ဗကသအဖွဲ့ချုပ်အနေနဲ့ ကျောင်းသားတွေဖမ်းဆီးခံထားရတဲ့ကိစ္စ အစိုးရနဲ့ညှိနိူင်းသွားမှာမဟုတ်ဘဲ လှုပ်ရှားမှုတွေဆက်လက်လုပ်ဆောင်သွားမယ်

ဗကသအဖွဲ့ချုပ်အနေနဲ့ ကျောင်းသားတွေဖမ်းဆီးခံထားရတဲ့ကိစ္စ အစိုးရနဲ့ညှိနိူင်းသွားမှာမဟုတ်ဘဲ လှုပ်ရှားမှုတွေဆက်လက်လုပ်ဆောင်သွားမယ်

မန္တလေး၊ အောက်တိုဘာ ၃-၂၀၂၀
ဟိန်းကို(VOM)

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားတွေကို ရဲတပ်ဖွဲ့ကနေ အာမခံမရတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(က)(ခ)၊ ငြိမ်းစုစီပုဒ်မ-၁၉တို့နဲ့ တရားစွဲဆိုဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်တာတွေပြုလုပ်နေတာကို ဗကသများအဖွဲ့ချုပ်အနေနဲ့ အစိုးရနဲ့ ညှိနိူင်းသွားမှာမဟုတ်ဘူးလို့ ဗကသများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ(၁) ကိုအောင်ပြည့်စုံဖြိုးကပြောပါတယ်။

” လက်ရှိမှာတော့ အစိုးရနဲ့ညှိနိူင်းမှာတော့ မဟုတ်ပါဘူး ၊ ဒါပေမယ့်အစိုးရအနေနဲ့ ဒီလိုမျိုး စစ်တပ်ကနေတရားစွဲတာကို ထိုင်ကြည့်မှာလားဆိုတာကိုတော့ မေးခွန်းထုတ်ချင်ပါတယ်”လို့ ဒီကနေ့မနက်ပိုင်းက သတင်းမီဒီယာတွေနဲ့ ဗကသအဖွဲ့ချုပ်တို့ အွန်လိုင်းကနေပြုလုပ်တဲ့ ဗကသကျောင်းသားတွေဖမ်းဆီးခံရတာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုအောင်ပြည့်စုံဖြိုးကပြောခဲ့ပါတယ်။

မနေ့ အောက်တိုဘာ ၂ရက်နေ့ကလည်း မန္တလေးမြို့မှာ တပ်မတော်ဆန့်ကျင်းရေးစာသားနဲ့ စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့သူ ဗကသအဖွဲ့ဝင်ကျောင်းသား ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ ၂ဦးကို မဟာအောင်မြေမြို့နယ်တရားရုံးကနေ ပုဒ်မ-၅၀၅(က)(ခ)နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ပါတယ်။

အခုလို ထောင်ဒဏ်ချမှတ်ခံရတာနဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုထူးခန့်သော်ကပြောတာက “မနေ့က မဟာအောင်မြေတရားရုံးကနေပြီးတော့မှ အမိန့်ချတယ်ဆိုတဲ့အနေအထားမှာ ကျွန်တော်တို့ ပုံမှန်အတိုင်းကြည့်မယ်ဆိုရင်တော့ ပုဒ်မ ၂ခုနဲ့ ထောင်ဒဏ် ၂နှစ်ဆိုတာ နည်းတယ်လို့ထင်ရပေမယ့် တကယ်တန်းသူတို့စီရင်ချက်ချတာက ပုဒ်မ-၅၀၅(က)အတွက် စစ်တပ်က ၂နှစ် ၊ ထွေအုပ်က ၂နှစ် အဲ့ဒီ ၂နှစ် ၂ခုကိုပေါင်းရောကျခံစေဆိုပြီးတော့မှ ထောင်ဒဏ် ၂နှစ်ဖြစ်သွားတာပါ၊ အခုဟာကလည်း စတစ်ကာကမ်ပိန်းကြောင့်ပါ”လို့ ပြောပါတယ်။

လက်ရှိမှာ ဗကသကျောင်းသား ၁၅ဦးကို ရခိုင်အရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရပြီး တရားစွဲဆိုထားတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ကျောင်းသား ၂၈ဦးရှိတယ်လို့ ဗကသများအဖွဲ့ချုပ်ကပြောပါတယ်။

“အခုလက်ရှိမှာကျောင်းသား ၃ ဦးကို အမိန့်ချပြီးသွားပါပြီ၊ ကိုမျိုးချစ်ဇော်(ခေါ်)ကိုဘချစ်ကိုကျတော့ ချမ်းအေးသာစံမြို့နယ်တရားရုံးကနေ ပုဒ်မ-၁၉နဲ့ ထောင်ဒဏ် ၁လချတာပါ၊ မနေ့ကကျတော့ ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင်တို့ကို မဟာအောင်မြေတရားရုံးကနေ ၅၀၅(က)(ခ)နဲ့ ထောင် ၂နှစ်ချတယ်လို့ ကျွန်တော်တို့သိရတယ်။ လက်ရှိ၃ယောက်ကတော့ ထောင်ကျပြီးသွားပြီ ၊ လက်ရှိ ၁၅ယောက်ကလည်းပဲ အမှုရင်ဆိုင်နေရတဲ့အခြေအနေရှိပါတယ်။ အဲ့ ၃ယောက်ထဲကမှ ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင်တို့ ၂ဦးက ချမ်းအေးသာစံရယ် အမရပူရမှာ ဆက်လက်တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်”လို့ ဗကသများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ(၁) ကိုအောင်ပြည့်စုံဖြိုးကပြောပါတယ်။

သက်ဆိုင်ရာအနေနဲ့ကလည်း ရခိုင်အရေးလှုပ်ရှားနေတဲ့ကျောင်းသားတွေကို ဖမ်းဆီးဖို့ပြုလုပ်ထားတယ်လို့ သိရပြီး ဗကသအဖွဲ့ချုပ်အနေနဲ့ကတော့ လှုပ်ရှားမှုတွေကို ရတဲ့နည်းနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကိုအောင်ပြည့်စုံဖြိုးကဆက်ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၃ရက်နေ့မနက်ပိုင်းက ဗကသအဖွဲ့ချုပ်ကျောင်းသားတွေဟာ မန္တလေးမြို့ရှိ ကျုံးအရှေ့ဖက်၊ မန္တလေးတိုင်းလွှတ်တော်အနီးနဲ့ မဟာအောင်မြေမြို့နယ်အတွင်းမှာ တပ်မတော်ကိုဆန့်ကျင်ကြောင်းစာသားပါတဲ့ စာရွက်တွေကို လိုက်ကပ်ထားပြီး စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်ကနေ သိရပါတယ်။

#voiceofmyanmar #VOM #ဗကသ #စတစ်ကာကမ်ပိန်း #ဖမ်းဆီးခံရမှု

Zawgyi

ဗကသအဖြဲ႔ခ်ဳပ္အေနနဲ႔ ေက်ာင္းသားေတြဖမ္းဆီးခံထားရတဲ႔ကိစၥ အစိုးရနဲ႔ညွိႏိူင္းသြားမွာမဟုတ္ဘဲ လႈပ္ရွားမႈေတြဆက္လက္လုပ္ေဆာင္သြားမယ္

မႏၲေလး၊ ေအာက္တိုဘာ ၃-၂၀၂၀
ဟိန္းကို(VOM)

ဗမာႏိုင္ငံလံုးဆိုင္ရာေက်ာင္းသားသမဂၢမ်ားအဖြဲ႔ခ်ဳပ္က ေက်ာင္းသားေတြကို ရဲတပ္ဖြဲ႔ကေန အာမခံမရတဲ့ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ-၅၀၅(က)(ခ)၊ ၿငိမ္းစုစီပုဒ္မ-၁၉တို႔နဲ႔ တရားစြဲဆိုဖမ္းဆီးၿပီး ေထာင္ဒဏ္ခ်မွတ္တာေတြျပဳလုပ္ေနတာကို ဗကသမ်ားအဖြဲ႔ခ်ဳပ္အေနနဲ႔ အစိုးရနဲ႔ ညွိႏိူင္းသြားမွာမဟုတ္ဘူးလို႔ ဗကသမ်ားအဖြဲ႔ခ်ဳပ္ ဒု-ဥကၠ႒(၁) ကိုေအာင္ျပည္႔စံုၿဖိဳးကေျပာပါတယ္။

” လက္ရွိမွာေတာ့ အစိုးရနဲ႔ညွိႏိူင္းမွာေတာ့ မဟုတ္ပါဘူး ၊ ဒါေပမယ့္အစိုးရအေနနဲ႔ ဒီလိုမ်ိဳး စစ္တပ္ကေနတရားစြဲတာကို ထိုင္ၾကည့္မွာလားဆိုတာကိုေတာ့ ေမးခြန္းထုတ္ခ်င္ပါတယ္”လို႔ ဒီကေန႔မနက္ပိုင္းက သတင္းမီဒီယာေတြနဲ႔ ဗကသအဖြဲ႔ခ်ဳပ္တို႔ အြန္လိုင္းကေနျပဳလုပ္တဲ့ ဗကသေက်ာင္းသားေတြဖမ္းဆီးခံရတာနဲ႔ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ကိုေအာင္ျပည္႔စံုၿဖိဳးကေျပာခဲ့ပါတယ္။

မေန႔ ေအာက္တိုဘာ ၂ရက္ေန႔ကလည္း မႏၲေလးၿမိဳ႔မွာ တပ္မေတာ္ဆန္႔က်င္းေရးစာသားနဲ႔ စတစ္ကာကမ္ပိန္းျပဳလုပ္ခဲ့သူ ဗကသအဖြဲ႔ဝင္ေက်ာင္းသား ကိုစိုးလွႏိုင္နဲ႔ ကိုေက်ာ္သီဟရဲေက်ာ္တို႔ ၂ဦးကို မဟာေအာင္ေျမၿမိဳ႔နယ္တရားရံုးကေန ပုဒ္မ-၅၀၅(က)(ခ)နဲ႔ ေထာင္ဒဏ္ ၂ႏွစ္ခ်မွတ္ခဲ့ပါတယ္။

အခုလို ေထာင္ဒဏ္ခ်မွတ္ခံရတာနဲ႔ပတ္သက္ၿပီး ဗကသမ်ားအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ကိုထူးခန္႔ေသာ္ကေျပာတာက “မေန႔က မဟာေအာင္ေျမတရားရံုးကေနၿပီးေတာ့မွ အမိန္႔ခ်တယ္ဆိုတဲ့အေနအထားမွာ ကၽြန္ေတာ္တို႔ ပံုမွန္အတိုင္းၾကည့္မယ္ဆိုရင္ေတာ့ ပုဒ္မ ၂ခုနဲ႔ ေထာင္ဒဏ္ ၂ႏွစ္ဆိုတာ နည္းတယ္လို႔ထင္ရေပမယ့္ တကယ္တန္းသူတို႔စီရင္ခ်က္ခ်တာက ပုဒ္မ-၅၀၅(က)အတြက္ စစ္တပ္က ၂ႏွစ္ ၊ ေထြအုပ္က ၂ႏွစ္ အဲ့ဒီ ၂ႏွစ္ ၂ခုကိုေပါင္းေရာက်ခံေစဆိုၿပီးေတာ့မွ ေထာင္ဒဏ္ ၂ႏွစ္ျဖစ္သြားတာပါ၊ အခုဟာကလည္း စတစ္ကာကမ္ပိန္းေၾကာင့္ပါ”လို႔ ေျပာပါတယ္။

