နေပြည်တော်မှာ NLDပါတီနဲ့ USDPပါတီတို့ရဲ့ အင်အားပြလှည့်လည်တာတွေ ထပ်မံပြုလုပ်

နေပြည်တော်မှာ NLDပါတီနဲ့ USDPပါတီတို့ရဲ့ အင်အားပြလှည့်လည်တာတွေ ထပ်မံပြုလုပ်
နေပြည်တော်၊ အောက်တိုဘာ ၄ -၂၀၂၀
စွမ်းရဲထွဋ် (VOM)
သက်ဆိုင်ရာ ပါတီအသီးသီးက ခေါင်းဆောင်တွေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လူစု၊ လူဝေးနဲ့ အင်အားပြထောက်ခံမှုတွေ မလုပ်ဖို့ တားမြစ်ထားပေမယ့်လည်း အမျိုးသားဒီမိုကရေစီအဖွ့ဲချုပ်ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က ဒီကနေ့ နေပြည်တော်မှာ အင်အားပြလှည့်လည်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
NLDပါတီက ပျဉ်းမနားမြို့နယ်အတွင်း လှည့်လည်မှုတွေ ပြုလုပ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက ပုပ္ဗသီရိမြို့နယ်မှာ လှည့်လည်ခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီ ပါတီနှစ်ခုလုံးမှာ လူ ၁၀ ဦးထက်မနည်း တင်ဆောင်ထားတဲ့ ကားအစီးရေ ၂၀ကျော်ပါဝင်ကြပြီး နှစ်ဦးတွဲ၊ သုံးဦးတွဲ အလံလွင့်ထူမောင်းနှင်လာကြတဲ့ မော်တော်ဆိုင်ကယ်တွေလည်း ပါဝင်ကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့က ထောက်ခံအားပေးတဲ့အနေနဲ့ ယာဉ်အမျိုးမျိုးကို အသုံးပြုပြီး အင်းအားပြသမှုတွေဟာ လူစုလူဝေးအသွင်ပေါ်ပေါက်သွားနိုင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ သွေဖည်သွားနိုင်သလို  ပြည်သူအချို့ရဲ့ ဝေဖန်မှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်တဲ့အတွက် ပြည်သူလူထုရဲ့ ကျန်းမာရေးကို ရှေးရှုကာ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ စည်းမျဉ်း၊စည်းကမ်းတွေနဲ့အညီ ဖြစ်ပေါ်စေဖို့ ၊ ယာဉ်အမျိုးမျိုးနဲ့ စုဝေးလှည့်လည် အင်အားပြခြင်းတွေကို အဖွဲ့ချုပ် ထောက်ခံဝန်းရံသူတွေအနေနဲ့ ယာယီဆိုင်းငံ့ထားကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီက မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ကိုယ့်အတွက် အန္တရာယ်မရှိတဲ့ နည်းလမ်းတွေနဲ့ ထောက်ခံကြောင်း ပြစေချင်ပါတယ်။ NLD အလံတွေ တလူလူနဲ့တွေ့ရင် ဒါဟာ ကျမတို့ပြည်သူတွေရဲ့ ကျမတို့ဖက်ကရှိတယ်ဆိုတာ ပြရုံတင်မက ကျမတို့အတွက် အင်မတန်မှ အားတက်စေပါတယ်။ ဒါကြောင့်မို့ ကိုယ့်အတွက် အန္တရာယ်မရှိတဲ့ နည်းတွေနဲ့ ထောက်ခံကြောင်းပြစေချင်ပါတယ်။ တစ်နိုင်ငံလုံး