COVID-19 ပိုးမရှိကြောင်းထောက်ခံစာပါတဲ့ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကိုသာ စစ်ကိုင်းတိုင်းအတွင်း ဝင်ခွင့်ပြု

COVID-19 ပိုးမရှိကြောင်းထောက်ခံစာပါတဲ့ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကိုသာ စစ်ကိုင်းတိုင်းအတွင်း ဝင်ခွင့်ပြု

စစ်ကိုင်း၊ အောက်တိုဘာ ၄- ၂၀၂၀
ရှိုင်းအောင်(VOM)

စစ်ကိုင်းတိုင်းအတွင်းကိုဖြတ်သန်းဝင်ရောက်မယ့် ကုန်တင်ယာဉ်တွေအနေနဲ့ အောက်တိုဘာလ ၄ ရက်နေ့ကစတင်ပြီး COVID-19 ပိုးမတွေ့ရှိကြောင်း ကျန်းမာရေးထောက်ခံစာပါတဲ့ ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေသာ ဝင်ရောက်ခွင့်ပြုနေတာဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက VOM ကိုပြောပါတယ်။

“မြို့အဝင် စစ်ကိုင်းတံတားထိပ်မှာ စစ်ဆေးဆောင်ရွက်နေပါတယ်၊ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ ညွန်ကြားချက်အတိုင်း ကျန်းမာရေးထောက်ခံစာပါမှ ဝင်ခွင့်ပြုမှာပါ၊ ဒီမနက်ပဲ ပြန်လွှတ်လိုက်ရတဲ့ ကုန်တင်ကားတွေလည်းရှိပါတယ်၊ စစ်ကိုင်းကိုပြန်လာတဲ့သူတွေကိုတော့ မဖြစ်မနေဆိုရင် သူတို့သက်ဆိုင်ရာမြို့နယ်တွေမှာ Qurantine ဝင်ရဖို့စီစဉ်ထားပါတယ်”လို့ ဦးကျော်ခိုင်ထွန်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းကို ဝင်ရောက်ဖြတ်သန်းမယ့် ကုန်တင်ယာဉ်တွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို ကုန်ပစ္စည်းလာရောက်ပို့ဆောင်ကြမယ့် ကုန်တင်ယာဉ်မောင်း ၊ယာဉ်နောက်လိုက်တွေဟာ Standard Operating Procedurs(SOP)တွင် ပါဝင်တဲ့အတိုင်း COVID-19 ရောဂါပိုးမတွေ့ရှိ(Negative) ကြောင်း၊ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း (၂)ပတ်အတွင်းထုတ်ပေးထားတဲ့ ထောက်ခံချက်ပါမှ ဝင်ရောက်ဖြတ်သန်းခွင့်ပြုမှာဖြစ်တယ်လို့ ဦးကျော်ခိုင်ထွန်းက ပြောပါတယ်။

စစ်ကိုင်းမြို့နယ်က ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို အောက်တိုဘာလ ၅ ရက်နေ့က စတင်ကာ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်မှာရှိတဲ့ နှစ် ၇၀၀ အားကစားကွင်းမှာ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပြီး ကျန်းမာရေးထောက်ခံစာပြုလုပ်ပေးမှာဖြစ်တယ်လို့ စစ်ကိုင်းခရိုင်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသော်တာထက်ကပြောပါတယ်။

Stay Home သတ်မှတ်ထားတဲ့ မြို့နယ်တွေကလွဲရင် အိမ်စီးကားတွေနဲ့ မော်တော်ယာဉ်အသေးစားတွေကိုတော့ တခြားမြို့နယ်တွေကနေ စစ်ကိုင်းတိုင်းအတွင်းကို ဝင်မယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ထောက်ခံစာပါမှ ဖြတ်သန်းသွားလာခွင့်ပြုထားတယ်လို့ သိရပါတယ်။

လက်ရှိ စစ်ကိုင်းမြို့နယ်အတွင်းမှာ ပိုးတွေ့လူနာ ၉ ဦးရှိနေပြီး အရင်ပိုးတွေ့လူနာ ၂ ဦး ကတော့ ရောဂါပိုးလက္ခဏာ Negative အဖြေထွက်တဲ့အတွက် ဒီကနေ့မနက်ပိုင်းမှာပဲ စစ်ကိုင်းမြို့ ကုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးကနေ ဆင်းခွင့်ရပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းအတွင်းမှာ ကိုဗစ်အတည်ပြုလူနာ (၁၁၀)ဦးထိရှိနေပြီး စစ်ကိုင်းမြို့နယ်မှာ ပိုးတွေ့လူနာ ၉ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ-၁၆၅၀၃ ဦး၊ ရောဂါပျောက်ဆုံးပြီး ဆေးရုံဆင်းခွင့်ရသူ ၄၇၉၅ ဦး၊ သေဆုံးလူနာ ၃၇၁ ဦးအထိ ရှိလာနေပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ကိုဗစ် #ကုန်တင်ယာဉ်မောင်း #ယာဉ်နောက်လိုက်

Zawgyi

COVID-19 ပိုးမရွိေၾကာင္းေထာက္ခံစာပါတဲ့ ကုန္တင္ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္ေတြကိုသာ စစ္ကိုင္းတိုင္းအတြင္း ဝင္ခြင့္ျပဳ

စစ္ကိုင္း၊ ေအာက္တိုဘာ ၄- ၂၀၂၀
ရႈိင္းေအာင္(VOM)

