ညီညွတ်သောဒီမီုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ပန်းလှိုင်အိမ်ရာမှာ ရဲတပ်ဖွဲ့ကဖမ်းဆီး

ညီညွတ်သောဒီမီုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ပန်းလှိုင်အိမ်ရာမှာ ရဲတပ်ဖွဲ့ကဖမ်းဆီး

ရန်ကုန်၊စက်တင်ဘာ ၃၀-၂၀၂၀
အေးချမ်းသူ(VOM)

ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)ဥက္ကဋ္ဌ ဦးကျော်မြင့်ကို စက်တင်ဘာ ၂၉ရက်နေ့က ညပိုင်းက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ညောင်ကျေးရွာရှိ ပန်းလှိုင်အိမ်ရာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ညောင်ကျေးရွာအုပ်ချုပ်ရေးမှုးဦးသန်းဇော်က ပြောပါတယ်။

” မနေ့က တိုင်းရဲမှူးကြီးက ဆက်သွယ်လာတယ်။ ဦးကျော်မြင့်ကို စစ်စရာရှိတယ်လိုက်ခဲ့ပါပေါ့။ ဟိုရောက်တော့ စစ်ဆေးပြီးခေါ်သွားတာပါ”လို့ ဦးသန်းဇော်ကပြောပါတယ်။

ဖမ်းဆီးရာမှာတော့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးအပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့လာရောက်စစ်ဆေးမေမြန်းပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ညောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်က ပြောပါတယ်။

” ပါတီ ဥက္ကဋ္ဌကို ဖမ်းလိုက်တာကဟုတ်ပါတယ်။ အခုလောလောဆယ် လူကြီးတွေက လာစစ်နေလို့ပါ။ နောက်မှ ထပ်ဆက်လိုက်ပါ”လို့ လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူးကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှုးကြီးအပါအဝင်အဖွဲ့အစည်းများမှ စက်တင်ဘာ ၂၉ရက်နေ့ည ၉နာရီအချိန်က ဒီမိုကရက်တစ်ပါတီဥက္ကဌဦးကျော်မြင့်ကို လာရောက်ဖမ်းဆီးခဲ့တာဟာ မှန်ကန်ပြီး မည်သည့်နေရာမှာချုပ်နှောင်ထားတာကိုတော့ မသိသေးဘူးလို့ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမောင်ကပြောပါတယ်။

” လာဖမ်းတာမှန်ပါတယ်။ အဖွဲ့အစည်းလည်းစုံတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေလည်းလိုက်သွားရတယ်။ ဘယ်ကိုပို့တယ်ဆိုတာတော့မသိဘူး”လို့ ဦးဝင်းမောင်ကပြောပါတယ်။

ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)ဥက္ကဌဦးကျော်မြင့်ဖမ်းဆီးခံရခြင်ူနှင့်ပတ်သက်ပြီး UDP ပါတီပြောရေးဆိုခွင့်ရှိသူကတော့ ဖုန်းကိုင်ဖြေဆိုခြင်းမရှိသေးသလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖုန်းခေါ်ပေမယ့်လည်း ဖုန်းကိုင်ဖြေဆိုပေးခြင်းမရှိသေးပါဘူး။

#voiceofmyanmar #VOM #ရန်ကုန် #UDPပါတီဥက္ကဋ္ဌ #ရဲတပ်ဖွဲ့ကဖမ်းဆီး

Zawgyi

ညီၫြတ္ေသာဒီမီုကရက္တစ္ပါတီဥကၠ႒ ဦးေက်ာ္ျမင့္ကို ပန္းလႈိင္အိမ္ရာမွာ ရဲတပ္ဖြဲ႕ကဖမ္းဆီး

ရန္ကုန္၊စက္တင္ဘာ ၃၀-၂၀၂၀
ေအးခ်မ္းသူ(VOM)

ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ(UDP)ဥကၠ႒ ဦးေက်ာ္ျမင့္ကို စက္တင္ဘာ ၂၉ရက္ေန႔က ညပိုင္းက ရန္ကုန္ၿမိဳ႕၊ လႈိင္သာယာၿမိဳ႕နယ္၊ ေညာင္ေက်း႐ြာရွိ ပန္းလႈိင္အိမ္ရာမွာ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တယ္လို႔ ေညာင္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႈးဦးသန္းေဇာ္က ေျပာပါတယ္။

” မေန႔က တိုင္းရဲမႉးႀကီးက ဆက္သြယ္လာတယ္။ ဦးေက်ာ္ျမင့္ကို စစ္စရာရွိတယ္လိုက္ခဲ့ပါေပါ့။ ဟိုေရာက္ေတာ့ စစ္ေဆးၿပီးေခၚသြားတာပါ”လို႔ ဦးသန္းေဇာ္ကေျပာပါတယ္။

ဖမ္းဆီးရာမွာေတာ့ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွ ရဲမႉးႀကီးအပါအဝင္ ဌာနဆိုင္ရာအဖြဲ႕အစည္းေတြနဲ႔လာေရာက္စစ္ေဆးေမျမန္းၿပီး ဖမ္းဆီးခဲ့တာျဖစ္တယ္လို႔ ေညာင္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးသန္းေဇာ္က ေျပာပါတယ္။

” ပါတီ ဥကၠ႒ကို ဖမ္းလိုက္တာကဟုတ္ပါတယ္။ အခုေလာေလာဆယ္ လူႀကီးေတြက လာစစ္ေနလို႔ပါ။ ေနာက္မွ ထပ္ဆက္လိုက္ပါ”လို႔ လႈိင္သာယာၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးကေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ရဲမႈးႀကီးအပါအဝင္အဖြဲ႕အစည္းမ်ားမွ စက္တင္ဘာ ၂၉ရက္ေန႔ည ၉နာရီအခ်ိန္က ဒီမိုကရက္တစ္ပါတီဥကၠဌဦးေက်ာ္ျမင့္ကို လာေရာက္ဖမ္းဆီးခဲ့တာဟာ မွန္ကန္ၿပီး မည္သည့္ေနရာမွာခ်ဳပ္ေႏွာင္ထားတာကိုေတာ့ မသိေသးဘူးလို႔ လႈိင္သာယာၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးဝင္းေမာင္ကေျပာပါတယ္။

” လာဖမ္းတာမွန္ပါတယ္။ အဖြဲ႕အစည္းလည္းစုံတယ္။ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႈးေတြလည္းလိုက္သြားရတယ္။ ဘယ္ကိုပို႔တယ္ဆိုတာေတာ့မသိဘူး”လို႔ ဦးဝင္းေမာင္ကေျပာပါတယ္။

ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ(UDP)ဥကၠဌဦးေက်ာ္ျမင့္ဖမ္းဆီးခံရျခင္ူႏွင့္ပတ္သက္ၿပီး UDP ပါတီေျပာေရးဆိုခြင့္ရွိသူကေတာ့ ဖုန္းကိုင္ေျဖဆိုျခင္းမရွိေသးသလို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဖုန္းေခၚေပမယ့္လည္း ဖုန္းကိုင္ေျဖဆိုေပးျခင္းမရွိေသးပါဘူး။

#voiceofmyanmar #VOM #ရန္ကုန္ #UDPပါတီဥကၠ႒ #ရဲတပ္ဖြဲ႔ကဖမ္းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW