ညောင်ဦးမြို့နယ်မှာ တပတ်အတွင်း COVID -19 ရောဂါပိုးတွေ့ရှိသူ ၃၆ ဦးထိရှိလာ

ညောင်ဦးမြို့နယ်မှာ တပတ်အတွင်း COVID -19 ရောဂါပိုးတွေ့ရှိသူ ၃၆ ဦးထိရှိလာ

ညောင်ဦး ၊ အောက်တိုဘာ ၃-၂၀၂၀
မောင်တာရာ (VOM)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ တပတ်အတွင်း COVID -19 ရောဂါပိုးတွေ့ရှိသူ ၃၆ ဦးထိရှိလာခဲ့ပြီဖြစ်တယ်လို့ ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပြောပါတယ်။

COVID -19 ရောဂါပိုးတွေ့သူအားလုံးဟာ ရန်ကုန်တိုင်းရှိ မြို့နယ်အသီးသီးကနေ ပြန်လည်ရောက်ရှိလာသူတွေဖြစ်ပြီး သက်ဆိုင်ရာကျေးရွာတွေမှာ Quarentine ဝင်ရောက်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

”မနေ့က COVID -19 ရောဂါပိုးရှိသူ ၂၅ ဦး ထပ်မံတွေ့ရှိပါတယ်။ သူတို့က ရန်ကုန်က ပြန်လာတဲ့သူတွေပါ၊ ရန်ကုန်က သူတို့နဲ့ တစ်ဖွဲ့ထဲပြန်လာသူတွေကိုလည်း သက်ဆိုင်ရာ Quarentine စင်တာတွေမှာ ဆက်လက်ပြီး ထားရှိထားပါတယ်၊ လက်ရှိ ညောင်ဦးမြို့နယ်မှာ COVID -19 အတည်ပြုလူနာ ၃၆ ဦးအထိ ရှိလာပါပြီ”လို့ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ပြောပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့က ညောင်ဦးမြို့နယ်၊ကွမ်းဖလားကျေးရွာမှာ ပထမဆုံး COVID-19 အတည်ပြုလူနာ ၄ ဦး စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း စက်တင်ဘာလ ၂၉ ရက်နေ့မှာတော့ မျက်ခါးတောကျေးရွာက ၁ဦး ၊စက်တင်ဘာ ၃၀ ရက်နေ့မှာ မျက်ခါးတောကျေးရွာက ၂ဦး နဲ့ မှန်တောကျေးရွာက ၄ ဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့ ည ၈ နာရီအချိန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ COVID -19 အတည်ပြုလူနာတွေအရ ညောင်ဦးမြို့နယ်၊ ရွာလုကျေးရွာက (၂၀) ဦး၊ ကောင်းပင်စည်ကျေးရွာက(၂)ဦး၊ကြို့ပင်သာကျေးရွာက(၂)ဦးနဲ့ အနောက်အုံ ကျေးရွာက (၁) ဦး စုစုပေါင်း ၂၅ ဦး တွေ့ရှိခဲ့ရတဲ့အတွက် လက်ရှိ ညောင်ဦးမြို့နယ်မှာ COVID -19ပိုးတွေ့လူနာစုစုပေါင်း ၃၆ ဦးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ညောင်ဦးမြို့နယ် COVID -19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် မြို့ဝင်၊မြို့အထွက် နေရာ ၃ နေရာမှာ ကျန်းမာရေးစစ်ဆေးတဲ့ဂိတ်ဖွင့်ပြီး အလိုအလျောက်အပူချိန်တိုင်းတာစက်နဲ့ စစ်ဆေးဆောင်ရွက်ပေးနေတဲ့အပြင် ပခုက္ကူ၊ချောက်မြို့ဘက်ကဝင်ရောက်နိုင်တဲ့ နေရာ ၂ နေရာမှာလည်း ကျန်းမာရေးစစ်ဆေးဂိတ်ဖွင့်လှစ်ဆောင်ရွက်ထားတယ်လို့ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ပြောပါတယ်။

ဒါအပြင် Stay At Home သတ်မှတ်ထားတဲ့မြို့တွေကနေ ဝင်ရောက်လာသူတွေအားလုံးကို လစ်ဟာမှုမရှိစေဘဲ Quarantine ထားရှိနိုင်ရေး ဆောင်ရွက်ထားတဲအပြင် မြို့တွင်းမှာလည်း COVID -19 ရောဂါ အသိပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

#voiceofmynmar #VOM #ညောင်ဦး #ကိုဗစ်ပိုးတွေ့လူနာ

Zawgyi

ေညာင္ဦးၿမဳိ႕နယ္မွာ တပတ္အတြင္း COVID -19 ေရာဂါပုိးေတြ႕ရွိသူ ၃၆ ဦးထိရွိလာ

ေညာင္ဦး ၊ ေအာက္တုိဘာ ၃-၂၀၂၀
ေမာင္တာရာ (VOM)

မႏၲေလးတိုင္း၊ ေညာင္ဦးၿမိဳ့နယ္မွာ တပတ္အတြင္း COVID -19 ေရာဂါပုိးေတြ႕ရွိသူ ၃၆ ဦးထိရွိလာခဲ့ၿပီၿဖစ္တယ္လုိ့ ေညာင္ဦးၿမဳိ႕နယ္အေထြေထြအုပ္ခ်ုပ္ေရးဦးစီးဌာနကေျပာပါတယ္။

COVID -19 ေရာဂါပုိးေတြ႕သူအားလုံးဟာ ရန္ကုန္တုိင္းရွိ ၿမဳိ႕နယ္အသီးသီးကေန ၿပန္လည္ေရာက္ရွိလာသူေတြၿဖစ္ၿပီး သက္ဆုိင္ရာေက်းရြာေတြမွာ Quarentine ဝင္ေရာက္ေနသူေတြ ၿဖစ္တယ္လုိ႔ သိရပါတယ္။

”မေန႕က COVID -19 ေရာဂါပုိးရွိသူ ၂၅ ဦး ထပ္မံေတြ႕ရွိပါတယ္။ သူတုိ႔က ရန္​ကုန္​က ျပန္​လာတဲ့သူ​ေတြပါ၊ ရန္ကုန္က သူတို႔နဲ႔ တစ္ဖြဲ႕ထဲျပန္လာသူ​ေတြကိုလည္း သက္​ဆိုင္​ရာ Quarentine စင္​တာ​ေတြမွာ ဆက္လက္ျပီး ထား႐ွိထားပါတယ္​၊ လက္ရွိ ေညာင္​ဦးၿမဳိ႕နယ္​မွာ COVID -19 အတည္​ျပဳလူနာ ၃၆ ဦးအထိ ႐ွိလာပါၿပီ”လို႔ ေညာင္ဦးၿမဳိ႕နယ္ အေထြေထြအုပ္ခ်ုပ္ေရးဦးစီးဌာန ၿမဳိ႕နယ္အုပ္ခ်ုပ္ေရးမွူး ဦးၿမင့္ထြန္းက ေျပာပါတယ္။

စက္တင္ဘာလ ၂၅ ရက္ေန႔က ေညာင္ဦးၿမိဳ့နယ္၊ကြမ္းဖလားေက်းရြာမွာ ပထမဆုံး COVID-19 အတည္ျပဳလူနာ ၄ ဦး စတင္ေတြ႕ရွိခဲ့ၿပီးေနာက္ပိုင္း စက္တင္ဘာလ ၂၉ ရက္ေန႔မွာေတာ့ မ်က္ခါးေတာေက်းရြာက ၁ဦး ၊စက္တင္ဘာ ၃၀ ရက္ေန႕မွာ မ်က္ခါးေတာေက်းရြာက ၂ဦး နဲ့ မွန္ေတာေက်းရြာက ၄ ဦး ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။

ေအာက္တုိဘာလ ၂ ရက္ေန႕ ည ၈ နာရီအခ်ိန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့တဲ့ COVID -19 အတည္ၿပဳလူနာေတြအရ ေညာင္ဦးၿမိဳ႔နယ္၊ ရြာလုေက်းရြာက (၂၀) ဦး၊ ေကာင္းပင္စည္ေက်းရြာက(၂)ဦး၊ႀကိဳ့ပင္သာေက်းရြာက(၂)ဦးနဲ့ အေနာက္အုံ ေက်းရြာက (၁) ဦး စုစုေပါင္း ၂၅ ဦး ေတြ႔ရွိခဲ့ရတဲ့အတြက္ လက္ရွိ ေညာင္ဦးၿမိဳ႔နယ္မွာ COVID -19ပုိးေတြ႕လူနာစုစုေပါင္း ၃၆ ဦးထိ ရွိလာခဲ့ၿပီၿဖစ္ပါတယ္။

ေညာင္ဦးၿမဳိ႕နယ္ COVID -19 ေရာဂါ ထိန္းခ်ုပ္ကာကြယ္ႏုိင္ေရးအတြက္ ၿမိဳ႔ဝင္၊ၿမိဳ႔အထြက္ ေနရာ ၃ ေနရာမွာ က်န္းမာေရးစစ္ေဆးတဲ့ဂိတ္ဖြင့္ၿပီး အလုိအေလ်ာက္အပူခ်ိန္တုိင္းတာစက္နဲ့ စစ္ေဆးေဆာင္ရြက္ေပးေနတဲ့အျပင္ ပခုကၠဴ၊ေခ်ာက္ၿမိဳ႔ဘက္ကဝင္ေရာက္ႏုိင္တဲ့ ေနရာ ၂ ေနရာမွာလည္း က်န္းမာေရးစစ္ေဆးဂိတ္ဖြင့္လွစ္ေဆာင္ရြက္ထားတယ္လုိ႔ ေညာင္ဦးၿမိဳ႔နယ္ အေထြေထြအုပ္ခ်ုပ္ေရးဦးစီးဌာန ၿမိဳ႔နယ္အုပ္ခ်ုပ္ေရးမွူး ဦးၿမင့္ထြန္းက ေျပာပါတယ္။

ဒါအျပင္ Stay At Home သတ္မွတ္ထားတဲ့ၿမိဳ႔ေတြကေန ဝင္ေရာက္လာသူေတြအားလုံးကို လစ္ဟာမွုမရွိေစဘဲ Quarantine ထားရွိနိုင္ေရး ေဆာင္ရြက္ထားတဲအျပင္ ၿမဳိ႕တြင္းမွာလည္း COVID -19 ေရာဂါ အသိပညာေပးလုပ္ငန္းေတြကုိ လုပ္ေဆာင္ေနတယ္လုိ႔ သိရပါတယ္။

#voiceofmynmar #VOM #ေညာင္ဦး #ကိုဗစ္ပိုးေတြ႕လူနာ

Related posts

Leave a Comment

VOM News

FREE
VIEW