သားရင်းကို ဖခင်က ဓားနှင့်ခုတ်သတ်

သားရင်းကို ဖခင်က ဓားနှင့်ခုတ်သတ်

နေပြည်တော်၊ အောက်တိုဘာ ၅-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ခလောက်အင်းရပ်ကွက် နယ်မြေ (၄ ) အောင်သစ္စာလမ်း နေအိမ်တစ်အိမ်မှာ အောက်တိုဘာလ ၄ ရက်နေ့ ည ၆ နာရီခန့်က သားရင်း ဖြစ်သူကို ဖခင်ကဓားနဲ့ခုတ်သတ်ခဲ့တယ်လို့ ဇင်းကျိုက် နယ်မြေရဲစခန်းမှသိရှိရပါတယ်။

“အဖေဆီက ပိုက်ဆံတောင်းတယ်။ မရတော့ လက်သီးနဲ့ထိုးကြိတ်တယ်။ ဖခင်ကလည်း သားဖြစ်သူက အလုပ်မလုပ်ဘာမလုပ် ဒီလိုခဏခဏ ဖြစ်လာတော့ နီးရာကိုင်းခုတ်ဓားနဲ့ခုတ်သတ်မိတယ့်သဘောပါ ” လို့ ဇင်းကျိူက်နယ်‌မြေရဲစခန်းမှူး ရဲအုပ်ကျော်မျိုးလွင်က ပြောပါတယ်။

အဆိုပါနေ့ ည ၆ နာရီ ၄၀ မိနစ်ခန့်ကပေါင်မြို့နယ် ဇင်းကျိုက် ခလောက် အင်းရပ်ကွက် အောင်သစ္စာလမ်း အိမ်တစ်အိမ်မှာ လက်သမားလုပ်ကိုင်သူ ဦးအောင်ထိန်(၆၂ နှစ်)ထံမှ တစ်အိမ်ထဲ အတူနေ သားဖြစ်သူ ဦးရဲမင်းပိုင် (၂၅ နှစ်) ငွေကြေးတောင်းခံရာမှ သားအဖချင်းစကားများစဉ် ဖခင်ဖြစ်သူက ဓားနဲ့ခုတ်သတ်ခဲ့တာကြောင့် နေအိမ်ရှေ့
လမ်းမပေါ်မှာ ပြတ်ရှဒဏ်ရာများနဲ့သားဖြစ်သူ သေဆုံးခဲ့တာဖြစ်တယ်လို့ ဇင်ကျိုက်နယ်မြေရဲစခန်းမှစုံစမ်းသိရှိရပါတယ်။

လူသတ်မှုနဲ့ပတ်သက်၍ ဦးအောင်ထိန်ကို ဇင်းကျိုက်နယ်မြေ ရဲစခန်းမှာ(ပ) ၅၅ /၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ ဖမ်းဆီး အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်ထားတယ်လို့ အဆိုပါ ရဲစခန်းမှသိရပါတယ်။

ဓာတ်ပုံ-ရဲတပ်ဖွဲ့

#voiceofmyanmar #VOM #မှုခင်းသတင်း #ဇင်းကျိုင် #မွန်ပြည်နယ်

zawgyi

သားရင္းကို ဖခင္က ဓားႏွင့္ခုတ္သတ္

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၅-၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္ ဇင္းက်ိဳက္ၿမိဳ႕ ခေလာက္အင္းရပ္ကြက္ နယ္ေျမ (၄ ) ေအာင္သစၥာလမ္း ေနအိမ္တစ္အိမ္မွာ ေအာက္တိုဘာလ ၄ ရက္ေန႔ ည ၆ နာရီခန႔္က သားရင္း ျဖစ္သူကို ဖခင္ကဓားနဲ႔ခုတ္သတ္ခဲ့တယ္လို႔ ဇင္းက်ိဳက္ နယ္ေျမရဲစခန္းမွသိရွိရပါတယ္။

“အေဖဆီက ပိုက္ဆံေတာင္းတယ္။ မရေတာ့ လက္သီးနဲ႔ထိုးႀကိတ္တယ္။ ဖခင္ကလည္း သားျဖစ္သူက အလုပ္မလုပ္ဘာမလုပ္ ဒီလိုခဏခဏ ျဖစ္လာေတာ့ နီးရာကိုင္းခုတ္ဓားနဲ႔ခုတ္သတ္မိတယ့္သေဘာပါ ” လို႔ ဇင္းက်ိဴက္နယ္‌ေျမရဲစခန္းမႉး ရဲအုပ္ေက်ာ္မ်ိဳးလြင္က ေျပာပါတယ္။

အဆိုပါေန႔ ည ၆ နာရီ ၄၀ မိနစ္ခန႔္ကေပါင္ၿမိဳ႕နယ္ ဇင္းက်ိဳက္ ခေလာက္ အင္းရပ္ကြက္ ေအာင္သစၥာလမ္း အိမ္တစ္အိမ္မွာ လက္သမားလုပ္ကိုင္သူ ဦးေအာင္ထိန္(၆၂ ႏွစ္)ထံမွ တစ္အိမ္ထဲ အတူေန သားျဖစ္သူ ဦးရဲမင္းပိုင္ (၂၅ ႏွစ္) ေငြေၾကးေတာင္းခံရာမွ သားအဖခ်င္းစကားမ်ားစဥ္ ဖခင္ျဖစ္သူက ဓားနဲ႔ခုတ္သတ္ခဲ့တာေၾကာင့္ ေနအိမ္ေရွ႕
လမ္းမေပၚမွာ ျပတ္ရွဒဏ္ရာမ်ားနဲ႔သားျဖစ္သူ ေသဆုံးခဲ့တာျဖစ္တယ္လို႔ ဇင္က်ိဳက္နယ္ေျမရဲစခန္းမွစုံစမ္းသိရွိရပါတယ္။

လူသတ္မႈနဲ႔ပတ္သက္၍ ဦးေအာင္ထိန္ကို ဇင္းက်ိဳက္နယ္ေျမ ရဲစခန္းမွာ(ပ) ၅၅ /၂၀၂၀ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ နဲ႔ ဖမ္းဆီး အမႈဖြင့္လွစ္ စစ္ေဆးေဆာင္႐ြက္ထားတယ္လို႔ အဆိုပါ ရဲစခန္းမွသိရပါတယ္။

ဓာတ္ပုံ-ရဲတပ္ဖြဲ႕

#voiceofmyanmar #VOM #မႈခင္းသတင္း #ဇင္းက်ိဳင္ #မြန္ျပည္နယ္

Related posts

Leave a Comment

VOM News

FREE
VIEW