အပစ်အခတ်ရပ်စဲရေးကို ပယ်ချပြီး အဇာဘိုင်ဂျန်နဲ့ အာမေနီးယားတို့ တိုက်ပွဲတွေ ပြင်းထန်နေ

အပစ်အခတ်ရပ်စဲရေးကို ပယ်ချပြီး အဇာဘိုင်ဂျန်နဲ့ အာမေနီးယားတို့ တိုက်ပွဲတွေ ပြင်းထန်နေ

ဘာကူး၊ အောက်တိုဘာ-၂-၂၀၂၀
မျိုးဆက် (VOM)

အဇာဘိုင်ဂျန်နဲ့ အာမေနီးယားနိုင်ငံတို့အကြား အငြင်းပွားဖွယ် နယ်မြေတစ်ခုအရေးကြောင့် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးတိုက်ပွဲတွေဖြစ်ပွားနေပြီး အပစ်အခတ်ရပ်စဲရေး တိုက်တွန်းတောင်းဆိုမှုတွေကို နှစ်ဘက်စလုံးက ပယ်ချလိုက်ပါတယ်။

ကော့ကေးဆပ်တောင်ပိုင်းရှိ နာဂေါ်နို-ကာရာဘတ်ခ်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အမေရိကန်၊ ပြင်သစ်နဲ့ ရုရှားတို့က ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒါပေမယ့် အဇာဘိုင်ဂျန်ရဲ့ မဟာမိတ် တူရကီကတော့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုတွေကို ပယ်ချခဲ့ပါတယ်။ နာဂေါ်နို-ကာရာဘတ်ခ် ဒေသဟာ အဇာဘိုင်ဂျန်က တရားဝင်ပိုင်ဆိုင်တဲ့ ဒေသဖြစ်ပြီး လက်ရှိမှာတော့ အာမေနီးယားမျိုးနွယ်စုတွေက အုပ်ချုပ်ထားတာဖြစ်ပါတယ်။

အဲဒီနယ်မြေနဲ့ပတ်သက်ပြီး ၁၉၈၈-၉၄ ခုနှစ်တွေမှာ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားနိုင်ငံတို့အကြား စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။

လက်ရှိမှာတော့ တင်းမာမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပေမယ့် နှစ်နိုင်ငံအကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတာ ငါးရက်ရှိနေပါပြီ။

တိုက်ပွဲတွေကြောင့် လူ ၁၀၀ ထက်မနည်းသေဆုံးသွားပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ အစောပိုင်းမှာတော့ မြို့တော် ယယ်ရီဗန်ကို အနီးကပ်ပျံသန်းလာတဲ့ မောင်းသူမဲ့ လေယာဉ်တစ်စင်းအပါအဝင် အဇာဘိုင်ဂျန်ဘက်က မောင်းသူမဲ့လေယာဉ်အချို့ကို ပစ်ချခဲ့တယ်လို့ အာမေးနီးယားအစိုးရက ပြောပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဘာကူး

Zawgyi

အပစ္အခတ္ရပ္စဲေရးကို ပယ္ခ်ျပီး အဇာဘိုင္ဂ်န္နဲ႔ အာေမနီးယားတို႔ တိုက္ပြဲေတြ ျပင္းထန္ေန

ဘာကူး၊ ေအာက္တိုဘာ-၂-၂၀၂၀
မ်ိဳးဆက္ (VOM)

အဇာဘုိင္ဂ်န္နဲ႔ အာေမနီးယားနိုင္ငံတို႔အၾကား အျငင္းပြားဖြယ္ နယ္ေျမတစ္ခုအေရးေၾကာင္႔ ဆယ္စုနွစ္မ်ားစြာအတြင္း အဆိုးရြားဆံုးတိုက္ပြဲေတြျဖစ္ပြားေနျပီး အပစ္အခတ္ရပ္စဲေရး တိုက္တြန္းေတာင္းဆိုမႈေတြကို နွစ္ဘက္စလံုးက ပယ္ခ်လိုက္ပါတယ္။

ေကာ႔ေကးဆပ္ေတာင္ပိုင္းရိွ နာေဂၚနို-ကာရာဘတ္ခ္ေဒသမွာ ျဖစ္ပြားေနတဲ႔ တုိက္ပြဲေတြနဲ႔ပတ္သက္ျပီး အေမရိကန္၊ ျပင္သစ္နဲ႔ ရုရွားတို႔က ပူးတြဲေၾကညာခ်က္ထုတ္ျပန္ျပီး ျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။

ဒါေပမယ္႔ အဇာဘိုင္ဂ်န္ရဲ႕ မဟာမိတ္ တူရကီကေတာ႔ အပစ္အခတ္ရပ္စဲေရး ေတာင္းဆိုမႈေတြကို ပယ္ခ်ခဲ႕ပါတယ္။ နာေဂၚနို-ကာရာဘတ္ခ္ ေဒသဟာ အဇာဘိုင္ဂ်န္က တရား၀င္ပိုင္ဆိုင္တဲ႔ ေဒသျဖစ္ျပီး လက္ရိွမွာေတာ႔ အာေမနီးယားမ်ိဳးႏြယ္စုေတြက အုပ္ခ်ဳပ္ထားတာျဖစ္ပါတယ္။

အဲဒီနယ္ေျမနဲ႔ပတ္သက္ျပီး ၁၉၈၈-၉၄ ခုနွစ္ေတြမွာ အဇာဘုိင္ဂ်န္နဲ႔ အာေမးနီးယားနိုင္ငံတို႔အၾကား စစ္ပြဲျဖစ္ပြားခဲ႔ပါတယ္။

လက္ရိွမွာေတာ႔ တင္းမာမႈေတြနဲ႔ပတ္သက္ျပီး နိုင္ငံတကာက စိုးရိမ္ပူပန္မႈေတြ ျမင္႔တက္ေနေပမယ္႔ နွစ္နိုင္ငံအၾကား တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားေနတာ ငါးရက္ရိွေနပါျပီ။

တိုက္ပြဲေတြေၾကာင္႔ လူ ၁၀၀ ထက္မနည္းေသဆံုးသြားျပီး ရာေပါင္းမ်ားစြာ ဒဏ္ရာရရိွခဲ႔ပါတယ္။

ေအာက္တိုဘာ ၂ ရက္ေန႔ အေစာပိုင္းမွာေတာ႔ ျမိဳ႕ေတာ္ ယယ္ရီဗန္ကို အနီးကပ္ပ်ံသန္းလာတဲ႔ ေမာင္းသူမဲ႔ ေလယာဥ္တစ္စင္းအပါအ၀င္ အဇာဘိုင္ဂ်န္ဘက္က ေမာင္းသူမဲ႔ေလယာဥ္အခ်ိဳ႕ကို ပစ္ခ်ခဲ႔တယ္လို႔ အာေမးနီးယားအစိုးရက ေျပာပါတယ္။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဘာကူး

Related posts

Leave a Comment

VOM News

FREE
VIEW