NLD အလံတွေ တလူလူနဲ့ ကျမတို့ မြင်ချင်ပါတယ်။ အဲ့ဒီလို လုပ်ခြင်းဟာ ကျမတို့ ပြည်သူတွေရဲ့ ကျန်းမာရေးကိုလည်း မထိခိုက်ပါဘူး”လို့ အများပြည်သူကို ပြောကြားထားပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကလည်း အင်အားပြိုင်လှုပ်ရှားမှုတွေလုပ်ရင်းက ရောဂါဖြန့်ဖြူးတဲ့အဖြစ်မျိုး မရောက်စေချင်သလို ဒီလိုအဖြစ်မျိုးမရောက်ရောက်အောင်ဖန်တီးတဲ့ တာဝန်ရှိသူတွေ၊ တားဆီးဖို့ တာဝန်ပျက်ကွက်သူတွေထဲမှာ အုပ်ချုပ်ရေးအာဏာပိုင်များနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ ပါမသွားစေချင်တာ ရင်ထဲက ဆန္ဒပါ။ ဒီ အခြေအနေတွေကို ကော်မရှင်က နိုင်နိုင်နင်းနင်း ကိုင်တွယ်ထိန်းသိမ်း နေသလားဆိုတာကျတော့ အားလုံးက မျက်မြင်အကဲခတ်ပြီးသားဖြစ်မှာပါ။ ဒါကြောင့် ပြည်သူလူထုရဲ့ အသက်အန္တရာယ်ကို အလေးထားပြီး အုပ်စုဖွဲ့၊ လူအုပ်စုဖွဲ့၊ ယာဉ်အုပ်စုဖွဲ့ပြီး လှုပ်ရှားမှုတွေကို အာဏာရပါတီ၊ အာဏာမဲ့ပါတီ မရွေး တပြေးညီလိုက်နာရမယ့် စည်းကမ်းချက်တွေ ထုတ်ပြန်ပြီး ကြပ်မက်ဆောင်ရွက်ပေးဖို့ အောက်တိုဘာလ ၃ ရက်နေ့က တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
#voiceofmyanmar #VOM #နေပြည်တော် #ပါတီ #လှည့်လည်မှု
Zawgyi
ေနၿပည္ေတာ္မွာ NLDပါတီနဲ႔ USDPပါတီတုိ႔ရဲ႔ အင္အားျပလွည့္လည္တာေတြ ထပ္မံျပဳလုပ္
ေနၿပည္ေတာ္၊ ေအာက္တိုဘာ ၄ -၂၀၂၀
စြမ္းရဲထြဋ္ (VOM)
သက္ဆုိင္ရာ ပါတီအသီးသီးက ေခါင္းေဆာင္ေတြနဲ႔ က်န္းမာေရးနွင့္အားကစားဝန္ၾကီးဌာနက လူစု၊ လူေဝးနဲ႔ အင္အားၿပေထာက္ခံမႈေတြ မလုပ္ဖုိ႔ တားၿမစ္ထားေပမယ့္လည္း အမ်ိဳးသားဒီမုိကေရစီအဖြ႔ဲခ်ဳပ္ပါတီနဲ႔ ျပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီတုိ႔က ဒီကေန႔ ေနျပည္ေတာ္မွာ အင္အားျပလွည့္လည္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။
NLDပါတီက ပ်ဥ္းမနားၿမိဳ႕နယ္အတြင္း လွည့္လည္မႈေတြ ျပဳလုပ္ခဲ့ၿပီး ၿပည္ခိုင္ၿဖိဳးပါတီက ပုပၺသီရိၿမိဳ႕နယ္မွာ လွည့္လည္ခဲ့ၾကတာျဖစ္ပါတယ္။
အဲ့ဒီ ပါတီႏွစ္ခုလံုးမွာ လူ ၁၀ ဦးထက္မနည္း တင္ေဆာင္ထားတဲ့ ကားအစီးေရ ၂၀ေက်ာ္ပါဝင္ၾကၿပီး ႏွစ္ဦးတြဲ၊ သံုးဦးတြဲ အလံလြင့္ထူေမာင္းႏွင္လာၾကတဲ့ ေမာ္ေတာ္ဆုိင္ကယ္ေတြလည္း ပါဝင္ၾကပါတယ္။
ၿပီးခဲ့တဲ့ ေအာက္တုိဘာလ ၃ ရက္ေန႔က ေထာက္ခံအားေပးတ့ဲအေနနဲ႔ ယာဥ္အမ်ိဳးမ်ိဳးကုိ အသံုးၿပဳၿပီး အင္းအားၿပသမႈေတြဟာ လူစုလူေဝးအသြင္ေပၚေပါက္သြားနုိင္ၿပီး က်န္းမာေရးနွင့္ အားကစားဝန္ၾကီးဌာနက ထုတ္ၿပန္ထားတဲ့ စည္းမ်ဥ္း၊ စည္းကမ္းေတြနဲ႔ ေသြဖည္သြားႏိုင္သလို  ၿပည္သူအခ်ိဳ႕ရဲ့ ေဝဖန္မႈေတြကိုလည္း ၿဖစ္ေပၚေစနုိင္တဲ့အတြက္ ျပည္သူလူထုရဲ့ က်န္းမာေရးကုိ ေရွးရႈကာ ထုတ္ၿပန္ထားတဲ့ ကုိဗစ္-၁၉ စည္းမ်ဥ္း၊စည္းကမ္းေတြနဲ႔အညီ ၿဖစ္ေပၚေစဖုိ႔ ၊ ယာဥ္အမ်ိဳးမ်ိဳးနဲ႔ စုေဝးလွည့္လည္ အင္အားၿပၿခင္းေတြကုိ အဖြဲ႔ခ်ဳပ္ ေထာက္ခံဝန္းရံသူေတြအေနနဲ႔ ယာယီဆုိင္းငံ့ထားၾကဖုိ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ၊ ဗဟုိေရြးေကာက္ပြဲေအာင္နုိင္ေရးေကာ္မတီက ေမတၱာရပ္ခံထားတာျဖစ္ပါတယ္။
ဒါ့အၿပင္ နုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း “ကုိယ့္အတြက္ အႏၱရာယ္မရွိတဲ့ နည္းလမ္းေတြနဲ႔ ေထာက္ခံေၾကာင္း ျပေစခ်င္ပါတယ္။ NLD အလံေတြ တလူလူနဲ႔ေတြ႔ရင္ ဒါဟာ က်မတို႔ျပည္သူေတြရဲ့ က်မတို႔ဖက္ကရွိတယ္ဆိုတာ ျပရံုတင္မက က်မတို႔အတြက္ အင္မတန္မွ အားတက္ေစပါတယ္။ ဒါေၾကာင့္မုိ႔ ကုိယ့္အတြက္ အႏၱရာယ္မရွိတဲ့ နည္းေတြနဲ႔ ေထာက္ခံေၾကာင္းျပေစခ်င္ပါတယ္။ တစ္နုိင္ငံလံုး NLD အလံေတြ တလူလူနဲ႔ က်မတို႔ ျမင္ခ်င္ပါတယ္။ အဲ့ဒီလို လုပ္ျခင္းဟာ က်မတို႔ ျပည္သူေတြရဲ့ က်န္းမာေရးကုိလည္း မထိခိုက္ပါဘူး”လို႔ အမ်ားျပည္သူကို ေၿပာၾကားထားပါတယ္။
ျပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးကလည္း အင္အားၿပိဳင္လႈပ္ရွားမႈေတြလုပ္ရင္းက ေရာဂါၿဖန္႔ျဖဴးတဲ့အၿဖစ္မ်ိဳး မေရာက္ေစခ်င္သလုိ ဒီလိုအၿဖစ္မ်ိဳးမေရာက္ေရာက္ေအာင္ဖန္တီးတဲ့ တာဝန္ရွိသူေတြ၊ တားဆီးဖို႔ တာဝန္ပ်က္ကြက္သူေတြထဲမွာ အုပ္ခ်ဳပ္ေရးအာဏာပုိင္မ်ားနဲ႔ နုိင္ငံေရးပါတီေခါင္းေဆာင္ေတြ ပါမသြားေစခ်င္တာ ရင္ထဲက ဆႏၵပါ။ ဒီ အေၿခအေနေတြကို ေကာ္မရွင္က နုိင္နုိင္နင္းနင္း ကုိင္တြယ္ထိန္းသိမ္း ေနသလားဆိုတာက်ေတာ့ အားလံုးက မ်က္ၿမင္အကဲခတ္ၿပီးသားၿဖစ္မွာပါ။ ဒါေၾကာင့္ ၿပည္သူလူထုရဲ့ အသက္အႏၱရာယ္ကုိ အေလးထားၿပီး အုပ္စုဖြဲ႔၊ လူအုပ္စုဖြဲ႔၊ ယာဥ္အုပ္စုဖြဲ႔ၿပီး လွဳပ္ရွားမႈေတြကို အာဏာရပါတီ၊ အာဏာမဲ့ပါတီ မေရြး တေၿပးညီလုိက္နာရမယ့္ စည္းကမ္းခ်က္ေတြ ထုတ္ၿပန္ၿပီး ၾကပ္မက္ေဆာင္ရြက္ေပးဖို႔ ေအာက္တုိဘာလ ၃ ရက္ေန႔က တုိက္တြန္းေျပာၾကားခ့ဲတာျဖစ္ပါတယ္။
#voiceofmyanmar #VOM #ေနျပည္ေတာ္ #ပါတီ #လွည္႔လည္မႈ

Related posts

Leave a Comment

VOM News

FREE
VIEW