စစ်တွေမြို့နယ် တောကန်ရွာအုပ်ချုပ်ရေးမှူးကို တပ်ကဖမ်းဆီးထားမှု မြို့နယ်အုပ်ချုပ်ရေးမှူးကို အကူအညီတောင်း

စစ်တွေမြို့နယ် တောကန်ရွာအုပ်ချုပ်ရေးမှူးကို တပ်ကဖမ်းဆီးထားမှု မြို့နယ်အုပ်ချုပ်ရေးမှူးကို အကူအညီတောင်း

စစ်တွေ၊ အောက်တိုဘာ ၄- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းက တောကန်ကျေးရွာ အုပ်ချုပ်ရေးမှူးကို မနေ့ အောက်တိုဘာလ ၃ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရတဲ့ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ဇနီးဖြစ်သူ ဒေါ်သူဇာကပြောပါတယ်။

အဲ့ဒီလိုဖမ်းဆီးသွားတာနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်းက စစ်တွေမြို့နယ်အတွင်းရှိ ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ တပ်မတော်ကဖမ်းဆီးသွားတဲ့ တောကန်ရွာအုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်သူတို့ဟာ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦး နဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

တွေ့ဆုံမှုကို စစ်တွေမြို့နယ်အတွင်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (၅၇) ဦးရှိတဲ့အနက် (၄၈) ဦးတက်ရောက်ခဲ့တာဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက တစ်စုံတစ်ရာ အတည်ပြုပြောဆိုတာမရှိကြောင်းနဲ့ ဥပဒေအတိုင်းဖြစ်အောင် လုပ်ဆောင်ပေးမယ်လို့ ပြောဆိုတယ်လို့ သိရပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး မိသားစုဝင်တွေအနေနဲ့ စိုးရိမ်မှုရှိနေတဲ့အပြင် တစ်ခြားကျေးရွာအုပ်ချုပ်ရေးမှူးတွေပါ စိုးရိမ်နေတာကြောင့် အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးနဲ့ မီဒီယာတွေ တွေ့ဆုံမေးမြန်ဖို့ကြိုးစားခဲ့ပေမယ့် တွေ့ဆုံခွင့်မရခဲ့ပါဘူး။

#voiceofmyanmar #VOM #စစ်တွေ #ကျေးရွာအုပ်ချုပ်ရေးမှူး #တပ်ကဖမ်းဆီး

Zawgyi

စစ္ေတြၿမိဳ႕နယ္ ေတာကန္႐ြာအုပ္ခ်ဳပ္ေရးမႉးကို တပ္ကဖမ္းဆီးထားမႈ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကို အကူအညီေတာင္း

စစ္ေတြ၊ ေအာက္တိုဘာ ၄- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္အတြင္းက ေတာကန္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးကို မေန႔ ေအာက္တိုဘာလ ၃ ရက္ေန႔က တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ဝင္ေရာက္ဖမ္းဆီးသြားတယ္လို႔ ဖမ္းဆီးခံရတဲ့ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရဲ႔ဇနီးျဖစ္သူ ေဒၚသူဇာကေျပာပါတယ္။

အဲ့ဒီလိုဖမ္းဆီးသြားတာနဲ႔ ပတ္သက္ၿပီး ဒီကေန႔ မနက္ပိုင္းက စစ္ေတြၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္ /ေက်း႐ြာ ​အုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ တပ္မေတာ္ကဖမ္းဆီးသြားတဲ့ ေတာကန္႐ြာအုပ္ခ်ဳပ္ေရးမႉးရဲ႕ ဇနီးျဖစ္သူတို႔ဟာ စစ္ေတြၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ေဇာ္ဦး နဲ႔ ေတြ႕ဆုံခဲ့ၾကတာျဖစ္ပါတယ္။

ေတြ႕ဆုံမႈကို စစ္ေတြၿမိဳ႕နယ္အတြင္းက ရပ္ကြက္/ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး (၅၇) ဦးရွိတဲ့အနက္ (၄၈) ဦးတက္ေရာက္ခဲ့တာျဖစ္ၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက တစ္စုံတစ္ရာ အတည္ျပဳေျပာဆိုတာမရွိေၾကာင္းနဲ႔ ဥပေဒအတိုင္းျဖစ္ေအာင္ လုပ္ေဆာင္ေပးမယ္လို႔ ေျပာဆိုတယ္လို႔ သိရပါတယ္။

ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဖမ္းဆီးခံရတာနဲ႔ပတ္သက္ၿပီး မိသားစုဝင္ေတြအေနနဲ႔ စိုးရိမ္မႈရွိေနတဲ့အျပင္ တစ္ျခားေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြပါ စိုးရိမ္ေနတာေၾကာင့္ အျမန္ဆုံးလႊတ္ေပးဖို႔ ေတာင္းဆိုေနၾကပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ စစ္ေတြၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ေဇာ္ဦးနဲ႔ မီဒီယာေတြ ေတြ႕ဆုံေမးျမန္ဖို႔ႀကိဳးစားခဲ့ေပမယ့္ ေတြ႕ဆုံခြင့္မရခဲ့ပါဘူး။

#voiceofmyanmar #VOM #စစ္ေတြ #ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး #တပ္ကဖမ္းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW