ကွာရန်တင်းစင်တာက တာဝန်ရှိသူတွေကို ရန်ပြုတိုက်ခိုက်တဲ့ အမျိုးသားကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁ နှစ်ခွဲချ

ကွာရန်တင်းစင်တာက တာဝန်ရှိသူတွေကို ရန်ပြုတိုက်ခိုက်တဲ့ အမျိုးသားကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁ နှစ်ခွဲချ

နေပြည်တော်၊ စက်တင်ဘာ ၃၀-၂၀၂၀
ကောင်းလက်ျာ(VOM)

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်ကော်တက္ကသိုလ် ကွာရန်တင်းစင်တာမှာ စက်တင်ဘာ၂၁ ရက်နေ့က စခန်းတာဝန်ရှိသူတွေကို ရန်ပြုတိုက်ခိုက်ထွက်ပြေးးတဲ့ အမျိုးသားကို မနေ့ စက်တင်ဘာ ၂၉ရက်နေ့လယ်ပိုင်းက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ်ခွဲချမှတ်လိုက်တယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။

” တရားလိုက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပါ။ ဘေးစီမံအက်ပုဒ်မ‌နှစ်ခုနဲ့ ထောင်ဒဏ်တစ်နှစ်ခွဲ (စက်တင်ဘာလ၂၉ ရက်)မနေ့က ကျသွားပါတယ်”လို့ ‌လွိုင်ကော်မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ ထီးပလောထူကျေးရွာမှာနေတဲ့ အမျိုးသားတစ်ဦးဟာ စက်တင်ဘာလ ၂၁ ရက်နေ့က လားရှိုးမြို့ကနေ လွိုင်ကော်မြို့ကိုပြန်လည်ဝင်ရောက်လာတဲ့အတွက် လွိုင်ကော်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ် ကွာရန်တင်းစင်တာမှာ စောင့်ကြည့်မှုခံယူနေချိန် အဲ့ဒီနေ့ညနေပိုင်းမှာ တာဝန်ရှိသူတွေကို ရန်ပြုတိုက်ခိုက်ပြီး ထွက်ပြေးတိမ်းရှောင်သွားတာဖြစ်ပါတယ်။

အခင်းဖြစ်ပြီး မကြာခင်မှာပဲ အဲ့ဒီအမျိုးသားကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် လွိုင်ကော်မြို့မရ‌ဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ-၂၆/၂၉ နဲ့ အမှုဖွင့်ပြီး လွိုင်ကော်ဆေးရုံကြီး ကွာရန်တင်းစင်တာကို ရွှေ့ပြောင်းထိန်းသိမ်းထားခဲ့ဖြစ်ပါတယ်။

အဲ့ဒီအမျိုးသားကို တရားရုံးမှာ စစ်ဆေးဆောင်ရွက်ခဲ့ပြီး ပြစ်မှုထင်ရှားတဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ-၂၆အရ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်၊ ဥပဒေပုဒ်မ၂၉ အရ အလုပ်နဲ့ထောင်ဒဏ် ၆ လ စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ခွဲချမှတ်ခဲ့တာဖြစ်တယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးကနေ သိရပါတယ်။

#voiceomyanmar #VOM #လွိုင်ကော် #ကိုဗစ် #ကွာရန်တင်းစင်တာ #ရန်ပြုထွက်ပြေးအမျိုးသား #ထောင်ဒဏ်ချ

Zawgyi

ကြာရန္တင္းစင္တာက တာဝန္ရွိသူေတြကို ရန္ျပဳတိုက္ခိုက္တဲ့ အမ်ိဳးသားကို အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ၁ ႏွစ္ခြဲခ်

ေနျပည္ေတာ္၊ စက္တင္ဘာ ၃၀-၂၀၂၀
ေကာင္းလက္်ာ(VOM)

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္၊ လြိဳင္ေကာ္တကၠသိုလ္ ကြာရန္တင္းစင္တာမွာ စက္တင္ဘာ၂၁ ရက္ေန႔က စခန္းတာဝန္ရွိသူေတြကို ရန္ျပဳတိုက္ခိုက္ထြက္ေျပးးတဲ့ အမ်ိဳးသားကို မေန႔ စက္တင္ဘာ ၂၉ရက္ေန႔လယ္ပိုင္းက အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္တစ္ႏွစ္ခြဲခ်မွတ္လိုက္တယ္လို႔ ကယားျပည္နယ္အစိုးရအဖြဲ႕ကေန သိရပါတယ္။

” တရားလိုက အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကပါ။ ေဘးစီမံအက္ပုဒ္မ‌ႏွစ္ခုနဲ႔ ေထာင္ဒဏ္တစ္ႏွစ္ခြဲ (စက္တင္ဘာလ၂၉ ရက္)မေန႔က က်သြားပါတယ္”လို႔ ‌လြိဳင္ေကာ္ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာန တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

လြိဳင္ေကာ္ၿမိဳ႕နယ္၊ ႏြားလဝိုးေက်း႐ြာအုပ္စု၊ ထီးပေလာထူေက်း႐ြာမွာေနတဲ့ အမ်ိဳးသားတစ္ဦးဟာ စက္တင္ဘာလ ၂၁ ရက္ေန႔က လားရႈိးၿမိဳ႔ကေန လြိဳင္ေကာ္ၿမိဳ႔ကိုျပန္လည္ဝင္ေရာက္လာတဲ့အတြက္ လြိဳင္ေကာ္ဝိဇၨာနဲ႔သိပၸံတကၠသိုလ္ ကြာရန္တင္းစင္တာမွာ ေစာင့္ၾကည့္မႈခံယူေနခ်ိန္ အဲ့ဒီေန႔ညေနပိုင္းမွာ တာဝန္ရွိသူေတြကို ရန္ျပဳတိုက္ခိုက္ၿပီး ထြက္ေျပးတိမ္းေရွာင္သြားတာျဖစ္ပါတယ္။

အခင္းျဖစ္ၿပီး မၾကာခင္မွာပဲ အဲ့ဒီအမ်ိဳးသားကို ျပန္လည္ဖမ္းဆီးႏိုင္ခဲ့တဲ့အတြက္ လြိဳင္ေကာ္ၿမိဳ႕မရ‌ဲစခန္းမွ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရး ဥပေဒပုဒ္မ-၂၆/၂၉ နဲ႔ အမႈဖြင့္ၿပီး လြိဳင္ေကာ္ေဆး႐ုံႀကီး ကြာရန္တင္းစင္တာကို ေ႐ႊ႕ေျပာင္းထိန္းသိမ္းထားခဲ့ျဖစ္ပါတယ္။

အဲ့ဒီအမ်ိဳးသားကို တရား႐ုံးမွာ စစ္ေဆးေဆာင္႐ြက္ခဲ့ၿပီး ျပစ္မႈထင္ရွားတဲ့အတြက္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရး ဥပေဒပုဒ္မ-၂၆အရ အလုပ္နဲ႔ ေထာင္ဒဏ္ ၁ ႏွစ္၊ ဥပေဒပုဒ္မ၂၉ အရ အလုပ္နဲ႔ေထာင္ဒဏ္ ၆ လ စုစုေပါင္း အလုပ္ႏွင့္ေထာင္ဒဏ္ တစ္ႏွစ္ခြဲခ်မွတ္ခဲ့တာျဖစ္တယ္လို႔ ကယားျပည္နယ္အစိုးရအဖြဲ႕ရံုးကေန သိရပါတယ္။

#voiceomyanmar #VOM #လြိဳင္ေကာ္ #ကိုဗစ္ #ကြာရန္တင္းစင္တာ #ရန္ျပဳထြက္ေျပးအမ်ိဳးသား #ေထာင္ဒဏ္ခ်

Related posts

Leave a Comment

VOM News

FREE
VIEW