စစ်တောင်းတံတားပေါ်မှာ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေ

စစ်တောင်းတံတားပေါ်မှာ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေ

ပဲခူး၊ စက်တင်ဘာ ၅-၂၀၂၀
သိင်္ဂီ(VOM)

ပဲခူးတိုင်းကို ဖြတ်သန်းသွာလာမယ့် ကုန်တင်ယာဉ်မောင်းသူတွေကို ကိုဗစ်-၁၉ရောဂါပိုးရှိ၊မရှိ Test Kit ဖြင့်စစ်ဆေးပေးနေတဲ့အတွက် မွန်ပြည်နယ်၊ စစ်တောင်းတံတားမှာ ကားတွေပိတ်မိနေသလို ပဲခူး၊ ရန်ကုန်ဘက်တွေမှာလည်း ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Test Kit နဲ့ စစ်ဆေးမှုကို ပဲခူးတိုင်းထဲက ရန်ကုန်အထွက် ပဲခူးအဝင် ၊ဝေါ စစ်ဆေးရေးဂိတ်အပါအဝင် နေရာ ၅ ခုနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး မွန်ပြည်နယ်ဘက်ကနေ လာရောက်မယ့် ကားတွေကိုလည်း ပြည်နယ်အစိုးရဘက်ကနေ ကိုဗစ်စစ်ဆေးမှု လုပ်ဆောင်နေတာဖြစ်ပါတယ်။

” အခုလက်ရှိလည်းပိတ်နေတယ်။ ကားပိတ်တာတွေပြေလည်အောင်တော့ ဖြေရှင်းနေတယ်။ စစ်ဆေးတဲ့အထဲမှာ ပိုးတွေ့တာရှိတယ်။ မွန်ပြည်နယ်ကိုသွားမယ့်ကားတွေက ပဲခူးတိုင်းထဲမှာ ပိတ်နေတာရှိတယ်။ ရန်ကုန်ကအထွက် ပဲခူးအဝင်မှာ စစ်တယ်။ ပဲခူးထဲမှာရှိနေတဲ့ကားတွေက ဝေါမှာလည်းစစ်တယ်။ ကားတွေလည်း ပိတ်မိတာရှိတယ်။တောက်လျှောက်တော့ စစ်နေတယ်”လို့ ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာရန်နိုင်မောင်ကပြောပါတယ်။

ပဲခူးတိုင်းဟာ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ် စတဲ့ တိုင်းဒေသကြီးပြည်နယ်တွေနဲ့ နယ်နိမိတ်ခြင်းထိစပ်နေတဲ့အပြင် ကုန်စည်ပို့ဆောင်ရေး အဓိက လမ်းကြောင်းပေါ်မှာ ရှိနေတဲ့အတွက် Test Kit စစ်ဆေးခြင်းကို လုပ်ဆောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကရင်၊ မွန် ၊တနင်္သာရီ တိုင်းဒေသကြီးကိုလည်း ကုန်တင်ယာဉ်တွေကလွဲပြီး ခရီးသည်တင်ကား၊ အိမ်စီးကား၊ လူစီးအငှားယာဉ်တွေကို အောက်တိုဘာ ၄ ရက်နေ့ကစပြီး ပဲခူးတိုင်းအတွင်းကို ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်ပြီဖြစ်ပါတယ်။

“အစိုးရအဖွဲ့ ကလုပ်နေတာဖြစ်တယ်။ ဝေါမှာကပြီးခဲ့တဲ့နေ့က ကိုဗစ်လူနာတွေ့တာများလာလို့ ဝေါနဲ့ စစ်တောင်းတံတားထိပ်က လုပ်နေကြတာပေါ့။ ဝင်းဟိုဘက်ကလည်း ပိတ်တယ်၊ ဒီဘက်လည်းပိတ်တယ်။ တစ်ယောက်တစ်ယောက်ကို မိနစ် ၂၀၊ နာရီဝက်ဆိုတော့ ပိတ်တဲ့သဘောပေါ့။ အကြာကြီးတော့မဟုတ်ဘူး”လို့ ပဲခူးမြို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညွှန်ရွှေကပြောပါတယ်။