လက္ရွိမွာ ဗကသေက်ာင္းသား ၁၅ဦးကို ရခိုင္အေရးလႈပ္ရွားမႈေၾကာင့္ ဖမ္းဆီးခံထားရၿပီး တရားစြဲဆိုထားတဲ့အတြက္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ေက်ာင္းသား ၂၈ဦးရွိတယ္လို႔ ဗကသမ်ားအဖြဲ႔ခ်ဳပ္ကေျပာပါတယ္။

“အခုလက္ရွိမွာေက်ာင္းသား ၃ ဦးကို အမိန္႔ခ်ၿပီးသြားပါၿပီ၊ ကိုမ်ိဳးခ်စ္ေဇာ္(ေခၚ)ကိုဘခ်စ္ကိုက်ေတာ့ ခ်မ္းေအးသာစံၿမိဳ႔နယ္တရားရံုးကေန ပုဒ္မ-၁၉နဲ႔ ေထာင္ဒဏ္ ၁လခ်တာပါ၊ မေန႔ကက်ေတာ့ ကိုေက်ာ္သီဟရဲေက်ာ္နဲ႔ ကိုစိုးလွႏိ္ုင္တို႔ကို မဟာေအာင္ေျမတရားရံုးကေန ၅၀၅(က)(ခ)နဲ႔ ေထာင္ ၂ႏွစ္ခ်တယ္လို႔ ကၽြန္ေတာ္တို႔သိရတယ္။ လက္ရွိ၃ေယာက္ကေတာ့ ေထာင္က်ၿပီးသြားၿပီ ၊ လက္ရွိ ၁၅ေယာက္ကလည္းပဲ အမႈရင္ဆိုင္ေနရတဲ့အေျခအေနရွိပါတယ္။ အဲ့ ၃ေယာက္ထဲကမွ ကိုေက်ာ္သီဟရဲေက်ာ္နဲ႔ ကိုစိုးလွႏိုင္တို႔ ၂ဦးက ခ်မ္းေအးသာစံရယ္ အမရပူရမွာ ဆက္လက္တရားရင္ဆိ္ုင္ေနရဆဲျဖစ္ပါတယ္”လို႔ ဗကသမ်ားအဖြဲ႔ခ်ဳပ္ ဒု-ဥကၠ႒(၁) ကိုေအာင္ျပည္႔စံုၿဖိဳးကေျပာပါတယ္။

သက္ဆိုင္ရာအေနနဲ႔ကလည္း ရခိုင္အေရးလႈပ္ရွားေနတဲ့ေက်ာင္းသားေတြကို ဖမ္းဆီးဖို႔ျပဳလုပ္ထားတယ္လို႔ သိရၿပီး ဗကသအဖြဲ႔ခ်ဳပ္အေနနဲ႔ကေတာ့ လႈပ္ရွားမႈေတြကို ရတဲ႔နည္းနဲ႔ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ကိုေအာင္ျပည္႔စံုၿဖိဳးကဆက္ေျပာပါတယ္။

ဒီကေန႔ ေအာက္တိုဘာ ၃ရက္ေန႔မနက္ပိုင္းက ဗကသအဖြဲ႔ခ်ဳပ္ေက်ာင္းသားေတြဟာ မႏၲေလးၿမိဳ႔ရွိ က်ံဳးအေရွ႕ဖက္၊ မႏၲေလးတိုင္းလႊတ္ေတာ္အနီးနဲ႔ မဟာေအာင္ေျမၿမိဳ႔နယ္အတြင္းမွာ တပ္မေတာ္ကိုဆန္႔က်င္ေၾကာင္းစာသားပါတဲ့ စာရြက္ေတြကို လိုက္ကပ္ထားၿပီး စတစ္ကာကမ္ပိန္းျပဳလုပ္ခဲ့တယ္လို႔ ဗကသမ်ားအဖြဲ႔ခ်ဳပ္ကေန သိရပါတယ္။

#voiceofmyanmar #VOM #ဗကသ #စတစ္ကာကမ္ပိန္း #ဖမ္းဆီးခံရမႈ

Related posts

Leave a Comment

VOM News

FREE
VIEW