ကမ္ဘာပေါ်မှာ လူ ၁၀ ဦးကို တစ်ဦးနှုန်း ကိုဗစ်-၁၉ ကူးစက်ခံရဖွယ်ရှိ

ကမ္ဘာပေါ်မှာ လူ ၁၀ ဦးကို တစ်ဦးနှုန်း ကိုဗစ်-၁၉ ကူးစက်ခံရဖွယ်ရှိ

ဂျီနီဗာ၊ အောက်တိုဘာ-၆-၂၀၂၀
မျိုးဆက်(VOM)

ကမ္ဘာပေါ်မှာ လူ ၁၀ ကို တစ်ဦးနှုန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖွယ်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အထူးအစည်းအဝေးတစ်ရပ်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီခန့်မှန်းချက်အရ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်ရှိ လူအများစုဟာ အန္တရာယ်ရှိနေဆဲ အခြေအနေဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ကပ်ရောဂါ ကူးစက်ခံရသူ ၃၅ သန်းကျော်ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ခန့်မှန်းချက်အရ လူဦးရေ သန်း ၈၀၀ နီးပါးအထိ ကူးစက်နိုင်ခြေရှိနေပါတယ်။

ရောဂါကူးစက်ခံရသူဦးရေဟာ လက်ရှိ အတည်ပြုအရေအတွက်ထက် ကျော်လွန်နေတယ်လို့ ကျွမ်းကျင်သူတွေက ယခင်ကတည်းက ထုတ်ဖော်ပြောကြားထားပါတယ်။

ရောဂါဖြစ်ပွားမှုမှာ ၁၀ လကြာမြင့်ပြီဖြစ်သော်လည်း အဆုံးသတ်မယ့် အရိပ်လက္ခဏာမရှိသေးပါဘူး။ အချို့နိုင်ငံတွေမှာ ကူးစက်မှုအရေအတွက် မြင့်မားနေသော်လည်း ကန့်သတ်ချက်တွေကို ဖြေလျော့ပေးတာတွေပြုလုပ်ပြီးနောက် ကပ်ရောဂါ ဒုတိယလှိုင်းဖြစ်ပွားနေပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဂျီနီဗာ #ကိုဗစ်

Zawgyi

ကမၻာေပၚမွာ လူ ၁၀ ဦးကို တစ္ဦးနႈန္း ကိုဗစ္-၁၉ ကူးစက္ခံရဖြယ္ရိွ

ဂ်ီနီဗာ၊ ေအာက္တိုဘာ-၆-၂၀၂၀
မ်ိဳးဆက္(VOM)

ကမၻာေပၚမွာ လူ ၁၀ ကို တစ္ဦးနႈန္း ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရဖြယ္ရိွတယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔က အထူးအစည္းအေ၀းတစ္ရပ္မွာ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဒီခန္႔မွန္္းခ်က္အရ ကိုဗစ္-၁၉ ကပ္ေရာဂါနဲ႔ ပတ္သက္ျပီး ကမၻာေပၚရိွ လူအမ်ားစုဟာ အႏၱရာယ္ရိွေနဆဲ အေျခအေနျဖစ္တယ္လို႔ ကမၻာ႕က်န္းမာေရးအဖြဲ႔ ထိပ္တန္းတာ၀န္ရိွသူတစ္ဦးကေျပာပါတယ္။

လက္ရိွမွာ ကမၻာတစ္၀န္း ကိုဗစ္-၁၉ကပ္ေရာဂါ ကူးစက္ခံရသူ ၃၅ သန္းေက်ာ္ရိွေနျပီး ကမၻာ႔က်န္းမာေရးအဖြဲ႔ရဲ႕ခန္႔မွန္းခ်က္အရ လူဦးေရ သန္း ၈၀၀ နီးပါးအထိ ကူးစက္နုိင္ေျခရိွေနပါတယ္။

ေရာဂါကူးစက္ခံရသူဦးေရဟာ လက္ရိွ အတည္ျပဳအေရအတြက္ထက္ ေက်ာ္လြန္ေနတယ္လို႔ ကြ်မ္းက်င္သူေတြက ယခင္ကတည္းက ထုတ္ေဖာ္ေျပာၾကားထားပါတယ္။

ေရာဂါျဖစ္ပြားမႈမွာ ၁၀ လၾကာျမင္႔ျပီျဖစ္ေသာ္လည္း အဆံုးသတ္မယ္႔ အရိပ္လကၡဏာမရိွေသးပါဘူး။ အခ်ိဳ႕နုိင္ငံေတြမွာ ကူးစက္မႈအေရအတြက္ ျမင္႔မားေနေသာ္လည္း ကန္႔သတ္ခ်က္ေတြကို ေျဖေလ်ာ႔ေပးတာေတြျပဳလုပ္ျပီးေနာက္ ကပ္ေရာဂါ ဒုတိယလိႈင္းျဖစ္ပြားေနပါတယ္။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဂ်ီနီဗာ #ကိုဗစ္

Related posts

Leave a Comment

VOM News

FREE
VIEW