ထိုင်းနယ်စပ်ပို့မယ့် တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးနဲ့ ယာဉ်မောင်း နှစ်ဦးကို ဖမ်းမိ

ထိုင်းနယ်စပ်ပို့မယ့် တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးနဲ့ ယာဉ်မောင်း နှစ်ဦးကို ဖမ်းမိ

နေပြည်တော်၊အောက်တိုဘာ ၆-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဒိုက်ဦး-စစ်တောင်း-မုပ္ပလင် မဟာဗျူဟာလမ်းပေါ်မှာ မြဝတီမြို့ကိုပို့ဆောင်ပေးဖို့ ကားနှစ်စီးနဲ့ တင်ဆောင်လာတဲ့ တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးနဲ့ပို့ဆောင်ပေးတဲ့ ယာဉ်မောင်း နှစ်ဦးကို မနေ့ အောက်တိုဘာ ၅ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ဝေါမြို့မရဲစခန်းကနေ သိရပါတယ်။

“မန္တလေးက ခေါ်ဆောင်လာတာလို့သိရတယ်။ တရားဝင် အထောက်အထား တစ်ခုမှ မပါဘူး။ ထိုင်းနိုင်ငံနယ်စပ်ပေါက်ကို လိုက်ပို့ဖို့ခေါ်လာတာလို့သိရတယ်”လို့ ဝေါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ဝေါမြို့နယ်၊ အဗျားငှက်ချေးကျေးရွာအနီး စစ်တောင်း မဟာဗျူဟာလမ်းဆုံမှာ မသင်္ကာဖွယ် ယာဉ်တစ်စင်းကို လိုက်လံဖမ်းဆီးရာမှ ယာဉ်မောင်းသူ ကျော်လှိုင်(၅၄ နှစ်)နဲ့အတူယာဉ်ပေါ်ပါလာတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး၂ ဦးကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဝေါမြို့၊ ဖက္ကလိပ်ကျေးရွာအနီး ဒိုက်ဦး- စစ်တောင်းလမ်းပေါ်မှာ မုတ္တမဘက်ကို
မောင်းလာတဲ့ အာရာဖက်အမျိုးအစား ယာဥ‌်ပေါ်က ယာဉ်မောင်း ရာဇာထက်(၂၃ နှစ်)နဲ့ တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်းတရုတ်နိုင်ငံသား၁၈ ဦးနဲ့ ယာဉ်မောင်းနှစ်ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဝေါမြို့မရဲစခန်းကနေ သိရပါတယ်။

တရားမဝင် တရုတ်နိူင်ငံသား၁၈ ဦးနဲ့ ယာဉ်မောင်းနှစ်ဦးကို ဝေါမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်သွားမှာဖြစ်ပြီး လက်တလောမှာတော့ ကိုဗစ်ပိုးရှိမရှိစစ်ဆေးမှုများပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့လူဝင်မှုကြီကြပ်ရေးနဲ့လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးထွန်းထွန်းဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

Photo-ကိုမျိုး
#voiceofmyanmar #VOM #ဝေါမြို့ #တရားမဝင်တရုတ်လူမျိုး

Zawgyi

ထိုင္းနယ္စပ္ပို႔မယ့္ တရားမဝင္ တ႐ုတ္ႏိုင္ငံသား ၁၈ ဦးနဲ႔ ယာဥ္ေမာင္း ႏွစ္ဦးကို ဖမ္းမိ

ေနျပည္ေတာ္၊ေအာက္တိုဘာ ၆-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ ေဝါၿမိဳ႕နယ္၊ ဒိုက္ဦး-စစ္ေတာင္း-မုပၸလင္ မဟာဗ်ဴဟာလမ္းေပၚမွာ ျမဝတီၿမိဳ႕ကိုပို႔ေဆာင္ေပးဖို႔ ကားႏွစ္စီးနဲ႔ တင္ေဆာင္လာတဲ့ တရားမဝင္ တ႐ုတ္ႏိုင္ငံသား ၁၈ ဦးနဲ႔ပို႔ေဆာင္ေပးတဲ့ ယာဥ္ေမာင္း ႏွစ္ဦးကို မေန႔ ေအာက္တိုဘာ ၅ရက္ေန႔ မနက္ပိုင္းက ဖမ္းဆီးရမိခဲ့တယ္လို႔ ေဝါၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

“မႏၲေလးက ေခၚေဆာင္လာတာလို႔သိရတယ္။ တရားဝင္ အေထာက္အထား တစ္ခုမွ မပါဘူး။ ထိုင္းႏိုင္ငံနယ္စပ္ေပါက္ကို လိုက္ပို႔ဖို႔ေခၚလာတာလို႔သိရတယ္”လို႔ ေဝါၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ျပည္သူ႔အင္အားဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာျပပါတယ္။

ေဝါၿမိဳ႕နယ္၊ အဗ်ားငွက္ေခ်းေက်း႐ြာအနီး စစ္ေတာင္း မဟာဗ်ဴဟာလမ္းဆုံမွာ မသကၤာဖြယ္ ယာဥ္တစ္စင္းကို လိုက္လံဖမ္းဆီးရာမွ ယာဥ္ေမာင္းသူ ေက်ာ္လႈိင္(၅၄ ႏွစ္)နဲ႔အတူယာဥ္ေပၚပါလာတဲ့ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား ၅ ဦး၊ အမ်ိဳးသမီး၂ ဦးကိုဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ေဝါၿမိဳ႕၊ ဖကၠလိပ္ေက်း႐ြာအနီး ဒိုက္ဦး- စစ္ေတာင္းလမ္းေပၚမွာ မုတၱမဘက္ကို
ေမာင္းလာတဲ့ အာရာဖက္အမ်ိဳးအစား ယာဥ‌္ေပၚက ယာဥ္ေမာင္း ရာဇာထက္(၂၃ ႏွစ္)နဲ႔ တရားမဝင္တ႐ုတ္ႏိ္ုင္ငံသား အမ်ိဳးသား ၁၀ ဦး၊ အမ်ိဳးသမီး ၁ ဦး စုစုေပါင္းတ႐ုတ္ႏိုင္ငံသား၁၈ ဦးနဲ႔ ယာဥ္ေမာင္းႏွစ္ဦးကို ဖမ္းဆီးရမိခဲ့တာျဖစ္တယ္လို႔ ေဝါၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

တရားမဝင္ တ႐ုတ္ႏိူင္ငံသား၁၈ ဦးနဲ႔ ယာဥ္ေမာင္းႏွစ္ဦးကို ေဝါၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္လွစ္သြားမွာျဖစ္ၿပီး လက္တေလာမွာေတာ့ ကိုဗစ္ပိုးရွိမရွိစစ္ေဆးမႈမ်ားျပဳလုပ္ဖို႔ျပင္ဆင္ေနတယ္လို႔ ပဲခူးတိုင္းအစိုးရအဖြဲ႕လူဝင္မႈႀကီၾကပ္ေရးနဲ႔လူ႔စြမ္းအားအရင္းျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရးဝန္ႀကီး ဦးထြန္းထြန္းဦးရဲ႔ ေျပာျပခ်က္အရ သိရပါတယ္။

Photo-ကိုမ်ိဳး
#voiceofmyanmar #VOM #ေဝါၿမိဳ႔ #တရားမဝင္တ႐ုတ္လူမ်ိဳး

Related posts

Leave a Comment

VOM News

FREE
VIEW