ်အိမ်မှူး ဦးဝင်းဇော် ရဲ့ ကိုယ်ပိုင်ကား ၁ စီး၊ လိုက်ထရပ်ကား ၁ စီး တို့ကို အသုံးပြုကာ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတို့၂ ဦး ဦးဆောင်တဲ့အဖွဲ့ဟာ မြရတနာရပ်ကွက်ကနေ စစ်ကိုင်းမြို့ပေါ်ကို စီတန်းလှည့်လည်ခဲ့တာဖြစ်တယ်လို့ VOM ကိုပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)က အတွင်းရေးမှူး ဦးစိုးမင်းဦးပြောပြတာကတော့ “Positive လူနာ နှစ်ယောက်တွေ့ခဲ့တဲ့ ခိုတောင်တို့ ချောင်းပေါက်တို့ဘက်ကနေ ဖြတ်လာကြတယ်လို့ သတင်းရလို့ မြို့အတွက်စိတ်ပူပြီး အခုလိုဆေးဖျန်းပေးရခြင်းဖြစ်ပါတယ်” လို့ VOM ကိုပြောပါတယ်။

Positive Case ကို ဆေးကုသရင်း Positive ဖြစ်သွားတဲ့ဆရာဝန်တွေတောင် လူနာလိုမနေရတော့ဘဲ Positive လူနာတွေကို ဆေးကုပေးနေရတဲ့ အခြေအနေမျိုးကို ကြုံတွေ့နေရတဲ့အတွက် လူစုလူဝေးနဲ့မဲဆွယ်စည်းရုံးရေး မပြုလုပ်သင့်ဘူးလို့ ကျန်းမာရေးနဲ့ အားက စားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOM ကိုပြောကြားထားတာလည်းရှိပါတယ်။

လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းအတွင်းမှာ ကိုဗစ်အတည်ပြုလူနာ ၅၃ ဦးထိရှိနေပြီး စစ်ကိုင်းမြို့နယ်မှာ ပိုးတွေ့လူနာ ၂ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ-၁၀၇၃၄ ဦး၊ ရောဂါပျောက်ဆုံးပြီး ဆေးရုံဆင်းခွင့်ရသူ ၂၈၆၂ ဦး၊ သေဆုံးလူနာ ၂၂၆ ဦး အထိ ရှိလာနေပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #အမျိုးသားလွှတ်တော်ကိုစားလှယ် #ဘော်လန်ဒီယာ #ကျန်းမာရေး #COVID-19 #NLD #မဲဆွယ်စည်းရုံး #ရွေးကောက်ပွဲ

Zawgyi

ပရဟိတအဖြဲ႔က လုပ္အာေပးတစ္ဦးကို အမ်ိဳသားလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက ဖုန္းဆက္အျပစ္တင္

စစ္ကိုင္း၊ စက္တင္ဘာ- ၂၈- ၂၀၂၀
ရႈိင္းေအာင္(VOM)

စက္တင္ဘာလ ၂၇ ရက္ေန႔မနက္ပိုင္းက NLD ပါတီကိုေထာက္ခံၾကတဲ့ လူတစ္စုဟာ စစ္ကိုင္းၿမိဳ႕မွာ ယာဥ္တန္းနဲ႔ မဲဆြယ္စည္း႐ုံးေရးျပဳလုပ္ေနခ်ိန္ အဲ့ဒီယာဥ္တန္းေနာက္မွာ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕(စစ္ကိုင္း)ဟာ ပိုးသတ္ေဆးဖ်န္းၿပီး Live လႊင့္ခဲ့တဲ့ လုပ္အားေပးတဲ့လူငယ္တစ္ဦးကို စစ္ကိုင္းၿမိဳ႕နယ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေသာင္းက သူ႔နာမည္ကိုအသုံးျပဳကာ Live လႊင့္ခဲ့တဲ့အတြက္ ဖုန္းဆက္ၿပီးအျပစ္တင္ခံခဲ့ရပါတယ္။

အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး စစ္ကိုင္းၿမိဳ႕နယ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေသာင္းကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ” ဖိအားေပးတာမဟုတ္ပါဘူးဗ်ာ၊ ဒီလိုဗ် မေန႔က ကၽြန္ေတာ္တို႔ၿမိဳ႕ထဲမွာ NLD ဝန္းရံသူေတြလွည့္ၾကတာေပါ့၊ သူတို႔လွည့္တဲ့အေပၚမွာ ကၽြန္ေတာ္ကမသိဘူး အိမ္မွာေပါ့၊ FaceBook ၾကည့္ရင္း Liveလႊင့္တာ ေတြ႕လိုက္တယ္၊ အဲ့ဒီအေပၚမွာ ေလးေက်ာ္ေသာင္း လုပ္ပါအုံးဗ်ာ၊ တားေပးပါအုံးေျပာတဲ့အခါက်ေတာ့ သူေျပာလိုက္တဲ့စကားက ကၽြန္ေတာ္တို႔လုပ္တဲ့အေနအထားမ်ိဳး သက္ေရာက္ေနတာေပါ့ဗ်ာ၊ အဲ့ဒီေတာ့က်ေနာ္တို႔လည္းမသိဘူး၊ ကၽြန္ေတာ္တို႔လုပ္တာလည္း မဟုတ္ဘူး၊ ဘယ္အဖြဲ႕အစည္းက ဘယ္သူလုပ္တယ္ဆိုတာကို ကၽြန္ေတာ္တို႔လည္းမသိဘူး၊ ၾကည့္ေနတဲ့သူေတြက ဦးေက်ာ္ေသာင္းတို႔ကပဲ ခိုင္းတယ္ဆိုတဲ့အေနအထားမ်ိဳးျမင္မွာေပါ့၊ ျမင္သြားရင္ ကၽြန္ေတာ္တို႔လည္း မေကာင္းဘူးေလ၊ အဲ့ဒါေၾကာင့္ အဲ့ဒီကေလးဆီကို ကၽြန္ေတာ္က ဖုန္းဆက္ၿပီးေတာ့​ မင္းဒီလိုမလုပ္သင့္ဘူး ဒီလိုမျဖစ္သင့္ဘူး၊ မင္းဒီလိုေျပာျခင္းအားျဖင့္ ငါတို႔လုပ္တယ္လို႔ သူမ်ားကထင္မွာေပါ့၊ ဒါေၾကာင့္ မင္းဒီလိုမလုပ္သင့္ဘူးလို႔ေျပာတဲ့အေပၚမွာ SERTအဖြဲ႕က အတြင္းေရးမႉး စိုးမင္းဦးက သူ႔ကေလးေတြကို ဖိအားေပးတယ္ဆိုတဲ့သေဘာမ်ိဳးေျပာတာ၊ သူတို႔ေဆးဖ်န္းတာဖ်န္းပါ၊ ဘာျဖစ္လဲ လုပ္သင့္ လုပ္ထိုက္တာလုပ္တာ ဘာမွဖိအားေပးစရာအေၾကာင္းမရွိဘူး၊ ရွင္းရွင္းေျပာရရင္ ဒါေလးအေပၚမွာ မလိုတဲ့သူက တလြဲအေတြးနဲ႔ ျပန္ၿပီးေတာ့လုပ္တဲ့အေပၚမွာ တကယ့္လမ္းေၾကာင္းအမွန္မဟုတ္ဘဲနဲ႔ သူတို႔ကိုပဲ ဖိအားေပးေနတယ္ဆိုတာမ်ိဳးေျပာတာေပါ့၊ ဒီကိစၥနဲ႔ပတ္သက္ၿပီး SERTက တစ္ခါေျပာလို႔ ၁၈ ရက္ေန႔က မဲဆြယ္စည္း႐ုံးေရးေတြရပ္နားလိုက္တာ၊ ကၽြန္ေတာ္တို႔က ဝန္းရံတဲ့ျပည္သူလူထုကို ကိုဗစ္ကာလမို႔ ဒါေတြမလုပ္ဖို႔ရာ ပန္ၾကားလႊာလည္းထုတ္ထားတယ္ ၊ ရပ္ေက်းေတြကိုလည္း ေအာင္းႏိုင္ေရးလုပ္တဲ့ကိစၥမွာ ကၽြန္ေတာ္တို႔ကို အသိမေပးဘဲ မျပဳလုပ္ဖို႔ တားျမစ္ထားတယ္”လို႔ VOM ကိုေျပာပါတယ္။

အခုလို Live လႊင့္ခဲ့တဲ့သူဟာ စစ္ကိုင္းၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက ဝန္ထမ္းတစ္ဦးျဖစ္ၿပီး တာဝန္အားလပ္ခ်ိန္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕(စစ္ကိုင္း)မွာ Covid-19 ေရာဂါကာကြယ္ေရးအတြက္ လုပ္အားေပးတစ္ဦးအျဖစ္ ေဆာင္႐ြက္ေနတာျဖစ္တယ္လို႔လည္း သိရပါတယ္။

ေဒသခံတစ္ဦးရဲ႕ေျပာျပခ်က္အရ မဲဆြယ္စည္း႐ုံးေရးျပဳလုပ္ခဲ့တဲ့ လူဦးေရ ၁၀၀ နီးပါးရွိတဲ့အဖြဲ႕ဟာ စစ္ကိုင္းၿမိဳ႕၊ ေ႐ႊမင္းဝံအုပ္စု၊ ျမရတနာရပ္ကြက္က NLD ပါတီဝင္ေတြျဖစ္ၾကတဲ့ ရာအိမ္မႉး ကိုခ်ိဳႀကီးရဲ႔ ကိုယ္ပိုင္ကား ၁ စီး၊ ဆယ္အိမ္မႉး ဦးဝင္းေဇာ္ ရဲ႕ ကိုယ္ပိုင္ကား ၁ စီး၊ လိုက္ထရပ္ကား ၁ စီး တို႔ကို အသုံးျပဳကာ ရာအိမ္မွဴးနဲ႔ ဆယ္အိမ္မွဴးတို႔၂ ဦး ဦးေဆာင္တဲ့အဖြဲ႔ဟာ ျမရတနာရပ္ကြက္ကေန စစ္ကိုင္းၿမိဳ႕ေပၚကို စီတန္းလွည့္လည္ခဲ့တာျဖစ္တယ္လို႔ VOM ကိုေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အေရးေပၚကယ္ဆယ္ေရးအဖြဲ႕(စစ္ကိုင္း)က အတြင္းေရးမႉး ဦးစိုးမင္းဦးေျပာျပတာကေတာ့ “Positive လူနာ ႏွစ္ေယာက္ေတြ႕ခဲ့တဲ့ ခိုေတာင္တို႔ ေခ်ာင္းေပါက္တို႔ဘက္ကေန ျဖတ္လာၾကတယ္လို႔ သတင္းရလို႔ ၿမိဳ႕အတြက္စိတ္ပူၿပီး အခုလိုေဆးဖ်န္းေပးရျခင္းျဖစ္ပါတယ္” လို႔ VOM ကိုေျပာပါတယ္။

Positive Case ကို ေဆးကုသရင္း Positive ျဖစ္သြားတဲ့ဆရာဝန္ေတြေတာင္ လူနာလိုမေနရေတာ့ဘဲ Positive လူနာေတြကို ေဆးကုေပးေနရတဲ့ အေျခအေနမ်ိဳးကို ႀကဳံေတြ႕ေနရတဲ့အတြက္ လူစုလူေဝးနဲ႔မဲဆြယ္စည္း႐ုံးေရး မျပဳလုပ္သင့္ဘူးလို႔ က်န္းမာေရးနဲ႔ အားက စားဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက VOM ကိုေျပာၾကားထားတာလည္းရွိပါတယ္။

လက္ရွိအခ်ိန္ထိ စစ္ကိုင္းတိုင္းအတြင္းမွာ ကိုဗစ္အတည္ျပဳလူနာ ၅၃ ဦးထိရွိေနၿပီး စစ္ကိုင္းၿမိဳ႕နယ္မွာ ပိုးေတြ႕လူနာ ၂ ဦး ရွိတယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။

အခုလက္ရွိ ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ-၁၀၇၃၄ ဦး၊ ေရာဂါေပ်ာက္ဆုံးၿပီး ေဆး႐ုံဆင္းခြင့္ရသူ ၂၈၆၂ ဦး၊ ေသဆုံးလူနာ ၂၂၆ ဦး အထိ ရွိလာေနၿပီျဖစ္ပါတယ္။

#voiceofmyanmar #VOM #အမ်ိဳးသားလႊတ္ေတာ္ကိုစားလွယ္ #ေဘာ္လန္ဒီယာ #က်န္းမာေရး #COVID-19 #NLD #မဲဆြယ္စည္း႐ုံး #ေ႐ြးေကာက္ပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW