နှင်းဆီပါတီဥက္ကဋ္ဌ ဦကျော်မြင့်ကို ထောင်ဖေါက်ပြေးမှုနဲ့ မန္တလေးမြို့မှာရုံးထုတ်

နှင်းဆီပါတီဥက္ကဋ္ဌ ဦကျော်မြင့်ကို ထောင်ဖေါက်ပြေးမှုနဲ့ မန္တလေးမြို့မှာရုံးထုတ်

မန္တလေး၊ အောက်တိုဘာ ၂-၂၀၂၀
ဟိန်းကို+ညီသစ်(VOM)

ရန်ကုန်မြို့၊ ပန်းလှိုင်အိမ်ယာမှာ စက်တင်ဘာ၂၉ရက်ညပိုင်းက ဖမ်းဆီးခဲ့တဲ့ UDP နှင်းဆီပါတီရဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဒီကနေ့မနက်ပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ထောင်ဖောက်ပြေးမှု ရာဇသတ်ကြီးပုဒ်မ ၂၂၄နဲ့ ရုံးထုတ်စစ်ဆေးပြီး တရားစွဲတင်ခဲ့ပါတယ်။

” ဒီနေ့စွဲတင်တာကတော့ ဦးကျော်မြင့်ကို ထောင်ပြေးအမှုပေါ့၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄နဲ့တရားစွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ်တရားရုံးကနေ အမှုနံပါတ် ၇၈၃/၂၀၂၀နဲ့ လက်ခံအမှုဖွင့်လှစ်ခဲ့ပါတယ်။ ဒီနေ့တရားစွဲတင်ပို့တဲ့အဆင့်ပါ”လို့ ချမ်းအေးသာစံမြို့နယ်တရားရုံး သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းကပြောပါတယ်။

တရားစွဲတင်ပို့တဲ့အခါမှာ ၁၉၉၉ခုနှစ်မှာဖွင့်ထားတဲ့ ပထမသတင်းပေးတိုင်ကြားမှုနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး သက်သေအနေနဲ့က ရဲတပ်ဖွဲ့ဝင်၊ အကျဉ်းဦးစီးနဲ့ ပြင်ပသက်သေ ၁ဦး စုစုပေါင်း သက်သေ ၁၀ဦးကို တင်ပြထားတယ်လို့ ဦးကျော်မျိုးဝင်းကပြောပါတယ်။

” အရင် ၁၉၉၉ခုနှစ်မှာ အမှတ်(၈)စခန်းမှူး ရဲအုပ်သိန်းထွေးကနေပြီးတော့ အမှုဖွင့်ထားခြင်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ဦးသိန်းထွေးက ပင်စင်ယူသွားတယ်လို့လည်းကြားတယ်၊သူ့ကို ဆင့်စာထုတ်ပြီးမှ ရှာဖွေမတွေ့ရှိဘူးဆိုရင်တော့ လက်ရှိအမှတ်(၈)စခန်းမှူးကိုပဲ ဆက်လက်စစ်ဆေးရဖို့အနေအထားရှိပါတယ်။ နောက်တစ်ပတ်အနေအထားကတော့ တရားလိုကို ဆင့်ခေါ်စာထုတ်ရမှာဖြစ်တဲ့အတွက်ကြောင့် နောက်တစ်ချိန်းကို ချိန်းလိုက်ခြင်းဖြစ်တယ်၊ နောက်တစ်ပတ်ရုံးချိန်းကို အောက်တိုဘာ ၈ရက်နေ့ကို ချိန်းဆိုထားတယ်”လို့ ချမ်းအေးသာစံမြို့နယ်တရားရုံး သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းကပြောပါတယ်။

၁၉၉၉ခုနှစ်၊ ဇန်နဝါရီလ၁၉ရက်က အိုးဘိုထောင်မှာ အကျဉ်းကျနေတုန်း အကျဉ်းထောင်ပြင်ပဆေးကုသခွင့်ရတဲ့အချိန်မှာ ထွက်ပြေးတဲ့အတွက် ပုဒ်မ ၂၂၄နဲ့ နေပြည်တော်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofnyanmar #VOM #UDP #နှင်းဆီပါတီ #ဦးကျော်မြင့်

Zawgyi

ႏွင္းဆီပါတီဥကၠ႒ ဦေက်ာ္ျမင့္ကို ေထာင္ေဖါက္ေျပးမႈနဲ႔ မႏၲေလးၿမိဳ႔မွာ႐ုံးထုတ္

မႏၲေလး၊ ေအာက္တိုဘာ ၂-၂၀၂၀
ဟိန္းကို+ညီသစ္(VOM)

ရန္ကုန္ၿမိဳ႕၊ ပန္းလႈိင္အိမ္ယာမွာ စက္တင္ဘာ၂၉ရက္ညပိုင္းက ဖမ္းဆီးခဲ့တဲ့ UDP ႏွင္းဆီပါတီရဲ႕ဥကၠ႒ ဦးေက်ာ္ျမင့္ကို ဒီကေန႔မနက္ပိုင္းက မႏၲေလးၿမိဳ႔၊ ခ်မ္းေအးသာစံၿမိဳ႕နယ္တရား႐ုံးမွာ ေထာင္ေဖာက္ေျပးမႈ ရာဇသတ္ႀကီးပုဒ္မ ၂၂၄နဲ႔ ႐ုံးထုတ္စစ္ေဆးၿပီး တရားစြဲတင္ခဲ့ပါတယ္။

” ဒီေန႔စြဲတင္တာကေတာ့ ဦးေက်ာ္ျမင့္ကို ေထာင္ေျပးအမႈေပါ့၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၂၄နဲ႔တရားစြဲဆိုထားတဲ့အမႈျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ျမိဳ႕နယ္တရား႐ုံးကေန အမႈနံပါတ္ ၇၈၃/၂၀၂၀နဲ႔ လက္ခံအမႈဖြင့္လွစ္ခဲ့ပါတယ္။ ဒီေန႔တရားစြဲတင္ပို႔တဲ့အဆင့္ပါ”လို႔ ခ်မ္းေအးသာစံၿမိဳ႔နယ္တရားရံုး သတင္းႏွင့္ျပန္ၾကားေရးအရာရွိ ဦးေက်ာ္မ်ိဳးဝင္းကေျပာပါတယ္။

တရားစြဲတင္ပို႔တဲ့အခါမွာ ၁၉၉၉ခုႏွစ္မွာဖြင့္ထားတဲ့ ပထမသတင္းေပးတိုင္ၾကားမႈနဲ႔ အမႈဖြင့္ခဲ့တာျဖစ္ၿပီး သက္ေသအေနနဲ႔က ရဲတပ္ဖြဲ႔ဝင္၊ အက်ဥ္းဦးစီးနဲ႔ ျပင္ပသက္ေသ ၁ဦး စုစုေပါင္း သက္ေသ ၁၀ဦးကို တင္ျပထားတယ္လို႔ ဦးေက်ာ္မ်ိဳးဝင္းကေျပာပါတယ္။

” အရင္ ၁၉၉၉ခုႏွစ္မွာ အမွတ္(၈)စခန္းမႉး ရဲအုပ္သိန္းေထြးကေနၿပီးေတာ့ အမႈဖြင့္ထားျခင္းျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဦးသိန္းေထြးက ပင္စင္ယူသြားတယ္လို႔လည္းၾကားတယ္၊သူ႔ကို ဆင့္စာထုတ္ၿပီးမွ ရွာေဖြမေတြ႕ရွိဘူးဆိုရင္ေတာ့ လက္ရွိအမွတ္(၈)စခန္းမႉးကိုပဲ ဆက္လက္စစ္ေဆးရဖို ႔အေနအထားရွိပါတယ္။ ေနာက္တစ္ပတ္အေနအထားကေတာ့ တရားလိုကို ဆင့္ေခၚစာထုတ္ရမွာျဖစ္တဲ့အတြက္ေၾကာင့္ ေနာက္တစ္ခ်ိန္းကို ခ်ိန္းလိုက္ျခင္းျဖစ္တယ္၊ ေနာက္တစ္ပတ္႐ုံးခ်ိန္းကို ေအာက္တိုဘာ ၈ရက္ေန႔ကို ခ်ိန္းဆိုထားတယ္”လို႔ ခ်မ္းေအးသာစံၿမိဳ႔နယ္တရားရံုး သတင္းႏွင့္ျပန္ၾကားေရးအရာရွိ ဦးေက်ာ္မ်ိဳးဝင္းကေျပာပါတယ္။

၁၉၉၉ခုႏွစ္၊ ဇန္နဝါရီလ၁၉ရက္က အိုးဘိုေထာင္မွာ အက်ဥ္းက်ေနတုန္း အက်ဥ္းေထာင္​ျပင္ပေဆးကုသခြင့္ရတဲ့အခ်ိန္မွာ ထြက္ေျပးတဲ့အတြက္ ပုဒ္မ ၂၂၄နဲ႔ ေနျပည္ေတာ္ရဲတပ္ဖြဲ႔က ဖမ္းဆီးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofnyanmar #VOM #UDP #ႏွင္းဆီပါတီ #ဦးေက်ာ္ျမင့္

Related posts

Leave a Comment

VOM News

FREE
VIEW