လူ ၉၀ ကျော် ကိုဗစ်ပိုးကူးစက်တဲ့ Music Zone KTV ကို အမှုဖွင့်ပြီ

လူ ၉၀ ကျော် ကိုဗစ်ပိုးကူးစက်တဲ့ Music Zone KTV ကို အမှုဖွင့်ပြီ

ရန်ကုန်-အောက်တိုဘာ ၁-၂၀၂၀
သိင်္ဂီ(VOM)

Music Zone KTV ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေအရ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့မှာ သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တရားလိုပြုလုပ်ပြီးသင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းက အမှုဖွင့်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“”အခြေနေကတော့ဘာမှမသိရသေးဘူး။ ကျန်းမာရေးက တရားလိုလုပ်တာဟုတ်တယ် ရဲစခန်းကအမှုဖွင့်တယ်။ အမှုသွားအမှုလာတော့မသိသေးဘူး။”လို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူကပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း လူများစွာ ရောဂါပိုးကူးစက်ခံခဲ့ရတဲ့အတွက် Music Zone KTV စားသောက်ဆိုင် ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) နဲ့ အမှုဖွင့်လိုက်ပြီ လို့ သင်္ဃန်းကျွန်းတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကလည်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ပြောဆိုထားပါတယ်။

Music Zone ဆိုင်ဟာ ကိုဗစ်ကာလမှာတားမြစ်ထားတဲ့ KTV ၊ Bar ဖွင့်လှစ်ခွင့်ပိတ်ထားမှုကို ချိုးဖောက်ခဲ့တာကြောင့် ကိုဗစ်ရောဂါကူးစက်ပျံ့ပွားမှုဖြစ်ပွားခဲ့သဖြင့် သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ် ကော်မတီအစည်းအဝေးမှာ Music Zone KTV ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေအရ တရားစွဲဆိုဖို့ ဆုံးဖြတ်ချထားတာဖြစ်ပါတယ်။

Music Zone ဆိုင်ရဲ့ လူစုလူဝေးကြောင့် ကိုဗစ်၁၉ အတည်ပြုလူနာပေါင်း ၉၀ ကျော် တွေ့ရှိထားပြီး လူနာအများစုကတော့ ရောဂါသက်သာလာလို့ ဆေးရုံဆင်းခွင့်ရရှိသွားပြီလို့ ဇဝနရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးလှသန်းကကပြောဆိုပါတယ်။

Music Zone KTVကို ဘယ်သူပိုင်တယ်ဆိုတာ တိတိကျကျမသိရသေးဘဲ အာဏာပိုင်တွေနဲ့ နီးစပ်ပိုင်နိုင်သူပိုင်တာဖြစ်နိုင်တယ်ဆိုတဲ့ ကောလဟလတွေပဲ လူထုကြားမှာပျံ့နှံ့နေပါတယ်။

#voiceofmyanmar #VOM #Music Zone KTV

Zawgyi

လူ ၉၀ ေက်ာ္ ကိုဗစ္ပိုးကူးစက္တဲ့ Music Zone KTV ကို အမႈဖြင့္ၿပီ

ရန္ကုန္-ေအာက္တိုဘာ ၁-၂၀၂၀
သိဂႌ(VOM)

Music Zone KTV ကို သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဥပေဒအရ သဃၤန္းကြၽန္းၿမိဳ႕နယ္ရဲစခန္းမွာ အမႈဖြင့္လိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။

စက္တင္ဘာလ ၃၀ ရက္ေန႔မွာ သဃၤန္းကြၽန္းၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနက တရားလိုျပဳလုပ္ၿပီးသဃၤန္းကြၽန္းၿမိဳ႕နယ္ရဲစခန္းက အမႈဖြင့္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

“”အေျခေနကေတာ့ဘာမွမသိရေသးဘူး။ က်န္းမာေရးက တရားလိုလုပ္တာဟုတ္တယ္ ရဲစခန္းကအမႈဖြင့္တယ္။ အမႈသြားအမႈလာေတာ့မသိေသးဘူး။”လို႔ သဃၤန္းကြၽန္းၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးမႉး ေဒါက္တာေစာေအာင္ေ႐ႊျဖဴကေျပာပါတယ္။

သဃၤန္းကြၽန္းၿမိဳ႕နယ္အတြင္း လူမ်ားစြာ ေရာဂါပိုးကူးစက္ခံခဲ့ရတဲ့အတြက္ Music Zone KTV စားေသာက္ဆိုင္ ဆိုင္ပိုင္ရွင္နဲ႔ မန္ေနဂ်ာကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ (၂၅) နဲ႔ အမႈဖြင့္လိုက္ၿပီ လို႔ သဃၤန္းကြၽန္းတိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဘုန္းလတ္ကလည္း သူ႔ရဲ႕ဆိုရွယ္မီဒီယာမွာ ေျပာဆိုထားပါတယ္။

Music Zone ဆိုင္ဟာ ကိုဗစ္ကာလမွာတားျမစ္ထားတဲ့ KTV ၊ Bar ဖြင့္လွစ္ခြင့္ပိတ္ထားမႈကို ခ်ိဳးေဖာက္ခဲ့တာေၾကာင့္ ကိုဗစ္ေရာဂါကူးစက္ပ်ံ႕ပြားမႈျဖစ္ပြားခဲ့သျဖင့္ သဃၤန္းကြၽန္းၿမိဳ႕နယ္ ကိုဗစ္ ေကာ္မတီအစည္းအေဝးမွာ Music Zone KTV ကို သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဥပေဒအရ တရားစြဲဆိုဖို႔ ဆုံးျဖတ္ခ်ထားတာျဖစ္ပါတယ္။

Music Zone ဆိုင္ရဲ႕ လူစုလူေဝးေၾကာင့္ ကိုဗစ္၁၉ အတည္ျပဳလူနာေပါင္း ၉၀ ေက်ာ္ ေတြ႕ရွိထားၿပီး လူနာအမ်ားစုကေတာ့ ေရာဂါသက္သာလာလို႔ ေဆး႐ုံဆင္းခြင့္ရရွိသြားၿပီလို႔ ဇဝနရပ္ကြက္ အုပ္ခ်ဳပ္ ေရးမႉး ဦးလွသန္းကကေျပာဆိုပါတယ္။

Music Zone KTVကို ဘယ္သူပိုင္တယ္ဆိုတာ တိတိက်က်မသိရေသးဘဲ အာဏာပိုင္ေတြနဲ႔ နီးစပ္ပိုင္ႏိုင္သူပိုင္တာျဖစ္ႏိုင္တယ္ဆိုတဲ့ ေကာလဟလေတြပဲ လူထုၾကားမွာပ်ံ႕ႏွံ႔ေနပါတယ္။

#voiceofmyanmar #VOM #Music Zone KTV

Related posts

Leave a Comment

VOM News

FREE
VIEW