ပဲခူးတိုင်းအတွင်း ဖြတ်သန်းသွားလာနေတဲ့ ကုန်တင်ကားတွေရဲ့ ယာဉ်မောင်း ၊ယာဉ်နောက်လိုက်ကို အောက်တိုဘာလ ၂ ရက်နေ့ကတည်းက Test Kit ဖြင့်စစ်ဆေးခဲ့ရာ Covid 19 ရောဂါပိုးတွေ့ရှိသူ ၃၄ ဦးအထိတွေ့ရှိထားတာဖြစ်ပါတယ်။

မွန်ပြည်နယ်နဲ့ ပဲခူးတိုင်း ထိစပ်နယ်မြေဖြစ်တဲ့ စစ်တောင်းတံတားမှာ မွန်ပြည်နယ်ဘက်ကလာမယ့် ကားတွေကို ပြည်နယ်အစိုးရအဖွဲ့ က မနေ့စက်တင်ဘာ ၄ရက်နေ့က စတင်ပြီး ကိုဗစ်ရှိ၊မရှိ Test Kit နဲ့စစ်ဆေးခဲ့တာကြောင့် ကားအစီးရေ ၅၀၀ လောက်ပိတ်မိခဲ့တဲ့အပြင် လက်ရှိမှာလည်း ကားတွေပိတ်ဆို့မှု ရှိနေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး #ကိုဗစ် #ကုန်တင်ယာဉ်ကြောပိတ်

Zawgyi

စစ္ေတာင္းတံတားေပၚမွာ က်န္းမာေရးစစ္ေဆးမႈေတြ ျပဳလုပ္ေနတဲ့အတြက္ ယာဥ္ေၾကာပိတ္ဆို႔မႈျဖစ္ေန

ပဲခူး၊ စက္တင္ဘာ ၅-၂၀၂၀
သိဂႌ(VOM)

ပဲခူးတိုင္းကို ျဖတ္သန္းသြာလာမယ့္ ကုန္တင္ယာဥ္ေမာင္းသူေတြကို ကိုဗစ္-၁၉ေရာဂါပိုး႐ွိ၊မ႐ွိ Test Kit ျဖင့္စစ္ေဆးေပးေနတဲ့အတြက္ မြန္ျပည္နယ္၊ စစ္ေတာင္းတံတားမွာ ကားေတြပိတ္မိေနသလို ပဲခူး၊ ရန္ကုန္ဘက္ေတြမွာလည္း ယာဥ္ေၾကာပိတ္ဆို႔မွု​ေတြျဖစ္ေပၚေနတယ္လို့ သိရပါတယ္။

Test Kit နဲ႔ စစ္ေဆးမႈကို ပဲခူးတိုင္းထဲက ရန္ကုန္အထြက္ ပဲခူးအဝင္ ၊​ေဝါ စစ္ေဆးေရးဂိတ္အပါအဝင္ ​ေနရာ ၅ ခုနဲ႔ လုပ္ေဆာင္ေနတာျဖစ္ၿပီး မြန္ျပည္နယ္ဘက္ကေန လာေရာက္မယ့္ ကားေတြကိုလည္း ျပည္နယ္အစိုးရဘက္ကေန ကိုဗစ္စစ္ေဆးမႈ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

” အခုလက္႐ွိလည္းပိတ္ေနတယ္။ ကားပိတ္တာေတြေျပလည္ေအာင္ေတာ့ ေျဖ႐ွင္းေနတယ္။ စစ္ေဆးတဲ့အထဲမွာ ပိုးေတြ႔တာ႐ွိတယ္။ မြန္ျပည္နယ္ကိုသြားမယ့္ကားေတြက ပဲခူးတိုင္းထဲမွာ ပိတ္​ေနတာရွိတယ္။ ရန္ကုန္ကအထြက္ ပဲခူးအဝင္မွာ စစ္တယ္။ ပဲခူးထဲမွာ႐ွိေနတဲ့ကားေတြက ေဝါမွာလည္းစစ္တယ္။ ကားေတြလည္း ပိတ္မိတာ႐ွိတယ္။ေတာက္ေလွ်ာက္ေတာ့ စစ္ေနတယ္”လို႔ ပဲခူးတိုင္းက်န္းမာေရးဦးစီးဌာန တိုင္းဦးစီးမွဴး ေဒါက္တာရန္ႏိုင္ေမာင္ကေျပာပါတယ္။