စစ္ကိုင္းတိုင္းအတြင္းကိုျဖတ္သန္းဝင္ေရာက္မယ့္ ကုန္တင္ယာဥ္ေတြအေနနဲ႔ ေအာက္တိုဘာလ ၄ ရက္ေန႔ကစတင္ၿပီး COVID-19 ပိုးမေတြ႕ရွိေၾကာင္း က်န္းမာေရးေထာက္ခံစာပါတဲ့ ယာဥ္ေမာင္းေတြနဲ႔ ယာဥ္ေနာက္လိုက္ေတြသာ ဝင္ေရာက္ခြင့္ျပဳေနတာျဖစ္တယ္လို႔ စစ္ကိုင္းၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ခိုင္ထြန္းက VOM ကိုေျပာပါတယ္။

“ၿမိဳ႕အဝင္ စစ္ကိုင္းတံတားထိပ္မွာ စစ္ေဆးေဆာင္႐ြက္ေနပါတယ္၊ က်န္းမာေရးဝန္ႀကီးဌာနကထုတ္ျပန္ထားတဲ့ ၫြန္ၾကားခ်က္အတိုင္း က်န္းမာေရးေထာက္ခံစာပါမွ ဝင္ခြင့္ျပဳမွာပါ၊ ဒီမနက္ပဲ ျပန္လႊတ္လိုက္ရတဲ့ ကုန္တင္ကားေတြလည္းရွိပါတယ္၊ စစ္ကိုင္းကိုျပန္လာတဲ့သူေတြကိုေတာ့ မျဖစ္မေနဆိုရင္ သူတို႔သက္ဆိုင္ရာၿမိဳ႕နယ္ေတြမွာ Qurantine ဝင္ရဖို ႔စီစဥ္ထားပါတယ္”လို႔ ဦးေက်ာ္ခိုင္ထြန္းက ေျပာပါတယ္။

စစ္ကိုင္းတိုင္းအတြင္းကို ဝင္ေရာက္ျဖတ္သန္းမယ့္ ကုန္တင္ယာဥ္ေတြနဲ႔ စစ္ကိုင္းတိုင္းအတြင္းက ၿမိဳ႕နယ္ေတြကို ကုန္ပစၥည္းလာေရာက္ပို႔ေဆာင္ၾကမယ့္ ကုန္တင္ယာဥ္ေမာင္း ၊ယာဥ္ေနာက္လိုက္ေတြဟာ Standard Operating Procedurs(SOP)တြင္ ပါဝင္တဲ့အတိုင္း COVID-19 ေရာဂါပိုးမေတြ႕ရွိ(Negative) ေၾကာင္း၊က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားခ်က္အတိုင္း (၂)ပတ္အတြင္းထုတ္ေပးထားတဲ့ ေထာက္ခံခ်က္ပါမွ ဝင္ေရာက္ျဖတ္သန္းခြင့္ျပဳမွာျဖစ္တယ္လို႔ ဦးေက်ာ္ခိုင္ထြန္းက ေျပာပါတယ္။

စစ္ကိုင္းၿမိဳ႕နယ္က ကုန္တင္ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္ေတြကို ေအာက္တိုဘာလ ၅ ရက္ေန႔က စတင္ကာ စစ္ကိုင္းၿမိဳ႕၊ ပါရမီရပ္ကြက္မွာရွိတဲ့ ႏွစ္ ၇၀၀ အားကစားကြင္းမွာ က်န္းမာေရးစစ္ေဆးမႈျပဳလုပ္ၿပီး က်န္းမာေရးေထာက္ခံစာျပဳလုပ္ေပးမွာျဖစ္တယ္လို႔ စစ္ကိုင္းခ႐ိုင္က်န္းမာေရးဦးစီးဌာန ဦးစီးမႉး ေဒါက္တာေသာ္တာထက္ကေျပာပါတယ္။

Stay Home သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ေတြကလြဲရင္ အိမ္စီးကားေတြနဲ႔ ေမာ္ေတာ္ယာဥ္အေသးစားေတြကိုေတာ့ တျခားၿမိဳ႕နယ္ေတြကေန စစ္ကိုင္းတိုင္းအတြင္းကို ဝင္မယ္ဆိုရင္ သက္ဆိုင္ရာ ရပ္ကြက္၊ ေက်း႐ြာ ေထာက္ခံစာပါမွ ျဖတ္သန္းသြားလာခြင့္ျပဳထားတယ္လို႔ သိရပါတယ္။

လက္ရွိ စစ္ကိုင္းၿမိဳ႕နယ္အတြင္းမွာ ပိုးေတြ႕လူနာ ၉ ဦးရွိေနၿပီး အရင္ပိုးေတြ႕လူနာ ၂ ဦး ကေတာ့ ေရာဂါပိုးလကၡဏာ Negative အေျဖထြက္တဲ့အတြက္ ဒီကေန႔မနက္ပိုင္းမွာပဲ စစ္ကိုင္းၿမိဳ႕ ကုတင္ ၂၀၀ ျပည္သူ႔ေဆး႐ုံႀကီးကေန ဆင္းခြင့္ရၿပီျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္ထိ စစ္ကိုင္းတိုင္းအတြင္းမွာ ကိုဗစ္အတည္ျပဳလူနာ (၁၁၀)ဦးထိရွိေနၿပီး စစ္ကိုင္းၿမိဳ႕နယ္မွာ ပိုးေတြ႕လူနာ ၉ ဦး ရွိတယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။

အခုလက္ရွိ ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ-၁၆၅၀၃ ဦး၊ ေရာဂါေပ်ာက္ဆုံးၿပီး ေဆး႐ုံဆင္းခြင့္ရသူ ၄၇၉၅ ဦး၊ ေသဆုံးလူနာ ၃၇၁ ဦးအထိ ရွိလာေနၿပီျဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္း #ကိုဗစ္ #ကုန္တင္ယာဥ္ေမာင္း #ယာဥ္ေနာက္လိုက္

Related posts

Leave a Comment

VOM News

FREE
VIEW