ထန်းတပင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်ကြပ်ကြီးနဲ့မိသားစုလိုက် ကိုဗစ်၁၉ ကူးစက်ခံရတဲ့အတွက် ကန့်သတ်မှုတွေပြုလုပ်

ထန်းတပင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်ကြပ်ကြီးနဲ့မိသားစုလိုက် ကိုဗစ်၁၉ ကူးစက်ခံရတဲ့အတွက် ကန့်သတ်မှုတွေပြုလုပ်

ရန်ကုန်၊အောက်တိုဘာ ၅-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်ကြပ်ကြီးနဲ့မိသားစုဝင် ၃ဦး ကိုဗစ်၁၉ ရောဂါပိုးကူးဆက်ခံရတဲ့အတွက် ရဲစခန်းအဝင်အထွက်တွေကို ကန့်သတ်ထားတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဌေးမော်ကပြောပါတယ်။

” လက်ရှိအခြေအနေမှာ ထန်းတပင်မြို့နယ်ရဲစခန်းကို အဝင်အထွက် ကန့်သတ်ထားပြီး အဲ့ဒီ ရဲတပ်ကြီးနဲ့ ထိစပ်တဲ့အဆက်အသွယ်တွေအားလုံးကို ရှာဖွေစစ်ဆေးနေတယ်”လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဌေးမော်က ပြောပါတယ်။

ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်ကြပ်ကြီးဟာ စက်တင်ဘာ ၂၆ ရက်နေ့က အနံ့အရသာမရတဲ့အတွက် ထန်းတပင်မြို့နယ်ပြည်သူဆေးရုံမှာ ပြသခဲ့ပြီး၊ ဆေးရုံအမှတ်(၂)သီးသန့်ဆောင်မှာ စောင့်ကြည့်လူနာအဖြစ် ကျန်းမာရေးစောင့်ကြည့်မှု ခံယူခဲ့တာဖြစ်ပါတယ်။

ရဲတပ်ကြပ်ကြီးနဲ့ နေအိမ်လိုင်းခန်း အတူနေ ဇနီးဖြစ်သူနဲ့ သားဖြစ်သူတို့ကလည်း စက်တင်ဘာ ၂၇ ရက်နေ့မှာ အနံအရသာမရတဲ့အတွက် ထန်းတပင်ပြည်သူဆေးရုံမှာ ပြသပြီး ဆေးရုံသီးသန့်အဆောင်မှာ စောင့်ကြည့်လူနာအဖြစ် စောင့်ကြည်ခဲ့ရာကနေ စက်တင်ဘာ ၂၉ ရက်နေ့က မိသားစု သုံးဦးကို နှာခေါင်းတို့ဖတ် ရယူစစ်ဆေးခဲ့တာဖြစ်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဌေးမော်က ရှင်းပြပါတယ်။

အဲ့ဒီလိုစစ်ဆေးပြီး အောက်တိုဘာ ၃ ရက်နေ့ည ၈ နာရီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ရဲတပ်ကြပ်ကြီး အပါအဝင် ဇနီးနဲ့ သားဖြစ်သူတို့မှာ ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဦးဌေးမော်ကပြောပါတယ်။

ပြီးခဲ့ရက်ပိုင်းကလည်း မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့က ရဲမှူးတစ်ဦးကလည်း ကိုဗစ်ရောဂါကူစက်ကူးစက်ခံရပြီး ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ထန်းတပင်ရဲစခန်း #ကိုဗစ်

Zawgyi

ထန္းတပင္ၿမိဳ့နယ္ရဲတပ္ဖြဲ႔မွဴးရံုးက ရဲတပ္ၾကပ္ႀကီးနဲ႔မိသားစုလိုက္ ကိုဗစ္၁၉ ကူးစက္ခံရတဲ့အတြက္ ကန္႔သတ္မႈေတြျပဳလုပ္

ရန္ကုန္၊ေအာက္တိုဘာ ၅-၂၀၂၀
ေအးခ်မ္းသူ(VOM)

ရန္ကုန္ေျမာက္ပိုင္းခရိုင္၊ ထန္းတပင္ၿမိဳ့နယ္ရဲတပ္ဖြဲ႕မွဴး႐ုံးက ရဲတပ္ၾကပ္ႀကီးနဲဲ႔မိသားစုဝင္ ၃ဦး ကိုဗစ္၁၉ ေရာဂါပိုးကူးဆက္ခံရတဲ့အတြက္ ရဲစခန္းအဝင္အထြက္ေတြကို ကန္႔သတ္ထားတယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ဦးေဌးေမာ္ကေျပာပါတယ္။

” လက္႐ွိအေျခအေနမွာ ထန္းတပင္ၿမိဳ႕နယ္ရဲစခန္းကို အဝင္အထြက္ ကန္႔သတ္ထားၿပီး အဲ့ဒီ ရဲတပ္ႀကီးနဲ႔ ထိစပ္တဲ့အဆက္အသြယ္ေတြအားလုံးကို ႐ွာေဖြစစ္ေဆးေနတယ္”လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ဦးေဌးေမာ္က ေျပာပါတယ္။

ထန္းတပင္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး႐ုံးက ရဲတပ္ၾကပ္ႀကီးဟာ စက္တင္ဘာ ၂၆ ရက္ေန႔က အနံ့အရသာမရတဲ့အတြက္ ထန္းတပင္ၿမိဳ့နယ္ျပည္သူေဆး႐ုံမွာ ျပသခဲ့ၿပီး၊ ေဆး႐ုံအမွတ္(၂)သီးသန႔္ေဆာင္မွာ ေစာင့္ၾကည့္လူနာအျဖစ္ က်န္းမာေရးေစာင့္ၾကည့္မႈ ခံယူခဲ့တာျဖစ္ပါတယ္။

ရဲတပ္ၾကပ္ႀကီးနဲ႔ ေနအိမ္လိုင္းခန္း အတူေန ဇနီးျဖစ္သူနဲ႔ သားျဖစ္သူတို႔ကလည္း စက္တင္ဘာ ၂၇ ရက္ေန႔မွာ အနံအရသာမရတဲ့အတြက္ ထန္းတပင္ျပည္သူေဆး႐ုံမွာ ျပသၿပီး ေဆး႐ုံသီးသန႔္အေဆာင္မွာ ေစာင့္ၾကည့္လူနာအျဖစ္ ေစာင့္ၾကည္ခဲ့ရာကေန စက္တင္ဘာ ၂၉ ရက္ေန႔က မိသားစု သုံးဦးကို ႏွာေခါင္းတို့ဖတ္ ရယူစစ္ေဆးခဲ့တာျဖစ္တယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ဦးေဌးေမာ္က ႐ွင္းျပပါတယ္။

အဲ့ဒီလိုစစ္ေဆးၿပီး ေအာက္တိုဘာ ၃ ရက္ေန႔ည ၈ နာရီ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႔ သတင္းထုတ္ျပန္ခ်က္မွာေတာ့ ရဲတပ္ၾကပ္ႀကီး အပါအဝင္ ဇနီးနဲ႔ သားျဖစ္သူတို့မွာ ကိုဗစ္ ၁၉ ေရာဂါပိုး ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ ဦးေဌးေမာ္ကေျပာပါတယ္။

ၿပီးခဲ့ရက္ပုိင္းကလည္း ေမွာ္ဘီၿမိဳ႕နယ္ရဲတပ္ဖြဲ႔က ရဲမွဴးတစ္ဦးကလည္း ကုိဗစ္ေရာဂါကူစက္ကူးစက္ခံရၿပီး ေဆး႐ုံမွာ ေသဆံုးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #ထန္းတပင္ရဲစခန္း #ကိုဗစ္

Related posts

Leave a Comment

VOM News

FREE
VIEW