ပဲခူးတိုင္းဟာ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ရန္ကုန္တိုင္း၊ မြန္ျပည္နယ္ စတဲ့ တိုင္းေဒသႀကီးျပည္နယ္ေတြနဲ႔ နယ္နိမိတ္ျခင္းထိစပ္ေနတဲ့အျပင္ ကုန္စည္ပို့ေဆာင္ေရး အဓိက လမ္းေၾကာင္းေပၚမွာ ရွိေနတဲ့အတြက္ Test Kit စစ္ေဆးျခင္းကို လုပ္​ေဆာင္ေနရတာျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ကရင္၊ မြန္ ၊တနသၤာရီ တိုင္း​ေဒသႀကီးကိုလည္း ကုန္တင္ယာဥ္ေတြကလြဲၿပီး ခရီးသည္တင္ကား၊ အိမ္စီးကား၊ လူစီးအငွားယာဥ္ေတြကို ေအာက္တိုဘာ ၄ ရက္ေန႔ကစၿပီး ပဲခူးတိုင္းအတြင္းကို ျဖတ္သန္းသြားလာခြင့္ပိတ္လိုက္ၿပီျဖစ္ပါတယ္။

“အစိုးရအဖြဲ႔ ကလုပ္ေနတာျဖစ္တယ္။ ေဝါမွာကၿပီးခဲ့တဲ့ေန႔က ကိုဗစ္လူနာေတြ႔တာမ်ားလာလို႔ ေဝါနဲ႔ စစ္ေတာင္းတံတားထိပ္က လုပ္ေနၾကတာေပါ့။ ဝင္းဟိုဘက္ကလည္း ပိတ္တယ္၊ ဒီဘက္လည္းပိတ္တယ္။ တစ္ေယာက္တစ္ေယာက္ကို မိနစ္ ၂၀၊ နာရီဝက္ဆိုေတာ့ ပိတ္တဲ့သေဘာေပါ့။ အၾကာႀကီးေတာ့မဟုတ္ဘူး”လို႔ ပဲခူးၿမိဳ႕ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးၫႊန္ေရႊကေျပာပါတယ္။

ပဲခူးတိုင္းအတြင္း ျဖတ္သန္းသြားလာေနတဲ့ ကုန္တင္ကားေတြရဲ႕ ယာဥ္ေမာင္း ၊ယာဥ္ေနာက္လိုက္ကို ေအာက္တိုဘာလ ၂ ရက္ေန႔ကတည္းက Test Kit ျဖင့္စစ္ေဆးခဲ့ရာ Covid 19 ေရာဂါပိုးေတြ႔႐ွိသူ ၃၄ ဦးအထိေတြ႔႐ွိထားတာျဖစ္ပါတယ္။

မြန္ျပည္နယ္နဲ႔ ပဲခူးတိုင္း ထိစပ္နယ္ေျမျဖစ္တဲ့ စစ္ေတာင္းတံတားမွာ မြန္ျပည္နယ္ဘက္ကလာမယ့္ ကားေတြကို ျပည္နယ္အစိုးရအဖြဲ႔ က မေန႕စက္တင္ဘာ ၄ရက္ေန႔က စတင္ၿပီး ကိုဗစ္႐ွိ၊မ႐ွိ Test Kit နဲ႔စစ္ေဆးခဲ့တာေၾကာင့္ ကားအစီးေရ ၅၀၀ ေလာက္ပိတ္မိခဲ့တဲ့အၿပင္ လက္႐ွိမွာလည္း ကားေတြပိတ္ဆို႔မႈ ႐ွိေနတယ္လို႔သိရပါတယ္။

#voiceofmyanmar #VOM #ပဲခူး #ကိုဗစ္ #ကုန္တင္ယာဥ္ေၾကာပိတ္

Related posts

Leave a Comment

VOM News

FREE
VIEW